Harper’s Bazaar အတွက် ဗလာကျင်းဓါတ်ပုံ ရိုက်ကူးခဲ့တဲ့ Angelina Jolie

Image:twitter/@harpersbazaarus/JoilePH

ဟောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသမီးချောAngelina Jolie ကတော့ ဒီဇင်ဘာလထုတ်  Harper’s Bazaar မဂ္ဂဇင်း အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။အသက် (၄၄)နှစ်ရှိနေတဲ့  အော်စကာမင်းသမီး ဂျိုလီ ကတော့ ဗလာကျင်း ပုံ တွေ ရိုက်ကူးပေးခဲ့တာပါ။ဓါတ်ပုံဆရာကတော့ Sølve Sundsbø ဖြစ်ပြီး အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဂျိုလီရဲ့ နုပျို လှပမှုတွေကို ပုံတွေ မှာ တွေ့ရမှာပါ။မဂ္ဂဇင်း အတွက် ပုံတွေ လည်း ရိုက်ပေးခဲ့သလို အင်တာဗျူး လည်း ဖြေပေးခဲ့ပါတယ်။အင်တာဗျူးထဲမှာတော့ သူမဟာ အထက်တန်းကျောင်းတုန်းက နာမည်ကြီး Popular ဖြစ်တဲ့ မိန်း ကလေးတစ်ယောက် မဟုတ်တဲ့ အကြောင်း၊စိတ်ခံစားချက်ဒဏ်ရာတွေအကြောင်း၊သူမနဲ့ Brad Pitt အကြောင်းတွေကို ရင်ဖွင့် ခဲ့ပါတယ်။

Image:twitter/@harpersbazaarus
Image:twitter/@harpersbazaarus

သူမဟာ ပြည်ပမှာ ထွက်ပြီး နေချင်ပေမယ့်လည်း Brad Pitt က ခွင့်မပြု ပဲ ၊ကလေးတွေ (၁၈)နှစ်ပြည့်မှ နေပါ လို့ ပြောတဲ့ အတွက် ကြောင့် မနေ ခဲ့ရတာလို့ ဆိုပါတယ်။အမေရိကန် ထက် တခြားနေရာမှာ နေရာတာကို ပို ကြိုက်တာလားလို့ မေးတဲ့ အခါမှာတော့ ” ပြည်ပ မှ နေရတာကို ကျမ ကြိုက်တယ်။ကလေးတွေ မြန်မြန် (၁၈)နှစ် ပြည့်စေချင်ပြီ။အခုတော့ သူတို့ အဖေ နေစေချင်တဲ့ နေရာမှာ ကျမ နေနေ တယ်..” လို့ ပြောခဲ့ပါတယ်။သူမဟာ Pitt နဲ့ (၂၀၁၆) တည်းက လမ်းခွဲခဲ့တာပါ။သူမတို့ ကွာရှင်းတဲ့ ကိစ္စကတော့ ငွေရေးကြေးရေး အရှုပ်အရှင်းတွေ ကြောင့် အခုထိ မပြီးပြတ်သေးပါဘူး။ဥပဒေအရတော့ တရားဝင် မကွာရှင်းရသေးပါဘူး။သူတို့နှစ်ယောက်မှာတော့ သားရင်းသမီးရင်း (၃)ယောက်ရှိပါတယ်။Shiloh, Vivienne နဲ့  Knox ပါ။မွေးစားထားတဲ့ (၃)ယောက်ကတော့ Maddox, Pax ၊ Zahara ပါ။Maddox က တော့ အသက် (၁၈)နှစ်ကျော်နေပြီး လက်ရှိမှာတော့ ကိုရီးယားမှာ ကျောင်းတတ်နေပါတယ်။

Image:twitter/@harpersbazaarus

သူမရဲ့ ခွဲစိတ်မှုတွေ အကြောင်းကိုလဲ ဂျိုလီက ပြောခဲ့ပါတယ်။ရင်သားနှစ်ဖက်လုံးနဲ့ သားအိမ် ပါ ထုတ်ထား ရတဲ့ သူမရဲ့ ခွဲစိတ်မှုတွေ အကြောင်းမေးတဲ့ အခါမှာတော့..” ကျမရဲ့ ခန္ဓာကိုယ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ အများကြီး ပြောင်းလဲသွားတယ်။အထူးသဖြင့် ပြီးခဲ့တဲ့ လေးနှစ်က ပေါ့။ကျမမှာ မြင်ရတဲ့ အမာရွတ် တွေရော မမြင်နိုင်တဲ့ အမာရွတ် တွေပါ ရှိတယ်…” ဆိုပြီး ပြောခဲ့ပါတယ်။သူမဆိုလိုတာကတော့ မြင်ရတဲ့ အမာရွတ်နဲ့ မမြင်နိုင်တဲ့ ရင်ထဲက ဒဏ်ရာ အမာရွတ်တွေကို ပြောချင်တာပါ။

READ
ခပ်စိမ်းစိမ်းလေး ညို့ယူဖမ်းစားလိုက်တဲ့ မော်ဒယ်မလေး နွယ်နွယ်ထွန်း
Image:twitter/@harpersbazaarus

Pitt နဲ့ သူမ လမ်းခွဲ ခဲ့တာကို ရည်ရွယ် ပြောချင်ပုံရပါတယ်။” မမြင်နို်င်တဲ့ ဒဏ်ရာအမာရွတ်တွေကို ကျတော့ အနိုင်ယူဖို့ ခက်တယ်။ဘ၀ဆိုတာ အလှည့်အပြောင်း အချိုးအကွေ့ တွေ အရမ်းများတယ်။တခါ တလေ ကျတော့ ဒဏ်ရာတွေ ရခဲ့ရင်တော့ နာကျင်မှုတွေကို ကိုယ်တိုင်က ချစ်မြတ်နိုးနေမိတာမျိုး။ဒဏ်ရာ တွေကို ချစ်နေမိတော့ ဒီဒဏ်ရာတွေကနေ မလွတ်မြောက်နိုင်တော့ဘူး။ကိုယ့်စိတ်ဆန္ဒာကို ကိုယ်တိုင် မဖွင့်နိုင်တော့တာမျိုး။ဒါက သစ်ချင်သစ်မယ် ဟောင်းချင်ဟောင်းမယ် ဒါပေမယ့် ကျမ ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ် စီးနေတာကိုတော့ ကျမ ခံစားလို့ရတယ်…” ဆိုပြီး ပြောခဲ့ပါတယ်။

Source:Dailymail

SHARE