ပထမဆုံးသော အာရှနွယ်ဖွား အမေရိကန်သမ္မတ ဖြစ်လာနိုင်ချေရှိနေတဲ့ Andrew Yang

YouTube

Donald Trump အမေရိကန်သမ္မတအဖြစ် အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ် ပါတီအနေနဲ့ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲသို့ ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်ကို ရွေးချယ်နေပြီပဲဖြစ်ပါတယ်။

YouTube

ကနေဦးအနေနဲ့ စံကာတင် (၇) ယောက် ထွက်ပေါ်လာခဲ့ပြီး အဲဒီအထဲကမှ လူစိတ်ဝင်စားမှု အခံနေရဆုံးသော ပုဂ္ဂိုလ်ကတော့ Andrew Yang ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ Andrew Yang ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လူအများရဲ့စိတ်ဝင်စားခြင်းကို ခံနေရတာကတော့ အာရှနွယ်ဖွား ဖြစ်နေတဲ့အချက်ကြောင့်ပါ။

Andrew Yang ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမေရိကန်ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုတိုးတက်စေဖို့နဲ့ အလုပ်လိုချင်တဲ့နိုင်ငံသားတိုင်းကို အလုပ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ အသက် (၁၈) နှစ်မှ (၆၄) နှစ်အရွယ်အထိ အမေရိကန်နိုင်ငံသားတစ်ဦးရဲ့ တစ်လစာအခြေခံလစာကို ဒေါ်လာ (၁၀၀၀) အထိ တိုးမြှင့်ပေးမယ်လို့လည်း စဉ်စားထားတယ်ဆိုပြီးသိရပါတယ်။

YouTube

ဒီအစီအစဉ်ကို “Freedom Dividend” လို့ တင်စားထားပါတယ်။ Andrew Yang ဟာ အသက် (၄၄) နှစ်ရှိနေပြီဖြစ်ပြီး နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ လူနေမှုစနစ်မြှင့်တင်ရေးမှာတော့ တော်တော်လေးအမြင်ရှိတယ်ဆိုပြီး ချီးကျူးခံနေရပါတယ်။

READ
သင့်ကို ၀တ်ခိုင်းမယ်ဆိုရင် ဘယ်လိုမှ ၀တ်ချင်မှာမဟုတ်တဲ့ ပူဖောင်းဖက်ရှင်ဒီဇိုင်း
YouTube

ဖခင်ဟာ ထိုင်ဝမ်မှအမေရိကန်သို့ ပြောင်းရွှေ့လာကာနို င်ငံသားအဖြစ်ခံယူခဲ့သူတစ်ဦးဖြစ်ပြီး မိခင်ကတော့ တက္ကသိုလ်များရဲ့စနစ်နဲ့သက်ဆိုင်တဲ့ အုပ်ချုပ်သူတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ဘဝမှာ စာကြမ်းပိုးလိုပုံစံမျိုးနဲ့ ဖြတ်သန်းခဲ့ရပြီး Brown University မှ စီးပွားရေးဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ နောက်မှာတော့ Columbia ဥပဒေကျောင်းကို ထပ်တက်ခဲ့ပြီး ကိုအော်ပရိတ်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

Andrew Yang 2020

၂၀၀၁ ခုနှစ် မှာတော့ ပညာရေးအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ သက်ဆိုင်တဲ့ ကုသိုလ်ဖြစ်အဖွဲ့တစ်ခုကို ၂၀၀၁ ခုနှစ်မှာ ထူထောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ MMF Systems လို့ခေါ်တဲ့ ကျန်းမာရေးဆိုင်ရာ software နည်းပညာ ကုမ္ပဏီသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဖန် သူငယ်ချင်းဖြစ်သူ Zeke Vanderhoek တည်ထောင်ထားတဲ့ Manhattan Prep အမည်ရှိ ပညာရေးဆိုင်ရာထောက်ပံ့တဲ့ ကုမ္ပဏီသို့ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ Manhattan Prep မှာ ၂၀၀၉ ခုနှစ်၊ Kaplan မှ ထိုကုမ္ပဏီကိုမဝယ်ယူခင်အထိ CEO ရာထူးအဖြစ် တာဝန်ယူခဲ့ပါတယ်။

READ
ဝယ်သူစားမယ့် ပီဇာပေါ်မှာ မသတီစရာကောင်းစွာ ပြုမူခဲ့တဲ့ စားသောက်ဆိုင်ဝန်ထမ်း
VTA

နောက်မှာတော့ အမေရိကတစ်ခွင်လှည့်ပတ်သွားပြီး လူငယ်တွေအတွက် စီးပွားရေးမှာအထောက်အကူဖြစ်စေမယ့် project တစ်ခုကို စတင်ဖန်တီးခဲ့ပါတယ်။ American Venture project မှာ ကျောင်းပြီးခါစလူငယ်တွေ လုပ်ငန်းခွင်မှာ ကောင်းမွန်စွာဝင်နိုင်ဖို့အတွက် ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်မယ့် လူငယ်အတွေအတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေကို လေ့လာကာချပြခဲ့ပါတယ်။

Andrew Yang ဟာ Donald Trump ရွေးကောက်ပွဲနိုင်ကာ သမ္မတဖြစ်ခဲ့တာဟာလည်း အခုလိုမျိုးစီးပွားရေးအမြင်ရှိမှုတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ Andrew Yangာဟာ ဟာ လူ့စွမ်းအားအရင်းအမြစ်နဲ့ လူသားတွေကိုတန်ဖို့ထားသူမို့ သူသာသမ္မတဖြစ်ခဲ့မယ်ဆိုရင်တော့ နည်းပညာကုမ္ပဏီကြီးတွေမှ အခွန်တွေကို တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး ပြည်သူရဲ့ တစ်လအခြေခံဝင်ငွေ ဒေါ်လာ (၁,၀၀၀) ကို ပေးနိုင်အောင် ဆောာင်ရွက်သွားမယ်လို့ သိရပါတယ်။

Source: Next Shark, Independence

Penny

SHARE