နဂိုပုံသဏ္ဍာန်ကိုက ထူးထူးဆန်းဆန်းရှိနေကြတဲ့ တိရိစ္ဆာန်လေးများ

သဘာဝတရားကြီးဟာ သိပ်ကိုစမ်းကျယ်လွန်းလှပါတယ်။ ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ သက်ရှိတွေလောက်ပဲ သိတတ်ကြတာမို့ ကျယ်ပြောလွန်းလှတဲ့ သက်ရှိအမျိုးအစားတွေကြားထဲက ထူးဆန်းလွန်းတဲ့သတ္တဝါလေးတွေလည်း ရှိတတ်ကြပါတယ်။

ဓာတ်ပုံပညာပြင်ဆင်ခြင်းတွေ၊ အတုအပတွေမပါဝင်တဲ့ မြင်တွေ့ခဲလှတဲ့သက်ရှိသတ္တဝါလေးတွေအကြောင်း ပြောပြချင်ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ရေမှော်ပင်လို့ထင်ရပေမယ့် တကယ်တမ်းတော့သူဟာ ရေနဂါးမျိုးစိတ်တစ်ခုပါ။ Leafy Sea Dragon လို့ ခေါ်ပါတယ်။

Bright Side

သစ်ခွပန်းပွင့်လေးတွေနဲ့ ချွတ်စွတ်တူတဲ့ ပိုးကောင်လေးတွေပါ။ သစ်ရွက်ပုံသဏ္ဍာန်တွေလည်း ရှိတတ်ကြပါတယ်။

Bright Side

ပင်လယ်ပုစွန်တစ်မျိုးပါ။ လူတွေမှာမြင်နိုင်တဲ့ ရောင်ဟာ (၃) ရောင်တည်းရှိကြပေမယ့် သူတို့မှာတော့ မျက်လုံးတစ်ဖက်စီတိုင်းမှာ ရောင်စဉ်တွေကိုခွဲယူကြည့်နိုင်တဲ့ photoreceptors (၁၂) စီပါဝင်နေတာမို့ လူတွေမမြင်တွေ့နိုင်တဲ့အရောင်တွေကိုပါ မြင်တွေ့နိုင်ပါတယ်။

Bright Side

နတ်သမီးပုံပြင်ထဲက လင်းပိုင်လေးများလို့ ထင်ရစေမယ့် ပန်းရောင်လင်းပိုင်လေးတွေဟာ ပြင်ပလောကမှာတကယ်ရှိတဲ့ ရှားပါးမျိုးစိတ်လေးတွေပါ။

Bright Side

အကြေးခွံတွေကြောင့် နဂါးပေါက်လေးလို့ထင်ရစေမယ့် မြွေပွေးအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။

Bright Side

ငါးကိုများ Photoshop လုပ်ထားသလားလို့ထင်ရပေမယ့် တကယ့်ကိုကြည်ပြာရောင် လက်နေတဲ့ အကြေးခွံတွေနဲ့ ငါးဖြစ်ပါတယ်။

Bright Side

Alpaca လို့ခေါ်တဲ့အကောင်လေးတွေဟာ ကာတွန်းထဲက ချစ်စဖွယ် စိတ်ကူးယဉ် သတ္တဝါလေးတွေနဲ့ တူနေပါတယ်။ သူတို့ဟာ လူကိုခ င်တွယ်တတ်ပြီး အခြားသော တိရိစ္ဆာန်လေးတွေနဲ့ပါ ခင်ခင်မင်မင် ပူးတွဲနေတတ်ပါတယ်။

READ
စိတ်မသက်သာဖွယ်ရာ ခွဲစိတ်မှုခံယူခဲ့သူများ
Bright Side

တောင်အမေရိကမှာတွေ့ရတဲ့ မြေအောင်းသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ Armadillo ကောင်လေးတွေဟာ များသောအားဖြင့်ပန်းရောင်မရှိတတ်ကြပါဘူး။

Bright Side

ယုန်လိုလိုပူးလိုလိုအကောင်လေးကတော့ Patagonian Mara လို့ခေါ်ပါတယ်။

Bright Side

အင်ဒိုနီးရှားမှာ အများဆုံးတွေ့ရတဲ့ Proboscis မျောက်တွေပါ။ ဒီမျောက်တွေကိုကြည့်တိုင်း အရင်ကသူတို့နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ ဒတ်ခ်ျတွေနဲ့တူတယ်ဆိုပြီး ဒေသခံတွေကဆိုပါတယ်။

Bright Side

ပါရှန်းကြောင်အမျိုးအစားလေးဖြစ်တဲ့ Atchoum ဟာတော့ အင်တာနက်မှာနာမည်ကြီးဖြစ်ပါတယ်။

Bright Side

Sphynx ကြောင်တွေရဲ့ မူလပုံသဏ္ဍာန်ဟာ ဒီအတိုင်းပါပဲ။

Bright Side

Source: Bright Side

Penny

SHARE