စာလုံး(၃)လုံးတည်းပါတဲ့သီချင်းနဲ့ AGT ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်သွားတဲ့သူ

Youtube

American Got Talent 2019 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သူတစ်ဦးဖြစ်တဲ့ အန်ဒီ ရိုဝဲလ် ဆိုတဲ့ အမျိုးသားကတော့ တကယ့်ကို အံ့သြဖို့ကောင်းတဲ့သူပါပဲ။ သူက American Got Talent လို လုံးဝကို ပါရမီရှင်တွေ လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲမျိုးမှာ စကားလုံး (၃) လုံးတည်းပါတဲ့ သီချင်းတစ်ပုဒ်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပြီးတော့ သူက အဲဒီသီချင်းကို ကာရာအိုကေ သီချင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး AGT ပြိုင်ပွဲရဲ့  ဒိုင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဆိုင်မွန် က ကာရာအိုကေ ဆိုပြီး ပြိုင်တဲ့သူတွေကို နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးပေးလေ့မရှိသူမှ အားလုံးက အန်ဒီတစ်ယောက် ဖြစ်မှ ဖြစ်ပါ့မလားဆိုပြီး စိတ်ပူခဲ့ကြတယ်။

အန်ဒီ ယှဉ်ပြိုင်တဲ့ သီချင်းက Tequila ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းက (၁၉၅၈)ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အမေရိကန် ရော့ခ်အန်ရိုးလ် တီးဝိုင်းအဖွဲ့တစ်ခုဖြစ်တဲ့ The Champs က သီဆိုခဲ့တာပါ။ သီဆိုခဲ့တယ်လို့ပြောတာထက် တီးမှုတ်ခဲ့တယ်လို့ပြောတာ ပိုပြီးတော့တောင် မှန်မလားပဲ။ ဘာကြောင့်လဲဆိုတော့ (၂)မိနစ်နဲ့(၃၂)စက္ကန့်ကြာတဲ့ အဲဒီသီချင်းမှာ စာသားအဖြစ် စာလုံး (၃)လုံးပဲ ပါပြီး အဲဒီစာလုံးတွေကိုလည်း တစ်ကြိမ်စီပဲ သီဆိုခဲ့တာကြောင့်ပါပဲ။

READ
ဖြတ်ထိုးဥာဏ်ကောင်းလွန်းလို့ နာဆာမှာတောင် အလုပ်ဝင်သင့်တဲ့ ဥာဏ်ကြီးရှင်လေးများ
Youtube

တီးလုံးတစ်ကျော့အဆုံးတိုင်းမှာ “Tequila” ဆိုတဲ့ စာသားကို သီဆိုပြီး (၃)ကျော့မြောက်မှာတော့ သီချင်းကို အဆုံးသတ်သွားခဲ့တဲ့ The Champs ရဲ့ ဖန်တီးမှုက အဲဒီခေတ်ကတည်းက ဒီနေ့အချိန်အထိ လူသိများပြီး ကျော်ကြားနေခဲ့တာပါ။

အန်ဒီတစ်ယောက် စင်ပေါ်ရောက်လို့ အကဲဖြတ်ဒိုင်တွေနဲ့ မေးခွန်းတွေ ဖြေဆိုနေစဉ်မှာပဲ သူဆိုမယ့်သီချင်းက  ကာရာအိုကေ လို့ပြောလိုက်တာကြောင့် ဆိုင်မွန်တစ်ယောက်ကတော့ မျက်နှာ ရှုံ့မဲ့လို့သွားခဲ့ပါတယ်။

အဲဒီနောက် သီချင်းကို စတင်ဖွင့်လိုက်ချိန်မှာတော့ ဘာမှမဆိုပဲ ဘေးကနေ မိုက်ခရိုဖုန်းကို ကိုင်လို့ရပ်နေတဲ့ အန်ဒီကို ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ အန်ဒီ ဆိုဖို့ကြိုးစားနေတာဟာ ဘယ်လိုသီချင်းလဲလို့  သူတို့ သိသွားပါတော့တယ်။

Youtube

အဲဒီမှာ အားလုံး ပွဲကျကုန်ကြတော့တာပါပဲ။ ပရိသတ်တွေက နေရာကထပြီး ကတဲ့သူက က၊ “Tequila” ဆိုတဲ့နေရာရောက်မှာ အားလုံး တညီတညွတ်တည်းလိုက်ဆို နဲ့ လုံးဝကို ပျော်စရာကြီးဖြစ်သွားခဲ့ပြီး နောက်ဆုံးမှာ ဒိုင်(၄)ယောက်လုံးက အန်ဒီကို နောက်တစ်ဆင့်အတွက် ခေါ်သွားဖို့ ရွေးချယ်ခဲ့တာပါ။

READ
ဘ၀အမှန်တရားတွေကို ချစ်စရာကောင်းတဲ့ ရုပ်ပုံတွေအဖြစ် တွေ့ရတဲ့အခါ

သူတို့ပြောခဲ့တာကတော့ ပြိုင်ပွဲဝင်တွေဟာ သီချင်းဆိုကောင်းဖို့တင်မဟုတ်ဘူး၊ သီချင်းရွေးတာလည်း မှန်ဖို့လိုပါသတဲ့ဗျာ….။

Linn

Source : Youtube , Wiki

SHARE