ထိုင်းနိုင်ငံရဲ့တိရစ္ဆာန်ရုံထဲကို ၀င်ရောက်ပြီး အစာကျွေးဖို့ကြိုးစားခဲ့တဲ့အမျိုးသား အဖမ်းခံခဲ့ရ

Twitter

မင်ငုယင် လို့ အမည်ရတဲ့ ဗီယက်နမ်အမျိုးသားဟာ သြစတြေးလျနိုင်ငံသား ခံယူထားခဲ့သူဖြစ်ပြီး တစ်နေ့မှာတော့ သူက ရန်ပုံငွေ ရှာဖွေရေး ၀က်ဆိုက်တစ်ခုဖြစ်တဲ့ GoFundMe မှာ ထူးခြားတဲ့ ရန်ပုံငွေကောက်ခံမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံ ဖူးခက်မှာရှိတဲ့ တိရစ္ဆာန်ရုံတစ်ခုထဲက တိရစ္ဆာန်တွေဟာ အစာရေစာ ငတ်မွတ်မှု ဖြစ်ပေါ်နေတာကြောင့် ဒေါ်လာ (၄၅၀၀၀) သာ လှူကြမယ်ဆိုရင် သူ့အနေနဲ့ ဖူးခက်ကို သွားပြီး တိရစ္ဆာန်တွေအတွက် သွားရောက်အစာကျွေးပေးမယ်ဆိုတာပါပဲ။

အဲဒီလို အလှူခံပြီးတဲ့နောက် အလှူငွေတွေရလာတဲ့အချိန်မှာတော့ မင် နဲ့ သူငယ်ချင်း (၃)ယောက်တို့ဟာ သြစတြေးလျကနေ ထိုင်းနိုင်ငံဖူးခက်ကို ရောက်ရှိလာကြပြီး တိရစ္ဆာန်ရုံထဲမှာ ရှိတဲ့ သတ္တ၀ါတွေကို အစာကျွေးခဲ့ကြတာပါ။

သူတို့က အဲဒီလို အစာကျွေးနေတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်လိုက်ပြီးတဲ့အချိန်မှာပဲ ထိုင်းနိုင်ငံရဲ့ ရဲတပ်ဖွဲ့က တိရိစ္ဆာန်ရုံထဲကို အခွင့်မရှိပဲ ကျူးကျော်ဝင်ရောက်မှု၊ ထိုင်းနိုင်ငံရဲ့အွန်လိုင်းပြစ်မှုကျူးလွန်မှုဥပဒေတွေနဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာပါ။

READ
မိန်းမချောလေးတွေက ဘေးကနေကူညီပေးမယ့် ဂျပန်နိုင်ငံကGym

မင် ရဲ့ ရှေ့နေကတော့ ဒီအဖြစ်အပျက်ဟာ နားလည်မှု လွဲတာသာ ဖြစ်ကြောင်းနဲ့ မင်တို့ အုပ်စုဟာ တိရိစ္ဆာန်ရုံပိုင်ရှင်ရဲ့ မိခင်ဖြစ်သူဆီက ခွင့်ပြုချက် ရပြီးပြီ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

“ကျွန်တော် အဖမ်းခံရတဲ့အချိန်မှာ တိရစ္ဆာန်ရုံပိုင်ရှင်အစ်ကိုကြီးနဲ့ သူ့ရဲ့အမေ ကိုယ်တိုင်ရောက်လာခဲ့ပါတယ်။ တရားရုံးမှာ သူတို့က ကျွန်တော့်အတွက် သက်သေတွေအဖြစ် ထွက်ဆိုပေးကြမှာပါ” လို့ မင် က ဆိုပါတယ်။

“အခုတော့ ကျွန်တော့်ကို အာမခံနဲ့ လွတ်ပေးထားပါတယ်။ အဲဒီအချိန်အတွင်းမှာ တိရစ္ဆာန်ရုံတစ်ရုံအနေနဲ့ ဘယ်လိုလည်ပတ်နေသလဲဆိုတာကို လေ့လာခွင့်ရခဲ့တယ်။ နောက်ထပ် မေလ (၂၅)ရက်နေ့မှာတော့ ကျွန်တော် တရားရုံးသွားရမှာပါ။ ကျွန်တော်တို့မှာ အပြစ်ရှိလား မရှိလားဆိုတာ ကျွန်တော် မသိပေမယ့် သေချာတာကတော့ ကျွန်တော်ဟာ တိရစ္ဆာန်တွေကို ကူညီဖို့ ကြိုးစားခဲ့တာပါ” လို့ မင် က ပြောပါတယ်။

READ
(၃၈) နှစ်အတွင်း အတွဲပေါင်း(၃၀၀၀)ကျော်ကို အောင်သွယ်ပေးခဲ့တဲ့ မြှားနတ်မောင်ဘိုးဘိုး

မင် ဟာ သူ့ရဲ့ Youtube ချန်နယ်နဲ့ အင်စတာဂရမ်မှာ တိရစ္ဆာန်ရုံရဲ့ ပုံရိပ်တွေကို တင်ခဲ့ပြီး အဲဒီလို ဗီဒီယိုတွေ တင်ခဲ့တာကြောင့် တိရစ္ဆာန်ရုံပိုင်ရှင် မိသားစုအနေနဲ့ ရဲတွေဆီကို ဆက်သွယ်အကြောင်းကြားခဲ့တာလို့ DailyMail က ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖူးခက်မှာရှိတဲ့ တိရစ္ဆာန်ရုံဟာ ပိတ်ထားရပြီး သတ္တ၀ါတွေအနေနဲ့ လုံလောက်တဲ့ အစားအစာ မရတာကြောင့် ပိန်လှီနေကြကြောင်းကို မင် က သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့ပါတယ်။

Linn

SHARE