ကောင်လေးတွေက ဘာလို့ စိတ်ကောက်ကြသတဲ့လဲ

ဒါဟာ Gender ခွဲခြားတဲ့ကိစ္စမဟုတ်ပေမယ့် ချစ်သူတွေကြားမှာ စိတ်ကောက်ပြီဆိုရင် မိန်းကလေးတွေကသာ ကောက်ကြတာ များတာပါ။ ယောင်္ကျားလေး ကျွမ်းကျင်စိတ်ကောက်သူ တွေလည်းရှိပေမယ့် အရေအတွက်ကတော့ဖြင့် တော်တော်လေးနည်းတယ်လို့ ပြောရပါမယ်။ စိတ်ကောက်ခံရတဲ့ ကောင်မလေးတွေ အတွက်တော့ သူတို့က တဖန် ပြန်ချော့နေကြရလို့ စိတ်မသက်မသာ ဖြစ်ကြရတာပါ။ ဒီတော့ ယောင်္ကျားလေးတွေ စိတ်ကောက်ရတဲ့ အကြောင်းရင်းတချို့ကို သိထားမယ်ဆိုရင် ပိုပြီး အဆင်ပြေမယ်လို့ ယူဆပါတယ်။ သူတို့တွေ ဘာလို့ စိတ်ကောက်ကြလဲဆိုတာ ဖတ်ကြည့်ကြဦးနော်။

reachoutrecovery.com

(၁)။ အရမ်းချုပ်ခြယ်ခံရလို့

……………………………

ဟိုမသွားရဘူး၊ ဟိုဟာ မစားရဘူး၊ ဂိမ်းမဆော့ရဘူး၊ ညစောစောအိပ်လေ စတဲ့ အမျိုးစုံသော ချုပ်ခြယ်မှုတွေ ခံရတဲ့အခါ ယောင်္ကျားလေးတွေက စိတ်ကောက်တတ်ကြပါတယ်။ ကောင်မလေးတွေ အတွက်ကတော့ ဒါက ချုပ်ခြယ်တာမဟုတ်ဘူး၊ ဂရုစိုက်တာလို့ ပြန်ပြောကြပါလိမ့်မယ်။ ဒါပေမယ့်လည်း အလွန်အကျွံတွေ ဖြစ်လာရင်တော့ ဘယ်သူမဆို စိတ်ညစ်မှာပဲလေ။ ဒီတော့ ကိုယ့်ရဲ့ချုပ်ခြယ်မှု ပုံစံကို နည်းနည်းလျှော့ကြည့်ပါလား။ အလုပ်ဖြစ်၊ မဖြစ် သိရတာပေါ့။

READ
အမေရိကန်သမ္မတဟောင်းအိုဘားမား ပြောပြတဲ့ လက်မထပ်ခင် စဉ်းစားသင့်တဲ့ မေးခွန်း(၃)ခု
apessay.com

(၂)။ သူတို့ကိုအလေးမထားလို့

………………………………………..

သူတို့က ကိုယ့်ကို ဒီဟာလေး စားစေချင်တယ်၊ ကိုယ်က မစားချင်ဘူး။ ဒီလိုကိစ္စတွေ မလုပ်ဖို့ပြောတယ်၊ ကိုယ်က လုပ်တယ်။ ဒီလူနဲ့ မတွေ့ဖို့ပြောတယ်၊ ကိုယ်ကတွေ့တယ်။ အဲဒီလိုမျိုးတွေ ထပ်ခါ ထပ်ခါ ဖြစ်လာတာနဲ့ တပြိုင်နက်တည်း သူတို့ကို အလေးမထားဘူးလို့ ခံစားလာကြပါလိမ့်မယ်။ အဲဒီလိုဆိုရင် စိတ်ကောက်ပြီပေါ့။ အကောင်းဆုံးကတော့ နှစ်ဦးနှစ်ဖက် တိုင်ပင်ပြီး လုပ်ကြဖို့ပါပဲ။ ညှိညှိနှိုင်းနှိုင်းလေးပေါ့။

www.bustle.com

(၃)။ သူငယ်ချင်းယောက်ျားလေးတွေနဲ့ အရမ်းအရောတ၀င်နေတာ

……………………………………………………………..

ကိုယ့်ရဲ့အခင်ဆုံး သူငယ်ချင်းတွေက ယောက်ျားလေးတွေချည်း ဖြစ်နေပြီး သူတို့နဲ့ အရောတ၀င် နေတာကလည်း ချစ်သူကောင်လေးတွေကို စိတ်ကောက်စေပါတယ်။ သူတို့နဲ့အတူ ဘားတွေသွားတယ်၊ သီချင်းတွေ သွားဆိုတယ်၊ မုန့်တွေ စားကြတယ်။ ချစ်သူ မရခင်တုန်းကတော့ ဘာမှ မဖြစ်ပေမယ့် ချစ်သူရတဲ့ အချိန်မှာတော့ အဲဒါလေးတွေ နည်းနည်းလျော့သင့်ပါတယ်။ ဘယ်သူဖြစ်ဖြစ် ကိုယ့်ရဲ့ကောင်မလေးက တခြားကောင်လေးတွေနဲ့ အတူတူရှိနေရင် သ၀န်တိုမှာပဲလေ။

READ
ပထမဆုံးချိန်တွေ့မယ့် အစ်ကိုတွေအတွက်အကြံပြုချက်(၈)ချက်

(၄)။ ပုံကြီးချဲ့တတ်တာ

……………………………

အသေးအမွှားလေးတွေကို ပုံကြီးချဲ့တယ်လို့ ထင်ကြရင်လည်း ကောင်လေးတွေက စိတ်ကောက်တတ်ကြပါတယ်။ လမ်းဘေးကို အမှိုက်လွှင့်ပစ်လိုက်တာလေးကအစ၊ ဆံပင်နည်းနည်း ရှည်နေတာကအဆုံး အကုန်လုံးကို ပုံကြီးချဲ့ပြီး လိုက်ပြောနေရင်တော့ ဘယ်သူမှ အဆင်ပြေမှာ မဟုတ်ဘူးလေ။ အဲဒီတော့ သူ့အတွက် တကယ်ပြုပြင်သင့်တယ် ထင်တာကိုပဲ ဘေးကနေ ပြောပေးသင့်ပါတယ်။ ဒီလိုမှပဲ နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပြီး ကောင်လေးတွေရဲ့ စိတ်ကောက်ခြင်း ဘေးကနေလည်း ကင်းဝေးနိုင်မှာပါ။

Linn

Source : Internet

SHARE