သေချာပေါက် ကြည့်သင့်တဲ့ Angelina Jolie ရဲ့ ဇာတ်ကား(၉)ကား

Image:@jolievibes

Angelina Jolie ဆိုတာကတော့ အရမ်းကို နာမည်ကြီး တဲ့ ဟောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီး တစ်ယောက် ပါ။အခုဆိုရင်တော့ သူမဟာ ဒါရိုက်တာ၊ထုတ်လုပ်သူတစ်ယောက်အဖြစ်နဲ့ပါ  ရပ်တည်နေပါတယ်။ဂျိုလီမှာလည်း အရမ်းကို စွဲဆောင်မှုရှိတယ်ဆိုပြီး နာမည်ကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ရှိပါတယ်။အဲ့ဒါကတော့ နှုတ်ခမ်းပါ။သရုပ် ဆောင် အရမ်းကို တော်တဲ့ Angelina Jolie ရဲ့ ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ ကားကောင်းတစ်ချို့ကို ရွေးချယ် ဖော်ပြ ပေးချင်ပါတယ်။တခြားဇာတ်ကားကောင်းတွေ ကျန်ခဲ့ရင်လည်း ဝေမျှ ပေးခဲ့အုံးနော်..။

1.’Gia’ (1998)

အရမ်းကို နုပျိုလှပခဲ့တဲ့ Angelina Jolie ဆိုတဲ့ မိန်းမလှလေးကို တကျော့ပြန် လွမ်းချင်တဲ့ ပရိသတ်တွေ ကြည့် သင့်တဲ့ ဇာတ်ကားလေးပါ။ဒီကားလေးကို သေချာပေါက်ကြည့် သင့်တဲ့ နောက်ထပ် အချက်ကတော့ ဒီဇာတ်ကားဟာ အမေရိကရဲ့ ပထမဆုံး စူပါမော်ဒယ် Gia Carangi ရဲ့ အကြောင်းကို ရိုက်ထားတဲ့ အတ္ထုပ္ပတ္တိဇာတ်ကားလေး မို့ပါ။ဂျိုလီ  က Gia  နေရာကနေ သရုပ်ဆောင်ထားပါတယ်။ Gia Carangi  ကတော့ AIDS ရောဂါကြောင့် (၂၆)နှစ် အရွယ်မှာ ( (January 29, 1960 – November 18, 1986)ကယ်လွန်ခဲ့တဲ့ မော်ဒယ် တစ်ယောက်ပါ။အဲ့ဒီ ခေတ် အခါတုန်းက ဆိုရင် သူမဟာ ဒီလို ရောဂါဆိုးနဲ့ သေရတဲ့ ပထမဆုံး နာမည်ကြီး အမျိုးသမီးပါ။သူမရဲ့ ဈာ ပနာ ပွဲကိုတော့ အကျဉ်းချုံးပြီးတော့ လူမသိလူမသိ ကျင်းပခဲ့ရပြီး ဖက်ရှင် အသိုင်းအ၀ိုင်းက ဘယ်သူမှ လည်း မလာ ခဲ့ပါဘူး။မလာရတဲ့ အကြောင်းကတော့ သူမ ဆုံးပြီး ဆိုတာကိုတော့ လအနည်းငယ်ကြာမှ တခြားသူတွေက သိခဲ့ရတာပါ။ငယ်ငယ်လေးနဲ့ အောင်မြင်မှုကို ရခဲ့ပြီး ဇာတ်သိမ်းမလှခဲ့တဲ့  Gia အဖြစ် ဂျိုလီက လုံးဝ အကောင်းဆုံး သရုပ်ဆောင် ထားတာမို့ မကြည့်ရသေးရင်တော့ သေချာ ပေါက်ကြည့်ဖြစ်အောင် ကြည့်ပါ။

2.’Mr. & Mrs. Smith’ (2005)

ဒီဇာတ်ကားကတော့ မကြည့်ဖူးတဲ့သူ မရှိသလောက်ရှားပါတယ်။ဒီဇာတ်ကားကတော့ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ် ကြဲ နှစ်ယောက်ဖြစ်တဲ့  Angelina Jolie နဲ့ မင်းသား Brad Pitt တို့ ဖူးစာဆုံခဲ့တဲ့ ဇာတ်ကားပါ။ဒီကားမှာတော့ ဂျိုလီက Jane Smith ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဘယ်နှ ခေါက်ပဲ ပြန်ကြည့်ကြည့်မရိုးတဲ့ ဇာတ်ကားကောင်းလေးပါ။တကယ်လို့ များ မကြည့်ရသေးဘူးဆိုရင်တော့ ဘ၀မှာ တစ်ကြိမ်လောက်တော့ ကြည့်သင့်တဲ့ ဟောလိဝုဒ်ဇာတ်ကား ကောင်းမို့ ကြည့်ဖြစ်အောင် ကြည့်လိုက် ကြနော်.။

READ
ချစ်သူ Joe Alwyn ဆီက မွေးနေ့လက်ဆောင်ရခဲ့တဲ့ Taylor Swift

3.’Alexander’ (2004)

ဒီကားထဲမှာတော့ ဂျိုလီက  Olympias နေရာကနေ သရုပ်ဆောင်ထားပါတယ်။ဒီကားလေးကတော့ ဂရိ ရာဇာဝင် သမိုင်း ဇာတ်ကားလေးပါ။ဒါရိုက်တာက Oliver Stone ဖြစ်ပြီး ပါဝင် ထားတဲ့ သရုပ်ဆောင်တွေကလည်း ဂျိုလီ နဲ့  Colin Farrell တို့ ဆိုတော့ အထူး ညွှန်းနေဖို့ တောင်မလိုတဲ့ ဇာတ်ကားလေးပါ။

4.’Changeling’ (2008)

ဒီကားလေးကတော့  သူမသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ထူးခြားတဲ့ ဇာတ်ကားလေးလို့ ပြောလို့ရပါတယ်။ဒီကားထဲမှာ ဂျိုလီက Christine Collins ဆိုတဲ့ သားပျောက်မိခင် တစ်ယောက် နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။(၁၉၈၂)ခုနှစ်အချိန်ကို ဇာတ်လမ်းဆင် ရိုက်ကူးထားတာ ဖြစ်ပြီး ဒီကားထဲမှာတော့  ကလေးတွေအတွက် အန္တာရယ်သင့်စေတဲ့ အရာတွေ၊အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကင်းမဲ့မှု၊အကျင့်ပျက် ခြစားမှု တို့ကို တွေ့ရမှာပါ။ဂျိုလီကတော့ ဒီကားနဲ့ Best Actress ဆု  Oscar nomination  စာရင်းဝင်ခဲ့ပါတယ်။

5.’Salt’ (2010)

ဒီကားမှာတော့ သူမက  Evelyn Salt ဆိုတဲ့ CIA agent  အဖြစ်သရုပ်ဆောင်ထားပါတယ်။ဂျိုလီရဲ့ အရမ်းအရမ်း ကို မိုက်တဲ့ အက်ရှင်စတန့်တွေ ပါဝင်တဲ့ ဇာတ်ကားလေးပါ။ရုရှားစပိုင်အဖြစ် စွပ်စွဲ ခံရပြီး ပြေး နေ လွှား နေရတဲ့ ဇာတ်ကားလေးပါ။

6.’A Mighty Heart’ (2007)

ဒီကားကလည်း ဝေဖန်ရေးသမားတွေ ဆီကနေ တောင်မှ Review ကောင်းကောင်းရခဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းပါ။ (၂၀၀၇)ကိန်းစ်ရုပ်ရှင်ပွဲတော်မှ အရင် ဆုံးပြသပြီး မှ မြောက် အမေရိကမှာ (၂၀၀၇) ဇွန်မှာ ထွက်ရှိခဲ့တာပါ။Mariane Pearl ဆိုတဲ့ ပြင်သစ် Freelance ဂျာနယ်လစ် တစ်ယောက်ရဲ့ ကိုယ်တွေ့ မှတ်တမ်းကို အခြေခံ ရိုက်ကူးထားတာပါ။Jolie ကတော့  Wall Street Journal သတင်းထောက်  Daniel Pearl ရဲ့ ဇနီး Mariane Pearl  နေရာကနေ သရုပ်ဆောင်ထားပါတယ်။ပြန်ပေးဆွဲခံရတဲ့ ခင်ပွန်းအတွက် ပူဆွေးသောက များတဲ့ ဇနီး အဖြစ် ဒီကားမှာ သရုပ်ဆောင်ထားတာပါ။

READ
Shower Gel ကြော်ငြာရိုက်ကွင်းပုံရိပ်တွေကို သင်ဇာဝင့်ကျော် ဝေမျှ

7.’Maleficent’ (2014)

ဒီဇာတ်ကားကတော့ ဂျိုလီရဲ့ ဂျိုတကားကားကြောင့် ရွေးချယ်ပေးထားတာတော့ မဟုတ်ပါဘူး 😛 ။ လေးနှစ် လောက် live action ရုပ်ရှင်ကားတွေ သရုပ်ဆောင်တာ လေးနှစ်လောက် နားထားပြီးမှ Walt Disney ရဲ့ ဇာတ်ကားထဲမှာ ဗီလိန် နေရာကနေ သရုပ်ဆောင်ခဲ့တာပါ။ဒီကားကတော့ ဂျိုလီရဲ့ အနုပညာသက်တမ်းတစ်လျှောက် box offi ce  မှာ အပေါက်ဆုံး ဇာတ်ကားပါ။

8.The Bone Collector

Image:imdb

နောက်ထပ် ဇာတ်ကားကတော့ The Bone Collector ပါ။ဒါရိုက်တာ Phillip Noyce ပါ။ဒီကား  ကတော့ ၀တ္ထု စာရေးဆရာ  Jeffery Deaver ရဲ့ The Bone Collector ဆိုတာကို ဇာတ်ကား အဖြစ် ပြန်ရိုက်ထားတာပါ။ဘတ် ဂျက် ($48) သန်း အကုန်အကျခံရိုက်ကူးခဲ့ပြီး ၀င်ငွေ ($151.5) သန်း ပြန်ရခဲ့တဲ့ ဇာတ်ကားလေးပါ။

9.The Tourist

ဇာတ်လမ်းကလည်း အရမ်းကောင်းသလို ဒီကားထဲမှာ ဂျိုလီရဲ့ ဖက်ရှင်၊အပြင်အဆင်တွေ ကလည်း အရမ်း အရမ်းကို မိုက်၊အရမ်းကို လှတာမို့ တကယ့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ Angelina Jolie နဲ့  Johnny Depp တို့ လို တကယ့်ဒိတ်ဒိတ်ကြဲ တွေပါဝင် ထားတာမို့ အထူးညွှန်းစရာ တော့ မလိုတော့ပါဘူး။ဘတ်ဂျက်သန်း ($100)  အကုန်အကျခံ ရိုက်ထားပြီး  $278.3 သန်းဝင်ငွေ ရရှိခဲ့တဲ့ ဇာတ်ကားလေးပါ။အရမ်းကို ကောင်းတဲ့ ဇာတ်ကား လေးမို့ မကြည့်ရသေးရင်တော့  မဖြစ် မနေကို အချိန်ပေးကြည့်သင့်တဲ့ ကားကောင်းလေးပါ။

#SHWEMOM(REF:wikipedia)

SHARE