Forbes Asiaရဲ့ ပရဟိတသူရဲကောင်းစာရင်းထဲ ပါဝင်ခဲ့တဲ့ ဖိလစ်ပိုင်မင်းသမီး Angel Locsin

Instagram/AngelLocsin

ဖိလစ်ပိုင်မင်းသမီး Angel Locsinဟာ Forbes Asiaက ဖော်ပြတဲ့ ပရဟိတသူရဲကောင်း စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ပရဟိတမင်းသမီးလို့ ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းလူသိများတဲ့ Angel Locsinဟာ သူမအခုလို Forbes Asiaရဲ့ ပရဟိတသူရဲကောင်းစာရင်းမှာ ပါဝင်ကြောင်းဖော်ပြထားတဲ့  Forbes Asiaရဲ့ တွစ်တာပို့ကို ပြန် share ပြီး အခုလိုပြောပြခဲ့ပါတယ်။

 

“ကျွန်မနာမည်ကို အခုလို ဒီစာရင်းမှာ ဖော်ပြလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုပါဝင်လာတဲ့အပေါ် ၀မ်းသာတယ်ဆိုပေမယ့်၊ ကျွန်မလည်းအရမ်းချမ်းသာတဲ့ ဘီလျီယံနာ တစ်ယောက်တော့မဟုတ်ပါဘူး ဒါပေမယ့် ဘ၀တစ်လျှောက် ကိုယ်တတ်နိုင်သလောက်အကောင်းဆုံး ကြိုးစားလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။ ပရဟိတအလုပ်တွေကို ဆက်လုပ်သွားမှာဖြစ်ပြီး တခြားသူတွေလည်း ပါဝင်လာဖို့ မျှော်လင့်ပါတယ် “လို့ ဆိုထားပါတယ်။

Forbes Asiaရဲ့ စာရင်းအရ Locsin ဟာ အောက်တိုဘာလက Mindanao မှာ လှုပ်ခတ်သွားတဲ့အင်အားပြင်း ငလျင်တွေအတွင်း ထိခိုက်ခဲ့တဲ့ ဒေသခံတွေကို ကူညီထောက်ပံ့ပစ္စည်းတွေနဲ့ ဖိလစ်ပိုင်ငွေ(၁)သန်းကျော် လှူဒါန်းခဲ့ပါတယ်။

(၂၀၁၇)ခုနှစ်က အစ္စလာမစ်သူပုန်တွေနဲ့ ဖိလစ်ပိုင်စစ်တပ်အကြား မော်ရ၀ီမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒေသခံတွေအတွက် Locsin ဟာ ဖိလစ်ပိုင်နိုင်ငံရှိ Rural Missionaries ပရဟိတအဖွဲ့နဲ့ပူးပေါင်းပြီးတော့ ကျောင်းအထောက်အပံ့ပစ္စည်းတွေ၊ အစားအစာတွေ လှူဒါန်းခဲ့ပါတယ်။

READ
ပရိတ်သတ်တွေ Photoshop ပြီးပုံဖော်ခဲ့ကြတဲ့ Rain နဲ့ Kim Tae Hee ရဲ့ရင်သွေးလေး

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလည်း အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက်ထောက်ခံပေးခဲ့သလို ထူးချွန်ကျောင်းသားတွေအတွက် ပညာရေးအထောက်အပံ့အဖြစ် ဖိလစ်ပိုင်ငွေ(၁၅)သန်းလှူဒါန်းခဲ့ပါတယ်။

 

 

View this post on Instagram

 

amber is the color of your energy 🎶

A post shared by Angel Locsin (@therealangellocsin) on

(၂၀၀၉)ခှုနှစ်က Ondoyမုန်တိုင်ုး၊ (၂၀၁၂)ခုနှစ်မှာ Habagat  တိုင်ဖွန်းမုန်တိုင်းနဲ့(၂၀၁၃)ခုနှစ်ကHaiyan မုန်တိုင်းတွေအတွင်း ရေဘေးသင့်အိမ်ထောင်စု(၅၀၀)ကျော်ကိုလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့သူဖြစ်ပါတယ်။

Forbes ရဲ့ ပရဟိတသူရဲကောင်းစာရင်းမှာ Locsin အပြင် နောက်ထပ် ဖိလစ်ပိုင်လူမျိုးတစ်ဦးဖြစ်တဲ့ ဘဏ်လုပ်ငန်းရှင် Henry Sy Srရဲ့သားဖြစ်သူ Hans Syဆိုသူလည်း ပါဝင်တယ်လို့သိရပါတယ်။

Khaing Sandar

SHARE