အတော်ဆုံးနဲ့ အထူးခြားဆုံးတွေအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးခဲ့ကြတဲ့ သတ္တ၀ါများ

အချို့တိရစ္ဆာန်လေးတွေမှာ သာမန်ထက် ထူးခြားတဲ့ ပုံပန်းသွင်ပြင်ရှိပါတယ်။ အချို့ကလည်း သူတို့နဲ့ မျိုးနွယ်တူ တိရစ္ဆာန်တွေတောင် မလုပ်နိုင်တဲ့ ခဲယဉ်းတဲ့အလုပ်တွေကို လုပ်နိုင်ကြပါတယ်။ ဥပမာ စက်ဘီးနင်းတာမျိုး၊ ကြိုးခုန်တာမျိုး စသဖြင့်ပါ။ ဒီလို သတ္တ၀ါလေးတွေကိုတော့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းကနေ ကမ္ဘာပေါ်က အထူးခြားဆုံးနဲ့ အတော်ဆုံးတိရစ္ဆာန်လေးတွေအဖြစ် မှတ်တမ်းတင်ထားရှိပါတယ်။ ဒါကြောင့် ဘယ်တိရစ္ဆာန်လေးတွေကတော့ဖြင့် ဘယ်လိုအရည်အချင်းမျိုးတွေနဲ့ ဂင်းနစ်မှတ်တမ်းထဲ ၀င်ခဲ့ကြသလဲဆိုတာကို  insider ကနေ ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။

Purin

Purin အမည်ရတဲ့ ခွေးလေးတစ်ကောင်ဟာ တစ်မိနစ်အတွင်း ဘောလုံးသေး (၁၄) လုံး ဖမ်းယူနိုင်တဲ့ ကမ္ဘာ့အတော်ဆုံး ဂိုးဖမ်းသမားလေး ဖြစ်ပါတယ်။ Purin ကို အခုလို ကမ္ဘာ့စံချိန်ဝင်နိုင်အောင် သခင်ဖြစ်တဲ့ မာကာတိုကူမာဂါအီက လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ Purin ဟာ (၂၀၁၅) ခုနှစ်မှာ ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

Bini

Bini အမည်ရတဲ့ ယုန်လေးတစ်ကောင်ဟာ တစ်မိနစ်အတွင်း ဘတ်စ်ကတ်ဘောခြင်းထဲ ဘောလုံးအများဆုံးထည့်နိုင်တာကြောင့် (၂၀၁၆) ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ Bini ဟာ စက္ကန့်(၆၀) အတွင်း ခြင်းထဲကို ဘောလုံး(၇) ခါ တိတိ ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။

READ
တရုတ်ရိုးရာ ပြက္ခဒိန်ထဲက ၀က်နှစ်ဖွားသူတွေအကြောင်း သိကောင်းစရာ...

Norman

Norman အမည်ရတဲ့ ခွေးလေးကတော့ ကမ္ဘာ့စက်ဘီးနဲ့ စကူတာမောင်း အကျွမ်းကျင်ဆုံး ခွေးလေးဖြစ်ပါတယ်။ Norman ဟာ စက်ဘီး၊ စကူတာတွေနဲ့ မီတာ(၃၀) အကွာအဝေးထိ သွားဖူးပါတယ်။ Norman ဟာ ဇူလိုင်လ (၂၀၁၃) ခုနှစ်မှာ စကူတာကို (၂၀.၇၇) စက္ကန့်ကြာအောင် စီးနင်းခဲ့တာ ဖြစ်ပြီး (၂၀၁၄) ခုနှစ်မှာတော့ (၅၅) စက္ကန့်ကျော်ကြာအောင် စက်ဘီးစီးပြခဲ့တာ ဖြစ်ပါတယ်။

Cassius

Cassius အမည်ရတဲ့ မိကျောင်းဟာ လူတွေမွေးမြူထားသမျှ မိကျောင်းတွေထဲ အသက်အကြီးဆုံး ဖြစ်ပြီး အသက် (၁၁၀) ကျော်ပြီလို့ ခန့်မှန်းရပါတယ်။ မိကျောင်းကြီးဟာ အလျား (၁၇) ပေရှိပါတယ်။ Cassius ဟာ သြစတေးလျနိုင်ငံ Great Barrier Reef ထဲက တိရစ္ဆာန်ဥယျာဉ်ထဲမှာ ရှိပါတယ်။ သူဟာ (၂၀၁၁) ခုနှစ်ကမှ ဂင်းနစ်မှတ်တမ်းထဲ ၀င်ခဲ့တာ ဖြစ်ပါတယ်။

Zeus

Courtesy of Guinness World Records

Great Dane မျိုးစိတ် ခွေးကြီးမျိုးတစ်ကောင်ဖြစ်တဲ့ Zeus ဟာ အရပ်အမြင့်ဆုံး ခွေးကြီးတစ်ကောင်ပါ။ နောက်ခြေတွေပါ အားလုံးထောက်ပြီး မတ်မတ်ရပ်လိုက်ရင် (၇) ပေ (၄) လက်မ မြင့်ပါတယ်။  Zeus ဟာ (၂၀၁၁) ခုနှစ်မှာ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၂၀၁၄) ခုနှစ် (၅) နှစ်သားအရွယ်မှာတော့ သေဆုံးသွားခဲ့ပါတယ်။

READ
သရဲတွေနဲ့ စကားပြောလိုသူတွေ၊ တွေ့ဆုံလိုသူတွေ လိုက်နာရမယ့်အချက် (၇)ချက်

Barivel

Courtesy of Guinness World Records

Barivel အမည်ရတဲ့ ကြောင်တစ်ကောင်ဟာ ကမ္ဘာပေါ်မှာ ကိုယ်လုံးအလျားအရှည်ဆုံး အိမ်မွေးတိရစ္ဆာန်ကြောင် ဖြစ်ပါတယ်။ သူ့ကိုယ်လုံး အလျားက (၃) ပေနဲ့ (၁၁) လက်မ ရှိပါတယ်။ ကြောင်ကြီးဟာ (၂၀၁၈) ခုနှစ်မှာ ဂင်းနစ်စံချိန်ဝင်ခဲ့တာဖြစ်ပြီး အီတလီနိုင်ငံ ပါဗီယာမြို့မှာ သခင်ဖြစ်သူနဲ့အတူ ယနေ့တိုင် ရှိနေဆဲ ဖြစ်ပါတယ်။

Blosom

Courtesy of Guinness World Records

အရပ်အမြင့် (၆) ပေကျော်နဲ့ နွားကြီး Blosom ဟာ ကမ္ဘာ့အရပ်အရှည်ဆုံး နွားကြီးအဖြစ် (၂၀၁၄) ခုနှစ်က ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Blosom ကို အမေရိကန် အီလီနွိုက်ပြည်နယ်နေ ပက်ထရီစီယာမီဒ်ဟန်ဆန်ဆိုသူက ပိုင်ဆိုင်ပါတယ်။ Blosom ဟာ သူ့အသက် (၁၃) နှစ် (၂၀၁၅) ခုနှစ် မေလမှာပဲ သေဆုံးသွားခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE