တရုတ် ကိုယ်စားပြု မင်းသမီးဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူးလို့ Angelababy အပြောခံနေရ

ဧပြီလအတွက် အမေရိကန်ရဲ့ Vogue မဂ္ဂဇင်းမှာတော့  နိုင်ငံပေါင်း (၁၄) နိုင်ငံက ကျော်ကြားတဲ့ အနုပညာရှင် အမျိုး သမီး (၁၄)ဦးကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။တကယ့်ကို နိုင်ငံကိုယ်စားပြု ဒိတ်ဒိတ်ကြဲ မင်းသမီးတွေကိုပဲ ထည့် သွင်း ရိုက်ကူးခဲ့တာပါ။Scarlett Johansson နဲ့  Deepika Padukone တို့လို ကမ္ဘာကျော်ဒိတ်ဒိတ်ကြဲ တွေ နဲ့ အတူ ယှဉ် တွဲပြီး ပါဝင်လာတဲ့ သူကတော့ တရုတ်မင်းသမီး Angelababy ပါ။တရုတ်က Angelababy ကို ထည့်သွင်း ရို က်ကူးတာနဲ့ပတ်သက်ပြီး အခုဆိုရင်တော့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံ(၁၄) နိုင်ငံ က မင်းသမီး (၁၄) ယောက်ကို ရိုက်ကူးတဲ့နေရာမှာ သူမက ဘာကြောင့် တရုတ်ကိုယ်စားပြု မင်းသမီး အဖြစ် ပါဝင် နေရတာလဲ၊သူမက ကမ္ဘာအဆင့်ထိတိုးပေါက်တဲ့ သူလားဆိုပြီး ဝေဖန်ပြောဆိုနေကြတာပါ။

Angelababy’s IG
Angelababy’s IG
Angelababy’s IG

Angelababy ကတော့ မော်ဒယ်၊မင်းသမီး၊အဆိုတော်ပါ။အသက်(၃၀)ရှိနေပါပြီ။နာမည်ကတော့ သူမရဲ့ အင်္ဂလိပ် နာမည် Angela နဲ့ သူမရဲ့ Nickname Baby တို့ကို ပေါင်းထားပါတယ်။သူမဟာ တရုတ်ကို ကိုယ်စားပြု သင့် တဲ့ မင်းသမီးတစ်ယောက်လို့ Weibo အသုံးပြုသူတွေကတော့ လုံးဝမထင်တဲ့ ပုံပါ။အွန်လိုင်းပေါ်မှာ နာမည်ကြီးတဲ့ Star တစ်ယောက်ဆိုတာတော့ မှန်ပေမယ့် သူမဟာ ရုပ်ရှင်ကားတွေ၊ဇာတ်ကားတွေမှာတော့ အရမ်းကြီးထူးချွန် ပြောင် မြော က်တဲ့ အစွမ်းကို ပြနိုင်တဲ့ သူမျိုးမဟုတ်ဘူးဆိုပြီး ဝေဖန်ခံနေရတာပါ။ရုပ်ရှင်ကားတွေ၊ဒရမ်မာကားတွေ အများ ကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမယ့်လည်း ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်မျိုးမရှိခဲ့သလို အဲ့ဒါတွေ ကြောင့် နာမည် ကြီးခဲ့ တာမဟုတ်ပါဘူး။သူမကို နာမည်ကြီးစေခဲ့တာကတော့ Keep Running ဆိုတဲ့ တရုတ် TV Show ကြောင့်ပါ။

READ
အိန္ဒိယရွာတစ်ရွာကို တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေတဲ့ Nicki Minaj
Angelababy’s IG
Angelababy’s IG
Angelababy’s IG

သူမရဲ့ ခင်ပွန်းကHuang Xiaoming  ပါ။ ဇနီးဖြစ်သူရဲ့ သရုပ်ဆောင် အရည်အချင်းကို တချို့သော တိုးတက်မှုတွေ မှာ သုံးလို့ရတယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။တရုတ်  ‘Kim Kardashian ဆိုပြီး Vogue က ဖော်ပြခဲ့တာပါ ။Angela baby ကတော့ IG မှာ Followers (7)သန်းနဲ့ Weibo မှာတော့ (၉၈)သန်း တောင်ရှိပါတယ်။သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အသိအမှတ်ပြုမခံရပေမယ့် သူမရဲ့ မော်ဒယ်နဲ့ ဖက်ရှင်ပိုင်းကိုတော့ Fan တွေ က အသိအမှတ်ပြု ခဲ့ ကြပါ တယ်။ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ ဧပြီလထုတ် အမေရိကန်ရဲ့ Vogue မှာ သူမကို ထည့်သွင်းမယ့် အစား Fan Bingbing၊Tang Wei၊Sun Li  တို့ကို ထည့်ပါလားဆိုပြီး ဝေဖန်ပြောဆိုနေကြပါတယ်။

READ
နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ
Angelababy’s IG
Angelababy’s IG

Source asiaone

SHARE