Chadwick Boseman နေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူးလို့ဆိုတဲ့ Angela Bassett

instagram/im.angelabassett

အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Angela Basett ဟာ Black Panther ဇာတ်ကောင်အတွက် Chadwick Boseman ရဲ့နေရာမှာ အနုပညာရှင်သစ်တစ်ဦးပဲဖြစ်ဖြစ် ၊ ဒီဂျစ်တယ်နည်းနဲ့ပြန်လည်ဖန်တီးတာပဲဖြစ်ဖြစ် အစားထိုးဖို့မလုပ်ဘူးဆိုတဲ့ Marvel Studio ရဲ့ဆုံးဖြတ်ချက်ကို ချီးမွမ်းခဲ့ပါတယ်။ အကြောင်းရင်းကတော့ Angela က ကွယ်လွန်သွားတဲ့သရုပ်ဆောင် Chadwick နေရာမှာ ဘယ်သူမှအစားမထိုးနိုင်ဘူးလို့ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Chadwick Boseman (@chadwickboseman)

Chadwick ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အသက် ၄၃ နှစ်အရွယ်မှာပဲ အူမကြီးကင်ဆာနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ Wakanda ဘုရင် T’Challa Black Panther အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ Angela ကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Black Panther ထဲ Chadwick ရဲ့ မိခင် Ramonda အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

READ
မြန်မာဆန်စွာနဲ့လည်း ဆွဲဆောင်မှုရှိရှိ လှလို့ရတယ်ဆိုတာ ပြသလိုက်တဲ့ သွန်းဆက်

နိုဝင်ဘာလမှာတော့ Marvel Studio ရဲ့ Victoria Alonso က စတူဒီယိုအနေနဲ့ Chadwick ကို ဒီဂျစ်တယ်နည်းအားဖြင့် ပြန်လည်ဖန်တီးမှာမဟုတ်ကြောင်း အတည်ပြုခဲ့တာပါ။ ပြီးခဲ့တဲ့လကတော့ Disney က နောက်ဆက်တွဲဇာတ်လမ်းတွေထဲမှာ ကွယ်လွန်သူသရုပ်ဆောင်ရဲ့ ဇာတ်ကောင်နေရာကို ပြန်လည်ဖန်တီးဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Angela Bassett (@im.angelabassett)

အသက် ၆၂နှစ်ရှိဖြစ်တဲ့ Angela ကတော့ အဖွဲ့အတွက်၊ ပရိသတ်တွေအတွက် Marvel Studios ရဲ့ အကြီးအကဲ Kevin Feige နဲ့ ဒါရိုက်တာ Ryan Coogler တို့က ဘာတွေစီစဉ်ထားလဲဆိုတာ စောင့်မျှော်နေတယ်လို့လည်း ဆိုပါတယ်။ Angela က Boseman အပေါ် ပရိသတ်တွေထားတဲ့အချစ်ဟာ ပုံတူမကူးနိုင်ကြောင်းလည်း ပြောခဲ့တာကို indianexpress သတင်းအရ သိရပါတယ်။

READ
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို "မှော်ဝင်သမန်းကျား"ရုပ်ရှင်နဲ့ ရရှိသွားခဲ့တဲ့ သူထူးစံ

ShweMom

SHARE