လူတွေအတိုင်း ကစားနေခဲ့တဲ့ ချင်ပန်ဇီသားအမိနှစ်ကောင်ရဲ့ ကြည်နူးဖွယ် ဗီဒီယိုလေး 

ငယ်စဉ်တုန်းက လူကြီးတွေနဲ့ ကစားခဲ့တဲ့ ကစားနည်းလေး တစ်ခုကို မှတ်မိမယ်ထင်ပါတယ်။ ကလေးတွေကို လက် သို့မဟုတ် ခြေထောက်နဲ့ လေပေါ်ကို မြှောက်ပြီး ချီမတဲ့ ကစားနည်းလေးပါ။ လူကြီးတွေနဲ့ ကလေးတွေ အတူကစားတတ်တဲ့ ဒီနည်းလေးကို လူတွေပဲ ကစားတာ မဟုတ်ဘဲ မျောက်တွေကပါ ကစားတတ်တယ်ဆိုတာ အောက်မှာ ပြထားမယ့် ဗီဒီယိုထဲမှာ ချစ်စဖွယ် တွေ့မြင်နိုင်ပါတယ်။

အဆိုပါ ဗီဒီယိုကတော့ ချင်ပန်ဇီမျောက်တွေဟာ လူတွေနဲ့ ဘယ်လောက် နီးစပ်ပြီး ဘယ်လောက် လူတွေနီးပါး ဉာဏ်ရည်မြင့်လဲဆိုတာကို ဖော်ပြနေပါတယ်။ ချင်ပန်ဇီကြီး တစ်ကောင်ဟာ ချင်ပန်ဇီသားပေါက်လေးကို ခြေထောက်နဲ့ မြှောက်မြှောက်ပြီး ဆော့နေခဲ့ပါတယ်။ ချင်ပန်ဇီအမေကြီးဟာ သားပေါက်လေး ပိုပျော်အောင် ရိုးရိုးတန်းတန်း ချီမြှောက်ပေးရုံတင်မကဘဲ တုန်ခါမှုလေးတွေပါ လုပ်ပေးလိုက်ပါသေးတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ အပြန်အလှန် တင်းကြပ်စွာ ပွေ့ဖက်နေခဲ့ကြပါတယ်။ တော်တော်ကို ချစ်ဖို့ ကောင်းပြီး အံ့သြစရာကောင်းတဲ့ မြင်ကွင်းလေးပါ။

Tai Chimpanzee Project

ဗီဒီယိုကို Taï ချင်ပန်ဇီ ပရောဂျက်အဖွဲ့က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ချင်ပန်ဇီမျိုးနွယ်နဲ့ ပတ်သက်လို့ သုတေသနတွေကို နှစ်ပေါင်း ၃၀ ကြာ ပြုလုပ်နေခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ချင်ပန်ဇီများ မှီတင်းရှင်သန်နေထိုင်ရာ နေရာဒေသတွေကို အုပ်စုသုံးစု ခွဲပြီး လေ့လာနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ချင်ပန်ဇီတွေဟာ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပြီဖြစ်ပြီး အချို့ အာဖရိကနိုင်ငံတွေမှာဆိုရင် ချင်ပန်ဇီတွေ မကျန်ရှိတော့ဘူးလို့ သိရပါတယ်။ သစ်တောပြုန်းတီးခြင်းနဲ့ အမဲလိုက်ခြင်းတို့က ချင်ပန်ဇီတို့ မျိုးသုဉ်းခြင်းရဲ့ အဓိက အကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။

READ
သူငယ်ချင်းစိုင်းစိုင်းခမ်းလှိုင် ယနေ့အထိ အောင်မြင်နေရတဲ့အကြောင်းကို ပြောလိုက်တဲ့ စမိုင်း
PA

ဒီဗီဒီယိုလေးကို ကြည့်ပြီးလည်း အသိဉာဏ်မြင့်ပြီး ဂေဟစနစ်ကို အထောက်အကူပြုနေတဲ့ သားရိုင်းတိရိစ္ဆာန်လေးတွေကို မျိုးသုဉ်းခြင်းရန်မှ ကာကွယ်စောင့်ရှောက်ဖို့ စဉ်းစားလာမိကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

Ref: Lad Bible

SHARE