လေဆန်ကကြိုး အထူးပွဲမှာ တွေ့ရတဲ့ ဒေါင်းနဲ့ အိန်ဂျယ်လမုန်

လေဆန်ကကြိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မေလ(၉)ရက်နေ့ကစပြီး ရုံတင်ပြသတော့ မှာပါ။အထူးပြသပွဲ -(Red Car pet Show) ကိုတော့ မေလ(၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲကိုတော့ လေဆန်ကကြိုး ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ အပြင် တခြားဖိတ်ကြားထားတဲ့ အနုပညာရှင်တွေ အများကြီး တက်ေ ရာက် ခဲ့ပါတယ်။လေဆန်ကကြိုး Red Carpet Show ပွဲကို တက်ရောက်ခဲ့တဲ့ ပုံလေးတွေ ကိုတော့ အိန်ဂျယ်လမုန် က သူမရဲ့ အကောင့်မှာ ဖော်ပြထားတာပါ။

https://www.facebook.com/100008069592574/videos/2385968415015455/

https://www.facebook.com/100008069592574/videos/2385965471682416/

“ဘဝရဲ့မှတ်တိုင်တခု လေဆန်ကကြိုး
ယုံကြည်ပီး လက်တွဲခေါ် သင်ပြပေးခဲ့ကြတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်.. အမြဲခွန်အားပေးတဲ့ချစ်ရတဲ့ WINGS လေးတွေအတွက်လဲဒီထက် အများကြီးကြိုးစားသွားပါဦးမယ်ရှင့်….……….” ဆိုပြီး အိန်ဂျယ်လမုန်က သူမရဲ့ အကောင့်မှာ တင်ထားပါတယ်။

လေဆန်ကကြိုး ဇာတ်ကားကိုတော့ ဒါရိုက်တာ မျိုးမြင့်ဆွေ က ရိုက်ကူးပုံဖော်ထားပါတယ်။ဒီကားမှာတော့ ရန်အောင် ၊ဒေါင်း၊ဇင်ဝိုင်း၊အောင်လေး၊Leo၊အိန်ဂျယ်လမုန်၊အဲလ်စ်အုန်း တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

READ
ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ သွင်ပြင်နဲ့ပွဲတက်လာခဲ့တဲ့ ယွန်းဝတီလွင်မိုး

   

Source အိန်ဂျယ်လမုန်

SHARE