ရန်စွာနေတဲ့ ဘဲအုပ်ကို ပြန်အာမခံရဲပဲဖြစ်နေတဲ့ မိကျောင်းရဲ့ သဘာဝလွန်ဖြစ်ရပ်

Youtube/Newsflare

လူတွေဟာ နေ့စဉ်ဘ၀ထဲ ရုန်းကန်လှုပ်ရှားနေရင်းနဲ့ အမှတ်မထင် ရယ်မောစရာအဖြစ်လေးတွေနဲ့ ကြုံတတ်ကြပါတယ်။ တစ်ခါတစ်ရံ အဲဒီရယ်မောစရာလေးတွေဟာ လူ့အသိုင်းအ၀န်းထဲက မဟုတ်ပဲ တိရစ္ဆာန်ကမ္ဘာထဲကလည်း ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ခုတွေ့ရမှာကတော့ Boredpanda ကနေ တွေ့ရှိထားတဲ့ ဂေါက်ကွင်းတစ်ခုက ရယ်စရာအဖြစ်လေး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

အမေရိကန် ဖလော်ရီဒါပြည်နယ်က PGA National ဂေါက်ကလပ်မှာ ဂေါက်ရိုက်ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ဂေါက်ရိုက်သမားတွေအဖို့ အနှောင့်အယှက်ပေါ်လာခဲ့ပါတယ်။ ဂေါက်ကွင်းထဲမှာ မိကျောင်းတစ်ကောင်ရှိနေခဲ့တာဖြစ်ပြီး သူ့နောက်ကတော့ ဘဲတစ်သိုက်က ဆူညံဆူညံနဲ့ မိကျောင်းကို မောင်းထုတ်နေခဲ့တဲ့ မြင်ကွင်းပါ။

Youtube/Newsflare

ဘဲအုပ်ထဲမှာတော့ စွာတေးလန် ဘဲတစ်ကောင်လည်း ပါပါတယ်။ သူကတော့ ရှေ့ကနေ ဦးဆောင်ပြီး မိကျောင်းကို ခပ်ဝေးဝေးသွားအောင် တဂတ်ဂတ်နဲ့ အော်နေတာပါ။ သူ့နောက်က ဘဲတွေကလည်း သံယောင်လိုက်ပြီး အုပ်စုအားကိုးနဲ့ မိကျောင်းကို နှင်နေခဲ့တာ ဖြစ်ပါတယ်။ မိကျောင်းခမျာကတော့ ဒေါသတကြီးဖြစ်နေတဲ့ ဘဲတစ်သိုက်ကို ပြန်လည်ရန်တုံ့ပြန်ခြင်းမပြုပဲ သူ့ဘာသာသူ ရှေ့ကိုသာ သွားမြဲသွားနေခဲ့တာပါ။

READ
လူကဲ့ရဲ့အခံရဆုံး Tattoo လက်ရာများ

သာမန်ဆိုရင် ဘဲဆိုတဲ့ သတ္တ၀ါမျိုးဟာ သူ့အသက်ကို အချိန်မရွေးရန်ရှာနိုင်တဲ့ မိကျောင်းတွေကို ကြောက်ရမှာသာ ဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝနဲ့ ဆန့်ကျင်ပြီး ဘဲအုပ်ကို ပြန်ကြောက်နေခဲ့ရတဲ့ မိကျောင်းရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ အခုလို ရယ်စရာအဖြစ် အောက်မှာ တွေ့ရမှာပါ။

လင်းလင်း (ShweMom)

SHARE