ကလေးများအတွက် ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေမယ့် သင်ထောက်ကူ အန်းဒ ရွိုက်ဂိမ်းများ

AdriodGuys/Unsplash

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရေးအလုပ်ဟာ အလွန်ကို အရေးပါပါတယ်။ ကိုယ်ခန္ဓာကျန်းမာစေဖို့အတွက်သာမက သူ့ရဲ့ ဥာဏ်ရည်ဥာဏ်စွမ်း ဖွံ့ဖြိုးတိုးတက်လာဖို့အပါအဝင် အစစ အရာရာ အားလုံးကို ကလေးဘဝမှာပဲစတင်တဲ့အတွက်ကြောင့်လည်းပြုစုပျိုးထောင်ရေးကာလဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပါ။ အခုလို အချိန်မှာတော့ လူတိုင်းကိုယ်စီမိုလ်ဘိုင်းဖုန်းတစ်လုံးလည်း ရှိနေတဲ့ ခေတ်ကာလမို့လို့ ကလေးတွေအတွက် ဒီ မိုလ်ဖိုင်းဖုန်းထဲကနေ ပညာသင်ကြားပေးဖို့ လွယ်ကူလာခဲ့ပါတယ်။ ကလေးများအတွက် ဦးတည်ပြီး ရေးဆွဲထားတဲ့ အက်ပလီကေးရှင်းများစွာလည်း App Store တို့၊ Google PlayStore တို့မှာ ရှိနေပါတယ်။အဆိုပါထဲကမှ ကလေးများအတွက် အကောင်းဆုံးသင်ထောက်ကူဂိမ်းလေးတွကို ဖော်ပြပါရစေ။

ABC Kids

ABC Kids ကတော့ ကလေးများအတွက် A,B,C,D အက္ခရာသင်ကြားရေးအတွက် ရေးဆွဲထားတဲ့  ဂိမ်းဖြစ်ပါတယ်။ ဂိမ်းဆော့ကစားရင်းနဲ့ အတူ A,B,C,D တွေကို ဖတ်တတ်သွားမယ်။ တချို့စကားလုံးတွေကို နားလည်သွားမယ်။ နောက်ပြီး စာလုံးအကြီးအသေးလည်း ခွဲခြားတတ်သွားအောင် အဆင့်ဆင့် ဖြတ်သန်းသွားရတဲ့  ဂိမ်းတစ်ခုဖြစ်ပါတယ်။ အဆင့်တစ်ခုပြီးတိုင်း ပြီးတိုင်းလည်း ဂိမ်းထဲမှာ စတစ်ကာတွေလည်း ရရှိမှာဖြစ်ပြီး ကလေးများအတွက် အထောက်အကူဖြစ်စေမယ့် ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ အထူးသဖြင့် အက္ခရာတွေကို စတင်ရေးသားနေတဲ့ မူကြိုတက်နေတဲ့ ကလေးငယ်တွေနဲ့ ဒီဂိမ်းဟာ ကိုက်ညီပါတယ်။

Bubadu games

Bubadu ဆိုတာ App ရေးဆွဲသူတစ်ယောက်ရဲ့ နာမည်ဖြစ်ပါတယ်။ PlayStore မှာ သူတင်ထားတဲ့ App တွေဟာ ကလေးငယ်များအတွက်လွယ်ကူရိုးရှင်းတဲ့ ဂိမ်းတွေဖြစ်ပါတယ်။ရောင်စုံချစ်စရာတိရစ္ဆာန်လေးတွေရဲ့ ပုံရိပ်တွေနဲ့အတူ ဆော့ကစားရတဲ့ ဂိမ်းဖြစ်ပြီး သူတို့ကို နေ့စဉ် အဝတ်လဲရ၊ အစာကျွေးရ၊ ရေချိုးခိုင်းရ နဲ့ စေခိုင်းပြီး ဆော့ကစားရတဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ကလေးငယ်တွေ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိတွေကို ချစ်တတ်လာစေအောင် ရည်ရွယ်ပါတယ်လို့ သူက ဆိုပါတယ်။

READ
လမ်းလျှောက်ပုံကို ကြည့်ရုံနဲ့ မည်သူမည်ဝါခွဲခြားနိုင်သည့် နည်းပညာ တရုတ်မှာ တီထွင်
Duck Duck Moose games

Duck Duck Moose ဆိုတာကလည်း Bubadu လို ဂိမ်းရေးဆွဲသူတစ်ယောက်ဖြစ်ပါတယ်။ သူလည်း ကလေးငယ်များအတွက် ဆော့ကစားနိုင်မယ့် ဂိမ်းတွေကို ရေးဆွဲသူတစ်ယောက်ဖြစ်ပါတယ်။ PlayStore မှာ Duck Duck Moose  ဆိုပြီး ရိုက်ရှာလိုက်ရင် ကလေးများအတွက် ဂိမ်းတွေကို တွေ့ရမှာဖြစ်ပြီး ဂိမ်းဆော့ကစားရင်းနဲ့ အခြေခံသင်္ချာ၊ စာလုံးများပေါင်းခြင်း၊ အရောင်များ ရွေးချယ်ခြင်း၊ ပုံစံများ ရွေးချယ်ခြင်းတို့ကိုပါ ဂိမ်းကစားရင်း ဖြေရှင်းရမယ့် ဂိမ်းတွေဖြစ်ပါတယ်။

Endless Games

Originator ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဂိမ်းအက်ပလီကေးရှင်းတွေပါပဲ။ Endless Alphabet၊ Endless Reader၊ Endless Wordplay၊ Endless Number ဆိုပြီး ရှိပါတယ်။ သူကတော့ စာရေးစာဖတ်ခြင်းကို အထောက်အကူဖြစ်စေတဲ့ ဂိမ်းပါ။ မူကြိုတက်စအရွယ်လောက်အတွက် သင့်တော်တဲ့ ဂိမ်းတွေဖြစ်ပါတယ်။ စကားလုံးတွေကို ဆက်ရင်း၊ ဖွက်ထားတဲ့ အက္ခရာတွေကို ရှာဖွေရင်းနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မြင့်တက်သွားတဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။ Endless ဂိမ်းအများစုကတော့ PlayStore မှာ အခမဲ့လွယ်လွယ်ကူကူ ရရှိနိုင်ပြီး ပိုပြီး အခန်းများများပါတဲ့ ဂိမ်းကို လိုချင်ရင်တော့ ကန်ဒေါ်လာ ၃၀ နဲ့ ရောင်းချထားပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီလိုအခန်းတွေထပ်တိုးဖို့မလိုအပ်ပါဘူး။ သူ့ထဲမှာပါတဲ့ ဂိမ်းတွေ တစ်ခုပြီးတစ်ခု ပြောင်းဆော့စေတာနဲ့တင် ပြီးပြည့်စုံပါတယ်။

READ
ပါစတာခေါက်ဆွဲခြောက်တွေကို သုံးပြီး ကွန်ပြူတာတည်ဆောက်ပြသွားတဲ့ ဉာဏ်ကြီးရှင်
Khan Academy Kids

နာမည်ကျော်ပညာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Khan အကယ်ဒမီက ကလေးများအတွက် ထုတ်လုပ်ထားတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ Game Application ကို Khan အကယ်ဒမီက အခမဲ့ထုတ်လုပ်ထားခြင်းလည်းဖြစ်ပြီး ကြော်ငြာတွေ ဝင်လာတာတွေ၊ ငွေပေးချေခိုင်းပြီးမှဆက်ဆော့ခိုင်းတာတွေ မပါဝင်လုံး လုံးဝကို ကလေးများအတွက် သင်ထောက်ကူ ဂိမ်းအက်ပလီကေးရှင်းတစ်ခုပါ။ စာဖတ်ခြင်း၊ အရောင်ရွေးခိုင်းခြင်း၊ ဘာသာစကားသင်ပေးခြင်း၊ တွေးခေါ်တတ်အောင်သင်ပေးခြင်းနဲ့ ခံစားချက်တွေကိုပါ သင်ပေးခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးဆွဲထားတဲ့ ဂိမ်းဖြစ်တာကြောင့်လည်း ကလေးများအတွက် လုံးဝကို အကောင်းဆုံးဖြစ်စေမယ့် သင်ထောက်ကူဂိမ်းလည်း ဖြစ်ပါတယ်။

Ye Yint Kyaw

SHARE