ရိုမန်တစ်ဆန်တဲ့ ဇာတ်လမ်းတွဲ ကြိုက်သူတိုင်းကြည့်သင့်တဲ့ Angel’s Last Mission:Love

wikipedia/soompi

အခုလို မိုးရာသီက အချစ်ဇာတ်ကားကောင်းလေးတွေကြည့်ပြီး ကြည်နူးလို့ အကောင်းဆုံးအချိန်ဆိုတာ ရုပ်ရှင်ချစ်သူတွေအားလုံး သိကြမှာပါ။ အဲဒါကြောင့် မကြာသေးခင်က ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲအသစ်လေးတစ်ခုဖြစ်တဲ့ Angel’s Last Mission:Love  မိတ်ဆက်ပေးချင်ပါတယ်။

kdrama crazy

ဇာတ်လမ်းလေးကတော့ နတ်သားလေးနဲ့ ဘဲလေးကချေသည်မလေး တို့ကြားက အချစ်ဇာတ်လမ်းလေးကို ပုံဖော်ပေးထားတာပါ။ နတ်သားလေးဒန်ကတော့ အမြဲအကောင်းမြင်တတ်တဲ့ စိတ်ထားနူးညံ့တဲ့သူတစ်ယောက်ဖြစ်ပြီး ဘဲလေးကချေသည်မလေး လီယွန်းဆောကတော့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် အရာအားလုံးကို အဆိုးမြင်စိတ်ပဲရှိနေတဲ့ကောင်မလေးပါ။

soompi

သူတို့နှစ်ယောက်ကိုတော့ ကံကြမ္မာကတွေ့ဆုံပေးလိုက်တဲ့ နောက်မှာတော့ ဆန့်ကျင်ဘက်နှစ်ယောက်က ဘယ်လိုမျိုးရှေ့ဆက်ကြမယ်ဆိုတာ ပရိသတ်တွေစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပရိသတ်တွေ တစ်ရှုးဆောင်ပြီးကြည့်ရမယ့် ဝမ်းနည်းစရာအခန်းတွေလည်း ပါဝင်တာကြောင့် ရိုမန်တစ်ဇာတ်လမ်းတွဲ ပရိသတ်တွေ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်ကားလေးကို အခုဆိုရင် Viu မှာ ကြည့်လို့ရနေပါပြီ။

READ
အားကစားလုပ်နေတဲ့ ပုံလေးတွေ တင်လိုက်တဲ့ သင်ဇာဝင့်ကျော်
taynews.com

Viu ဆိုတဲ့ Application ကို App Store ကနေ ဒါမှမဟုတ် Google Play ကနေ ဒေါင်းလုတ်ဆွဲပြီး ရယူကြည့်ရှုနိုင်သလို www.viu.com မှာလည်း တိုက်ရိုက်ဝင်ပြီး ကြည့်ရှုနိုင်ပါတယ်။ Ooredoo, Telenor, MPT, Myanmar Net တို့နဲ့လည်း ပူးပေါင်းထားလို့ ပရိတ်သတ်တွေအနေနဲ့ ကြိုက်နှစ်သက်ရာ ရုပ်ရှင်တွေကို အဆင်ပြေပြေ သက်သက်သာသာနဲ့ ကြည့်ရှုနိုင်မှာပါ။

April

 

SHARE