အလွန်အမင်း ဒေါသထွက်ခြင်းဟာ လူကို ၀ိတ်တက်စေနိုင်တယ်ဆိုတာ သင်သိပါသလား

Unsplash/Andre Hunter

လူတွေဟာ တစ်ခါတစ်လေ တစ်ခုခုကို စိတ်တိုင်းမကျတဲ့ အခါ၊ ဒါမှမဟုတ် မကြိုက်တဲ့အခါတွေမှာ ဒေါသထွက်တတ်ကြပါတယ်။ ပုံမှန်ဆိုရင် ဒေါသထွက်တာကို ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းကြည့်ပြီး အဲ့ဒီလူဒေါသ ထွက်နေတာလား ဆိုပြီး ကောက်ချက် ချတတ်ကြပါတယ်။ အမှန်က ဒေါသထွက်တဲ့ အခါ ပုံစံအမျိုးမျိုးရှိပါတယ်။

တစ်ချို့က ကိုယ့်ကိုကိုယ် အပြစ်တင်ကြတယ်၊ တစ်ချို့က ဝုန်းဒိုင်းကြဲ ပစ်ကြတယ်၊ တစ်ချို့က ငိုပြီး ဒေါသကို ထုတ်ဖော်လေ့ရှိကြပါတယ်။ ပြောရမယ်ဆိုရင်တော့ တော်တော်များများထပ်ရှိနိုင်ပါသေးတယ်။ ဒေါသထွက်ပြီး သွားရင် ကိုယ်ပဲ ထပ်ပြီးဒုက္ခရောက်တာပါ ဒေါသကြောင့် နှလုံးရောဂါ၊ စိတ်ထိခိုက်တာတွေနဲ့ နောင်တတွေရတတ်ကြပါတယ် အဲ့ထဲကမှ ထူးထူးခြားခြား တစ်ချက်ကတော့ ဝိတ်တတ်လာစေပါနိုင်ပါတယ်။

Unsplash/Icons8 team

ဒေါသထွက်တဲ့ အခါမှာ စိတ်ခံစားမှုပိုင်းတင် ပြောင်းလဲတာမဟုတ်ပါဘူး ခန္ဓာကိုယ်က လည်းဒေါသကို တုန့်ပြန်မှုရှိပါတယ်၊ adrenaline လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ဒေါသထွက်ရင် ခန္ဓာကိုယ်ကထွက်လာပါတယ် အဲ့ဒါက လူကို စိတ်ရှုပ်ထွေးစေတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ နောက်တစ်ချက်က ဒေါသထွက်ရင် သွေးတွေက ကြွက်သားတွေထဲစီးဝင်ပြီး ဆာလောင်တာကိုမေ့စေပါတယ် ဒါပေမယ့် အဲ့ဒါကခဏပဲထိန်းပေးထားနိုင်တာပါ။

ဒေါသပြေသွားတဲ့ အချိန်မှာ adrenaline ထွက်တာမရှိတော့ပဲ ပုံမှန်ထက် ဗိုက်ပိုဆာလာတတ်ကြပါတယ်။ 

အဲ့ဒီအခါမှာ အရင်စားနေကြပမာဏထက်ပိုပြီးစားလို့ဝင်ပါတယ်။ အဲ့ဒီလိုနဲ့ ခန္ဓာကိုယ်ကို ဝလာစေပါတယ်။ ဒီလိုမဖြစ်အောင် ပြဿနာတစ်ခုခုဖြစ်လာတိုင်း ဒေါသမထွက်ပဲ စိတ်အေးအေးထားတတ်ဖို့ လိုပါတယ်။ 

စိတ်ညစ်စရာအတွေးတွေကို လည်းတတ်နိုင်သလောက်မတွေးမိဖို့လိုတဲ့အပြင် အစားအသောက်နဲ့ အိပ်ချိန်ကို လည်းမျှမျှတတ ဖြစ်အောင်နေထိုင်တတ်ရပါမယ်။

READ
ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရသူတွှေအတွက် ကျန်းမာရေးမထိခိုက်အောင် ကာကွယ်နည်း
Unsplash/Abigail Keenan

ဒေါသရဲ့ ထွက်ပေါက်က အဝေးကြီးရှာနေစရာမလိုပါဘူး စာဖတ်သူရဲ့စိတ်ပါပဲ ဒေါသထွက်နေတယ်လို့ကိုယ့်ကိုကိုယ် သုံးသပ်မိဖို့ လိုပါတယ်။ အဲ့လိုအချိန်တွေမှာ တစ်ယောက်တည်းနေတာထက် သူငယ်ချင်းတွေ၊ ကိုယ် ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်တွေကို ကုန်ဆုံးသင့်ပါတယ်။

ဒေါသ နည်းတဲ့သူတစ်ယောက်က ဝတဲ့ အခြေအနေတင်မဟုတ်ပါဘူး တစ်ခြားကျန်းမာရေး ပြဿနာတွေကိုပါ ရှောင်ရှားပြီးသားဖြစ်ပါတယ်။ အသက်ရှည်ရှည်နေချင်ရင်တော့ ဒေါသကို အတတ်နိုင်ဆုံး လျော့ဖို့လိုကြောင်းဆွေးနွေးတင်ပြလိုက်ရပါတယ်။

Lwin Min

Ref : Wikipedia , Brightside

SHARE