မိခင်ပိုက်ဆံတွေကို အလစ်သုတ်ပြီး ကုမ္ပဏီထောင်ခဲ့ရာမှ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်လာခဲ့သူ

အန်ဒရူးမိုက်ကယ်ဆိုတဲ့ အင်္ဂလိပ်လူမျိုး နည်းပညာလုပ်ငန်းရှင်တစ်ဦးဟာ သူ့ရဲ့ ပေါင်သန်းရာချီတန်တဲ့ လုပ်ငန်းတွေ ဖြစ်လာခဲ့ပုံကို ဝေမျှလာပါတယ်။

အင်္ဂလန်နိုင်ငံ ချယ်လ်တန်နမ်မြို့လေးမှာ ကြီးပြင်းလာခဲ့တဲ့ အန်ဒရူးဟာ ၁၉၉၇ ခုနှစ် သူ ၁၇ နှစ်သားအရွယ်မှာ သူ့သူငယ်ချင်းနဲ့ ပေါင်းပြီး အီးမေးလ်နဲ့ ဝက်ဘ်ဆိုဒ်ဝန်ဆောင်မှု ကုမ္ပဏီကို စတည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုလုပ်ငန်းကို တိုးချဲ့ဖို့အတွက် အင်တာနက်လိုင်း ချိတ်ဖို့ လိုနေခဲ့ပါတယ်။ အင်တာနက်လိုင်းချိတ်ဖို့ ကြိုးတွေ သွယ်ဖို့ရာမှာလည်း အခကြေးငွေနဲ့ ချိတ်ရမှာဖြစ်နေခဲ့ပါတယ်။ ဒီအတွက် အန်ဒရူးဟာ သူ့မိခင်ရဲ့ ခရက်ဒစ်ကတ်ထဲကနေ ပေါင် ၃ သောင်း (မြန်မာငွေနဲ့ဆို သိန်း ၆၀၀ နီးပါး) ကို မိခင်မသိအောင် ခိုးယူခဲ့ပါတယ်။

Facebook

မိခင်ပိုက်ဆံကို ပြန်ရဖို့ ကံကို လောင်းကြေးထပ်လိုက်တဲ့ အန်ဒရူးကတော့ သူ့လုပ်ငန်း အဆင်ပြေဖို့သာ မျှော်လင့်နေခဲ့ပါတယ်။ ကံကောင်းစွာပဲ အဆင်ပြေခဲ့ပါတယ်။ “လကုန်တော့ ကျွန်တော်တို့ပေးတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့ ဖောက်သည်တွေ စရလာခဲ့ပါတယ်” လို့ အန်ဒရူးက ဘီဘီစီရုပ်သံလိုင်းရဲ့ အစီအစဉ်မှာ ဖြေခဲ့ပါတယ်။ သူ့မိခင်ကတော့ သူပိုက်ဆံ ခိုးယူခဲ့တာကို ခွင့်လွှတ်ခဲ့တယ်လို့လည်း ဆိုပါသေးတယ်။

READ
အရေပြားမှာ မြှုပ်ဝင်နေတယ်လို့ ထင်ရသယောင် ကြွရွတက်နေတဲ့ 3D တက်တူးများ

အန်ဒရူးဟာ ၁၉၉၀ မှ ၉၁ ခုနှစ်အထိ တစ်နှစ်ကို ပေါင် ၈၀၀၀ ကျော် လောက် သုံးရတဲ့ ပုဂ္ဂလိကကျောင်းမှာ တက်ခဲ့ပါတယ်။ တက္ကသိုလ်တော့ ဆက်မတက်တော့ဘဲ ၅ နှစ်လောက်အကြာမှာ လုပ်ငန်းတွေအတွက် အင်တာနက် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ Fasthosts ကို ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ထိုကုမ္ပဏီဟာ အင်္ဂလန်နိုင်ငံတွင်း ဒုတိယအကြီးဆုံး နည်းပညာကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

Facebook

၂၀၀၆ ခုနှစ်မှာတော့ Fasthosts ကို ပေါင် ၆၁.၅ သန်းနဲ့ ရောင်းခဲ့ပြီး ရှယ်ယာ ၇၅ ရာခိုင်နှုန်းပိုင်ရှင်ဖြစ်တဲ့ အန်ဒရူးက ပေါင် ၄၆ သန်းကို ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Livedrive ဆိုတဲ့ cloud storage ဝန်ဆောင်မှု ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ဥရောပမှာ အအောင်မြင်ဆုံး အွန်လိုင်းဒေတာသိမ်း ဝန်ဆောင်မှုကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Livedrive ကို ပေါင်သန်းပေါင်းများစွာနဲ့ ထပ်ရောင်းခဲ့ပါတယ်။ ထိုငွေအရင်းအနှီးတွေနဲ့ အန်ဒရူးတစ်ယောက် အခြားလုပ်ငန်းများစွာကို တည်ထောင်တိုးချဲ့နိုင်ခဲ့ပါတယ်။

READ
ပညာကိုတန်ဖိုးထားလွန်းလို့ခက်ခက်ခဲခဲနဲ့(၆)နှစ်တာကျော်ဖြတ်ပြီးမှ ဘွဲ့ယူနိုင်ခဲ့တဲ့အမျိုးသား
Andrew Fosker/PinPep

အန်ဒရူးက သူ့ရဲ့ စီးပွားရေးအမြင်ထက်မြက်မှုဟာ ဖခင်ဖြစ်သူဆီက အမွေရတာဖြစ်ကြောင်းဆိုပါတယ်။ ဆိုက်ပရက်စ်နိုင်ငံသား ဖခင်ဟာ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ များစွာ ဖွင့်ထားပြီး အန်ဒရူးငယ်စဉ်က သူ့ဖခင်နောက် လိုက်ကာ စီးပွားရေး ဆွေးနွေးမှုတွေကို လိုက်နားထောင်လေ့ရှိခဲ့ကြောင်း ဆိုပါတယ်။

အန်ဒရူး အခုနောက်ဆုံး အသစ်တည်ထောင်ထားတဲ့လုပ်ငန်းကတော့ Bark.com ဖြစ်ပါတယ်။ ထိုဝက်ဘ်ဆိုဒ်ကတော့ အင်္ဂလန်ပြည်တွင်းမှာ ရှိတဲ့ နယ်ပယ်ပေါင်းစုံက ကျွမ်းကျင်ပညာရှင်တွေကို ငှားရမ်းနိုင်ဖို့ ရှာပေးတဲ့ အေဂျင်စီဝက်ဘ်ဆိုဒ်ပါ။ ၂၀၀၇ ခုနှစ်ကစလို့လည်း အန်ဒရူးဟာ စီးပွားရေးအကြံပေးပညာရှင်အဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်လည်း ရှိပါတယ်။

Ref: Dailymail

SHARE