လူတွေ အိမ်တွင်းအောင်းနေချိန်မှာ မြို့ထဲကို ဝင်ကြီးစိုးနေကြတဲ့ သူတို့လေးတွေ

Twitter-okadennis

လက်ရှိဖြစ်ပွားနေတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် နိုင်ငံအနှံ့ကလူတွေဟာ ကြိုတင်ကာကွယ်ဖို့အတွက် အိမ်ထဲကနေ အိမ်ပြင်ကို မလိုအပ်ဘဲ မထွက်ကြတော့ပါဘူး။ ဒါကြောင့် လူသွားလူလာများပြီး သိပ်ကိုစည်ကားလှတဲ့ မြို့ပြကြီးတွေတောင်မှပဲ လူသွားလူလာကင်းရှင်းနေကြပြီမဟုတ်လား။

ဒီလိုအခြေအနေကို အခွင့်ကောင်းယူပြီး တိရိစ္ဆာန်လေးတွေဟာ မြို့ထဲမှာ ဟိုသည်လျှောက်သွားနေခဲ့ကြပါတယ်ဆိုပြီး မြို့ခံတွေကတစ်ဆင့် သိရပါတယ်။

ဒါကတော့ ဂျပန်မှာရှိတဲ့ နာရာမြို့မှာပါ။ သဘာဝပန်းခြံကြီးထဲမှာပဲနေပြီး ဘယ်တော့မှ လူတွေနေတဲ့စီကို ထွက်မလာတတ်တဲ့ သမင်လေးတွေဟာ အခုဆိုရင်တော့ မြို့ထဲကို အုပ်စုလိုက်ဝင်ပြီး ဟိုသည်သွားလာနေခဲ့ကြပါတယ်။ ဒါကိုတော့ နာရာမှာနေထိုင်သူ @okadennis ဆိုတဲ့ Twitter account ပိုင်ရှင်က မျက်မြင်တွေ့ခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။

Twitter-okadennis
Twitter-okadennis
Twitter-okadennis

ဒါကတော့ ထိုင်းနိုင်ငံမှရှိတဲ့ Lopburi မှာပါ။ မျောက်တွေဟာ လူတွေမလာတော့ အစာကျွေးမယ့်လူတွေ နည်းပါးသွားတာကြောင့် ဒီလိုမြို့ထဲအထိ တက်ပြီး အစာထွက်ကြဟန်တူတယ်လို့ ယူဆနေကြပါတယ်။ သတင်းအပြည့်အစုံကို ဒီမှာနှိပ်ဖတ်ပါ

READ
Gay မူစလင်တစ်ဦးရဲ့ ပထမဆုံး မင်္ဂလာပွဲဖြစ်ဖို့ရှိတဲ့ ဗြိတိန်က လိင်တူလက်ထပ်ပွဲ

အီတလီမှ Tumblr user တစ်ယောက်ကလည်း သီးခြားနေဖို့အမိန့်ထုတ်ပြီး ၃ ရက်မြောက်နေ့မှာ အခုလိုမျိုး မြင်ကွင်းကို တွေ့ခဲ့ရပါတယ်။ တောဝက်မိခင်ကြီးနဲ့ ကလေးလေးတွေဟာ မြို့ထဲမှာ လျှောက်သွားနေကြပါသတဲ့။

Tumblr-taylorswifh
Tumblr-taylorswifh

ဒါကလည်း အီတလီက မြို့တစ်မြို့မှာပါပဲတဲ့။

dopo-magari-lo-cambio

အီတလီနောက်တစ်မြို့မှာတော့ သိုးတစ်အုပ်အခုလိုပဲ ပျော်ပါးမြူးတူးစွာ သွားလာနေခဲ့ပါတယ်ဆိုပြီး Tumblr user အသီးသီးမှ ဝေမျှပေးခဲ့ပါတယ်။

bi-until-theday-idie

Bored Panda မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Penny

 

SHARE