ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ အတွက် ဒေါ်လာတစ်သန်းလှူဒါန်းလိုက်တဲ့ ဂျိုလီ

Image:twitter/@ShahrazadKablan

ဟောလိဝုဒ်ရဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီး Angelina Jolie ကတော့ တကယ့်ကို မွန်မြတ် တဲ့ အလှူ လေးတစ်ခု လုပ်ခဲ့ပါတယ်။လူမှု ရေးလုပ်ငန်းတွေ မှာ ငွေအား၊လူအားနဲ့ အမြဲ ပါဝင် အားဖြည့်ပေးတတ်တဲ့ သူမဟာ အခုတစ်ခါ မှာတော့ နွမ်းပါးတဲ့ က လေး ငယ်တွေ အတွက် အမေရိကန်ဒေါ်လာ တစ်သန်းလှူ လိုပါတယ်။ကမ္ဘာ တစ်ဝန်းကို ခြိမ်းခြောက် နေတဲ့ COVID 19 ကြောင့် ကျောင်းတွေ ပိတ် ခဲ့ရပါတယ်။အဲ့ဒီလို ပိတ်လိုက်ရတဲ့ အတွက်  ကျောင်း ကနေ ကျွေးတဲ့ နေ့လယ်စာ အစီအစဉ် ကို မရ နိုင်ဖြစ်ခဲ့ရတဲ့ ကလေးတွေ အတွက် သူမက လှူခဲ့တာပါ။

Image:twitter/HQ

ဒေါ်လာတစ်သန်းကိုတော့ No Kd Hungry ဆိုတဲ့ အဖွဲ့အစည်းကို လှူဒါန်း သွားမှာပါ။ အဲ့ဒီ အဖွဲ့ ကတော့ ဒေါ်လာ နှစ်သန်းကို ပြည်နယ် (၃၀) မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုက ကလေးင်ာတွေ ကို ထောက်ပံ့ ပေးသွားမှာပါ။ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ ကလေး တစ်ဘီလီယံ ကျော်ဟာ coronavirus ရဲ့ နောက်ဆက်တွဲ ကြောင့် ကျောင်းတက်ရောက်နို င်ခြင်းမရှိဘူး လို့ ဂျိုလီ က ပြောပါတယ်။နွမ်းပါးတဲ့ ကလေးတွေ က အာဟာရ  အတွက် ကျောင်းတတ်ချိန် မှာ ကျွေး တဲ့ နေ့လည်စာကို မှီခို နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေ ရိက မှာရှိတဲ့ လေး (၂၂) သန်း နီး ပါးဟာ စားနပ် ရိက္ခာ ထောက်ပံ့မှု တွေ အပေါ် မှီခို နေရတာဖြစ် ကြောင်း၊Kid Hungry  က ဒီလို အခက်အခဲ ကြုံ နေရတဲ့ ကလေးတွေ ကို တက်နိုင်သမျှ ကူညီ ပေး နေတယ်လို့ ဆိုပါတယ်။

READ
မြန်မာဝတ်စုံလေးတွေနဲ့ အလှကြီးလှနေတဲ့ ဘေဘီမောင်
Image:twitter/@ShahrazadKablan

Angelina Jolie ကတော့ UN နဲ့လည်း လက်တွဲ ပြီး အလုပ်တွေ လုပ်ကိုင်နေသူပါ။(၂၀၀၆)တုန်းက သူမရဲ့ ခင်ပွန်း ဟောင်း နဲ့ အတူ  သူတို့ကိုယ်ပိုင် လူမှု ရေး အဖွဲ့အစည်းတစ်ခုကို ထူထောင် ခဲ့ပါတယ်။သူတို့ မွေးစားထားတဲ့ အဲ့ဒီအဖွဲ့ အစည်းကတော့ Maddox ရဲ့ ဇာတိမြေ ကမ္ဘောဒီးယားမှာ အဓိက ထားပြီး  လူမှုရေးလုပ်ငန်းတွေ ကို လုပ်တဲ့ အဖွဲ့ ပါ။ကမ္ဘောဒီးယားမှာ ကျောင်း (၁၀) ကျောင်းကို ဖွင့်ထားပါတယ်။ဂျိုလီ ကတော့ အာဖဂန် နစ္စတန် နဲ့ ကင်ညာ တို့ မှာ အမျိုးသမီးတွေ အတွက် ရန်ပုံငွေ ကျောင်းတွေ ဖွင့်ထားပေးပါတယ်။ဂျိုလီဟာ (၂၀၁၂) မှာ တော့ ဒုက္ခသည် အတွက် United Nations High Commissioner အ ဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

READ
သင်​မသိ​သေးတဲ့ Lee Sung Kyung ရဲ့ အ​ကြောင်း
Image:twitter/ELLE

Source:Dailymail

SHARE