ကိုယ့်ရဲ့အိမ်မှာ ကြောင် (၉)ကောင်နဲ့ ခွေး(၈)ကောင် မွေးထားတယ်ဆိုပါစို့။ အဲဒီ တိရစ္ဆာန်တွေကို တစ်နေရာတည်းမှာ ငြိမ်နေအောင်ထားပြီး ဓာတ်ပုံအတူရိုက်ဖို့ဆိုတာ လွယ်မယ်ထင်သလား။
နဂိုကတည်းကမှ ခွေးတွေကြောင်တွေဆိုတာ ငြိမ်ငြိမ်မနေတတ်တဲ့ သတ္တ၀ါတွေပဲမို့ တစ်နေရာထဲမှာ အများကြီး စုထားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
Corwen pet owner takes paw-trait with 17 cats and dogs: Getting the eight pooches in position was easy; the cats were another matter, owner Kathy Smith says. https://t.co/E5tPgA3ccL pic.twitter.com/e5HZBz056t
— Bendypragnell (@bendypragnell) December 3, 2019
ဒါပေမယ့် ကေသီ စမစ် ဆိုတဲ့ အသက် (၃၀)အရွယ် အမျိုးသမီးကတော့ အဲဒါကို ဖြစ်အောင် လုပ်ပြခဲ့ပါတယ်။
သူမ က ကြောင်(၉)ကောင်နဲ့ ခွေး(၈)ကောင်ကို အိမ်မှာ မွေးထားခဲ့သူဖြစ်ပြီး တစ်နေ့မှာတော့ သူမရဲ့ တိရစ္ဆာန်တွေကို တစ်နေရာတည်းမှာ စုပြီး ဓာတ်ပုံရိုက်ဖို့ စိတ်ကူးရခဲ့တယ်။
ဒါပေမယ့် သိတဲ့အတိုင်း ခွေးတွေကြောင်တွေဆိုတာ ဘယ်လိုမှငြိမ်ငြိမ်ထားလို့မရတဲ့အကောင်တွေမို့ သူမရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ခက်နေခဲ့တာပါ။
Family PAW-trait: Kathy Smith of Wales gets all 17 of her pets to pose for photo. Note the gray Maine coon sitting by the white dog. pic.twitter.com/IYxNTU3fcM
— Lorenzo The Cat (@LorenzoTheCat) December 3, 2019
ဒါပေမယ့် နှစ်ပတ်ကြာ ကြိုးစားပြီးတဲ့နောက်မှာတော့ ကေသီ တစ်ယောက် သူမရဲ့ စိတ်ကူးအတိုင်း ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ခဲ့ပြီး အဲဒီပုံထဲမှာ သူမရဲ့တိရစ္ဆာန်တွေကို အကုန်ထည့်ထားနိုင်ခဲ့ပါတယ်။
“အရင်ဆုံး ကြောင်တွေကို တစ်နေရာတည်းမှာ ရှိနေအောင် လုပ်ရတယ်၊ သူတို့က အဓိက ပဲလေ။ ခွေးတွေကတော့ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ရှိနေဖို့ လွယ်ပါတယ်” လို့ ကေသီက ဆိုပါတယ်။

သူမ ကင်မရာ ချိန်နေချိန်မှာပဲ ကြောင်တွေက နေရာကနေ ထွက် ထွက်သွားတာမို့ တစ်နေရာတည်းမှာ ပြန်ဖြစ်အောင် အချိန်ယူရတာက တော်တော်ကြာတယ်လို့ ကေသီက သူမရဲ့ တွစ်တာကနေ ရေးသားသွားခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာမှာတော့ ကေသီရဲ့ ဓာတ်ပုံတွေက နာမည်ကြီးသွားခဲ့ပြီး တိရစ္ဆာန်တွေ ဒီလောက်အများကြီးကို တစ်နေရာတည်းမှာ ရှိနေအောင်လုပ်ပြီး ရိုက်ဖို့ဆိုတာ ဘယ်လိုမှ လွယ်တဲ့အလုပ်မဟုတ်ဘူးလို့ အများစုက မှတ်ချက်ပေးခဲ့ကြပါတယ်။
Linn