Brad Pitt ကို ပြန်လိုချင်နေတဲ့ Angelina Jolie

Angelina Jolie ကတော့ သူမရဲ့ ခင်ပွန်းဟောင်း Brad Pitt ကို ပြန်လိုချင်နေတယ်လို့ သိရပါတ ယ်။သူတို့နှစ်ေ ယာက်ရဲ့ ကွာရှင်းတဲ့ ကိစ္စကတော့ နှစ်နှစ်ခွဲ လောက် ကြာနေကာ အခုထိ မပြီးပြတ်နို င်သေးပါဘူး။ကွာရှင်းခွင့်ကိုတော့ ဂျိုလီဘက်ကနေ အရင်တင်ခဲ့တာပါ။အခုတော့ သူမရဲ့ စိတ်ကူး တွေက ပြောင်းလဲနေပြီလို့  The Sun ကနေ ဖော်ပြခဲ့ ပါတယ်။အမည်မဖော်လိုတဲ့ သတင်း Source တစ်ခုကနေ ရလာတဲ့ သတင်းကို The Sun က ဖော်ပြခဲ့တာပါ။အဲ့ဒီ ဖော် ပြချကအရ သူမဟာ Brad Pitt နဲ့ Relationship ကို ပြန်တည်ဆောက်ချင် နေပြီလို့ ဖော်ပြခဲ့ပါတယ်။

.pinterest
.pinterest

ဂျိုလီနဲ့ Pitt ရဲ့ ဘက်က ကိုယ်စားလှယ်တွေဆီကနေ မှတ်ချက်တစ်စုံတစ်ရာမှ မရသေးပါဘူး။ဂျိုလီကတော့ ကွာ ရှင်းတတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုေ တွ ကို အချိန်ဆွဲ လုပ်နေတာ ဟာ ပြန်ပေါင်းထုပ်လို့ ရအုံးမလား ဆိုတဲ့ မျှော်လင့် ချက် ကြောင့်လို့ ဆိုပါတယ်။အဓိက ပြန်ပေါင်းထုပ်ချင်ရတဲ့ အကြောင်းအရင်းကတော့ သူမဟာ မိသားစုဘ၀ လေး ကို တန်ဖိုးထားပြီး ပြန်လိုချင်နေတာကြောင့်လို့ The Sun မှာ ဖော်ပြထားပါတယ်။ဒီလို မျှော်လင့်ချက်ကြောင့် လည်း ကွာရှင်း တဲ့ ကိစ္စကို တမင်အချိန်ဆွဲနေတာ လို့ သိရပါတယ်။သူမရဲ့ ဘက်ကသာ ဒီလို ဖြစ်နေပေမယ့် Pitt ကတော့ ပြန် ပေါင်းထုပ်ဖို့ ကိစ္စကို နည်းနည်းလေးမှ စိတ်ဝင်စားပုံမရပါဘူး။ဒါပေမယ့် ကလေးတွေရဲ့ မျက်နှာကြောင့် ဂျိုလီနဲ့ သူ့ ကြားက ဆက်ဆံရေးကိုတော့ အခင်မင်မပျက်ဆက်ရှိနေဖို့ လိုလားပုံရပါတယ်။Pitt ကတော့ ကွာရှင်းတဲ့ အမှုကိစ္စကို အမြန် ဆုံး ပြေလည် ကျေအေးမှု လိုချင်နေပါတယ်။ကွာရှင်းတဲ့ ကိစ္စကလည်း သူများစုံတွဲ တွေထက် ပိုခက်ခဲပြီး  အခု ထိ မပြီးပြတ်နိုင်သေးပဲ ဆက်ညှိနှိုင်းနေရတုန်းပါ။

READ
tvN ဒရမ်မာဇာတ်ကား တစ်ခုမှာ အတူသရုပ်ဆောင်မယ့် Minho နဲ့ Choi Ji Woo
pinterest
pinterest

ဂျိုလီက ကလေးတွေနဲ့ အတူ လူရှေ့ကို မကြာခဏ ထွက်လာ လေ့ရှိပေမယ့် Pitt ကတော့ သူ့ရဲ့ အပျော်ခရီး တွေကို တိုးတိုးတိတ်တိတ်ပဲ သွားလာတာကို တွေ့ရပါတယ်။ဂျိုလီနဲ့ Pitt တို့ မှာတော့ Maddox, 17, Pax, 15, Zahara, 14, Shiloh, 12 နဲ့ (၁၀)နှစ်အရွယ် အမြွှာနှစ်ယောက်  Knox နဲ့  Vivienne ဆိုတဲ့ သား၊သမီးတွေ အများကြီး ရှိပါတယ်။ဇန်န၀ါရီတုန်းက ဂျိုလီနဲ့ Pitt တို့ဟာ Beverly Hills မြို့မှာရှိတဲ့ ရှေ့နေရုံးမှာ အတူတူ တွေ့ ဆုံခဲ့ ကြပါ တယ်။ကွာရှင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံခဲ့တာပါ။နိုဝင်ဘာမှာတုန်းကတော့ သူတို့နှစ်ဦးဟာ ကလေး တွေ ထိန်းသိမ်း စောင့်ရှောက်ခွင့်နဲ့ပတ်သက်ပြီး သဘောတူညီမှုရခဲ့ပါတယ်။မတ်မှာတော့ သူတို့နှစ်ယောက်ဟာ ကွာရှင်း မှု မပြီးပြတ်သေးပေမယ့် သူတို့နှစ်ယောက်ကို ဥပဒေ အရတရားဝင် လွတ်လပ်တဲ့ Single တွေ ဖြစ်အောင် လုပ်ပေး ဖို့ တရားရုံး ကို တောင်းဆိုခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ Mr. And Mrs. Smith ဇာတ်ကားမှာ တွေ့ဆုံဖြစ်ခဲ့တာပါ။ (၂၀၁၄)မှာလက်ထပ်ပြီး (၂၀၁၆)မှာ ကွာရှင်းဖို့ ကိစ္စဖြစ်လာခဲ့တာပါ။Pitt ကတော့ အရင်တုန်းက Jennifer Aniston နဲ့ (၂၀၀၀-၂၀၀၅ အထိ) လက်ထပ်ခဲ့ဖူးပါတယ်။ဂျိုလီကတော့ အရင်က Johnny Lee Miller (1996 to 1999 ) ၊Billy Bob Thornton (2000 to 2003) လက်ထပ်ခဲ့ဖူးပါတယ်။

READ
နုပျိုမှုကြောင့် နာမည်ကြီးနေတဲ့ စင်ကာပူအမျိုးသား သရုပ်ဆောင်လုပ်တော့မည်
pinterest

Source Dailymail

SHARE