တိရစ္ဆာန်မွေးမြူခွင့် သက်ဆိုင်ရာက ပိတ်ပင်ခဲ့လို့ သေကြောင်းကြံစည်ခဲ့သူ

Picture: MEN

အင်္ဂလန်နိုင်ငံ၊ ဂရိတ်မန်ချက်စတာ၊ ဆဲလ်ဖို့မြို့ Emergency Council Housing မှာ နေထိုင်ခွင့် လျှောက်လွာ ရခဲ့လို့ ပြောင်းရွှေ့နေထိုင်ခဲ့သူ John Chadwick အမည်ရ အသက် 52 နှစ်အရွယ် အမျိုးသားဟာ သူချစ်တဲ့ ခွေးနဲ့ကြောင်ကို ကောင်စီတိုက်ခန်းမှာ မွေးခွင့်မရှိကြောင်း သက်ဆိုင်ရာက သတိပေးခြင်း ခံခဲ့ရပါတယ်။

သူ့ကို ကောင်စီက တိုက်ခန်းတွင်းမှာ နေထိုင်မယ်ဆိုရင် အိမ်မွေး ခွေးနှစ်ကောင်နဲ့ ကြောင်ကို တစ်ယောက်ယောက်ကို ပေးပစ်ခဲ့ဖို့ အကြောင်းကြားခြင်း ခံခဲ့ရပြီးနောက် စိတ်ဓာတ်အကြီးအကျယ်ကျဆင်းပြီး သေကြောင်းကြံစည်ခဲ့တာပါ။ သူဟာ မတ်လ 15 ရက်နေ့၊ မိခင်သေဆုံးတဲ့ နှစ်ပတ်လည်နေ့မှာပင် သေဆုံးခဲ့ပါတယ်။

Picture: MEN

မသေခင်မှာ John ဟာ သူငယ်ချင်းတွေဆီကို နောက်ဆုံးနှုတ်ဆက် မက်ဆေ့တွေ ပို့ပေးခဲ့သေးကြောင်း သိရပါတယ်။ သေမှုသေခင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က John သေဆုံးခြင်းကို ဖြစ်စေခဲ့တဲ့ အဓိကအကြောင်းအရာကတော့ ကောင်စီကနေ တိရစ္ဆာန်မမွေးရလို့ ပိတ်ပင်ခဲ့တဲ့ တားမြစ်မှုကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Picture: MEN

John သေဆုံးသွားချိန်မှာ သူရဲ့ ခွေးနှစ်ကောင်ဖြစ်တဲ့ Theo နဲ့ Tinkerbell တို့ကို သူငယ်ချင်းတစ်ယောက်က ထိန်းသိမ်း စောင့်ရှောက်ဖို့ ခေါ်သွားခဲ့ပါတယ်။ ကြောင်ကလေး Gizmo ကိုလည်း သူငယ်ချင်းတစ်ယောက်ရဲ့ သမီးက ယူဆောင်ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ကောင်စီက မည်သည့်ကြေငြာချက်မှ မပြုလုပ်သေးပါဘူး။

READ
ဟယ်ရီပေါ်တာရဲ့ ရန်သူတော်ကြီး Lord Voldemortနဲ့တူတဲ့မျောက်ဝံလေး

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE