ကမ္ဘာ့ချစ်စရာအကောင်းဆုံးတိရိစ္ဆာန်လေးတွေအဖြစ် သတ်မှတ်ခံနေရတဲ့ Quokkas

Quokkas ဆိုတာကတော့ သြစတြေးလျတိုက်မှာသာရှိတဲ့ သားပိုက်ကောင်နွယ်ဝင် တိရိစ္ဆာန်လေးတွေဖြစ်ပြီး သူတို့ရဲ့ သွင်ပြင်နဲ့ လူတွေကို ခင်မင်တဲ့ပုံစံကြောင့် ကမ္ဘာ့ချစ်စရာအကောင်းဆုံး တိရိစ္ဆာန်တွေအဖြစ်တောင် သတ်မှတ်နေကြတာပါ။

ဒီအကြောင်းကို ရုရှားနိုင်ငံထဲက ဓာတ်ပုံဝါသနာရှင်လေး မာကီဗာ က သူမရဲ့တကူးတက သွားရောက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့အတူ လူတွေပိုသိအောင် လုပ်ပေးခဲ့တာပါ။

boredpanda

မာကီဗာ ဟာ ဒီ တိရိစ္ဆာန်လေးတွေအကြောင်းကို ကြားကြားချင်းပဲ ရုရှားကနေ လေယာဉ်နဲ့ ထွက်လာခဲ့ပါတယ်။ အဲဒီနောက်တော့ သူမရဲ့ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာတွေထက်မှာ ပျံ့နှံ့သွားခဲ့ပြီး Quokkas တွေအကြောင်းကို လူတွေ ပိုသိလာခဲ့ကြပါတယ်။

ဒီအကောင်လေးတွေက သားပိုက်ကောင်မျိုးနွယ်ဝင်လေးတွေဖြစ်ပြီး မသိရင် ရှဥ့်လိုလို၊ ကြွက်အကြီးစားလိုလို အကောင်လေးတွေပါ။ ဒါပေမယ့် လူတွေနဲ့တော့ တအားကိုယဉ်ပါး ပါတယ်။ သူတို့ကို အစာကျွေးရင် အနားကို ကပ်လာတတ်တယ်။ သားပိုက်ကောင်နွယ်ဝင်ဆိုတဲ့အတိုင်းပဲ သူတို့ရဲ့ ၀မ်းဗိုက်အိတ်ထဲမှာ အကောင်သေးသေးလေးတစ်ကောင်က အမြဲရှိနေတတ်တယ်။

READ
သစ်ပင်ကို ခုတ်လိုက်ရင် သွေးထွက်တယ်ဆိုတဲ့ နဂါးသစ်ပင်ရှိရာသီးခြားကမ္ဘာလေး
boredpanda

ဒါပေမယ့် သူတို့က ရန်မပြုတတ်ကြပါဘူး။ Quokkas တွေက သြစတြေးလျအနောက်ဖက်ပိုင်းက ကျွန်းလေးတွေပေါ်မှာပဲ ရှိတတ်ကြပြီး တချို့အကောင်တွေဆိုရင် ကြောင်လောက်နီးနီး အရွယ်အစား ရှိကြပါတယ်။

သူတို့က အကောင်သေးပြီး မတိုက်ခိုက်တတ်တဲ့ သတ္တ၀ါတွေဖြစ်လို့ တစ်ခုခုဆိုရင်တော့ လျှင်လျှင်မြန်မြန်ပဲ ထွက်ပြေးသွားတတ်ကြတယ်။ ဒါပေမယ့် သူတို့ကို အစာကျွေးနေပြီဆိုရင်တော့ အဲဒီနားက မခွာတော့ပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး သဘောထားလိုက်ကြပုံပါပဲ။

boredpanda

အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် Quokkas လေးတွေက တကယ်ပဲ ချစ်စရာကောင်းတယ်ဆိုတာ သင် လက်ခံသွားပါလိမ့်မယ်။ ပြီးရင်တော့ တစ်ကောင်လောက် မွေးထားရရင် ကောင်းမှာပဲဆိုတဲ့အတွေးလည်း ပေါ်လာမိလိမ့်မယ်။

boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda

Linn

Source : .boredpanda

SHARE