ကမ္ဘာပေါ်မှာ သတ္တဝါအသစ်လေးတွေ၊ ထူးဆန်းတဲ့ မျိုးစိတ်သစ်လေးတွေကို မကြာခဏတွေ့ရှိရလျက် ရှိပါတယ်။ သင်ဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူတစ်ယောက်ဆိုရင်တော့ ဒီသတ္တဝါလေးတွေကို ပိုလို့တောင် ချစ်သွားမှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိမျိုးစိတ်လေးတွေထဲက သင်မသိသေးတဲ့ မမြင်ဖူးသေးတဲ့ သဘာဝတရားကြီးရဲ့ လက်ဆောင်လေးတွေကို ကြည့်ကြည့်လိုက်ပါဦး။
(၁) Echidna

ဒီသတ္တဝါလေးဟာ လက်တစ်ဆုပ်စာလေးပဲရှိပြီး နှာခေါင်းနဲ့ လျှာလေးကအစ တစ်ကိုယ်လုံး ကြည့်ရတာ အဆန်းတွေချည်းပဲဖြစ်နေပါတယ်။
(၂) လင်းနို့နားရွက်နဲ့ မြေခွေး

ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ လင်းနို့နားရွက်နဲ့ မြေခွေးလေးတွေဟာ အရမ်းကို ဥာဏ်နီဥာဏ်နက် များတာကြောင့် သွားမစမ်းတာ အကောင်းဆုံးပါပဲ။
(၃) Eastern Quoll

အသားစား နို့တိုက်သတ္တဝါအမျိုးအစားဖြစ်တဲ့ ဒီအကောင်လေးတွေဟာဆိုရင် သြစတေးလျနိုင်ငံမှာ တွေ့ရှိနိုင်တဲ့ မျိုးစိတ်လေးပဲဖြစ်ပါတယ်။
(၄) Tarsier

ဒီသတ္တဝါလေးဟာ မသိရင် ဂြိုလ်သားလေးနဲ့တောင်တူနေပါသေးတယ်။ သူ့ရဲ့လက်ချောင်း၊ ခြေချောင်းလေးတွေက မျောက်နဲ့လည်း ခပ်ဆင်ဆင်ပါ။
(၅) Pangolin

ဒီသတ္တဝါကြီးဟာ ဒိုင်းလိုမျိုးအကြေးခွံကြီးတွေပါပြီး အကောင်လည်းကြီးတာကြောင့် အန္တရာယ်ရှိမယ်လို့တော့ ယူဆရပါတယ်။
(၆) Dik Dik

သမင်နဲ့တူတဲ့ တောဆိတ်အမျိုးအစားတွေထဲမှာ ဒီသတ္တဝါလေးက အသေးဆုံးလေးပါ။
(၇) Okapi

ဒီသတ္တဝါဟာ Democratic Republic of the Congo မှာတွေ့ရတာဖြစ်ပြီး မြင်းကျားနဲ့ သစ်ကုလားအုပ်တို့နဲ့ ဆင်တူပါတယ်။
(၈) Tapir

ဒီမျိုးစိတ်ဟာ တောဝက်၊ ကြံ့တို့နဲ့ ဆင်တူပါတယ်။ ရှေ့ခြေမှာ ခြေချောင်းလေးချောင်းရှိပြီး နောက်ခြေမှာ ခြေချောင်းသုံးချောင်းပဲရှိပါတယ်။
(၉) လင်းနို့ဖြူ

ကမ္ဘာပေါ်မှာရှိတဲ့ လင်းနို့ဖြူမျိုးစိတ်နှစ်မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ဘောက်ဖတ်နဲ့တောင် ဆင်တူပါတယ်။
(၁၀) Axolotl

မသိရင်ဒါက အရုပ်လို့တောင်ထင်ရပါတယ်နော်။ ဒါပေမယ့်လည်းဒါဟာ အိမ်မှာတောင်မွေးနေကြတဲ့ ရေနေ သတ္တဝါမျိုးစိတ်တစ်ခုဖြစ်ပါတယ်။
(၁၁) Sunda Colugo

ဒီမျိုးစိတ်လေးကတော့ ချွန်ထက်တဲ့လက်သည်းတွေပါပြီး ရှဥ့်ပျံနဲ့ဆင်ပါတယ်။
(၁၂) Pudu

ဒါလေးကတော့ ကမ္ဘာ့အသေးဆုံးနဲ့ ချစ်စရာအကောင်းဆုံး ရွှေသမင်လေးဖြစ်ပါတယ်။
(၁၃) Dumbo Octopus

ဒါလေးကတော့ ပင်လယ်ကြမ်းပြင်မှာနေထိုင်တဲ့ ယုန်နဲ့တူတဲ့ ရေဘဝဲလေးဖြစ်ပါတယ်။
(၁၄) Gundi

ဒါလေးကတော့ အာဖရိကရဲ့ ကန္တာရထဲမှာ နေထိုင်ကျက်စားတဲ့ ကြွက်ကြီးတွေဖြစ်ပါတယ်။
(၁၅) Elephant Shrew

ဒါလေးကတော့ ဆင်လိုမျိုးနှာမောင်းရှည်ရှည်လေးနဲ့ ကြွက်လိုလို သတ္တဝါလေးဖြစ်ပါတယ်။
(၁၆) Bongo

ဒါကတော့သမင်မျိုးစိတ်ထဲမှာ အကြီးဆုံးလို့ပြောလို့ရပြီး အဖြူစင်းတွေပါတဲ့ သားရေကြောင့် အာဖရိကတိုက်ရဲ့ အထင်ကရ သတ္တဝါတွေထဲမှာ ပါဝင်ကြပါတယ်။
(၁၇) Patagonian Mara

ဒါလေးတွေကတော့ ယုန်လိုလို၊ သမင်လိုလို ထင်ရပေမယ့် အာဂျင်တီးနားမှာ တွေ့ရှိရတဲ့ အကိုက်သန်တဲ့ သတ္တဝါလေးတွေပဲဖြစ်ပါတယ်။
(၁၈) Fennec Fox

ကမ္ဘာ့အသေးဆုံး မြေခွေးမျိုးစိတ်ဖြစ်ပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ရှည်လျားတဲ့နားရွက်လေးတွေကို ပိုင်ဆိုင်ထားပါတယ်။
Em Em(Auntymay)