
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် British သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်သူ Anna Friel ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Land Of the Lost, Limitless, Goal! , London Boulevard, Me Without You အစရှိတဲ့ နာမည်ကျော် ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ Anna Friel ဟာ သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းလိုလိုမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင် ရုပ်ရှင်ထူးချွန်ဆုများစွာကို ရရှိထားတဲ့ မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုလည်း မကြာသေးခင်တုန်းက Anna ဟာ COVID 19 ကြောင့် lockdown ကျနေတဲ့ အချိန် ၂ ပတ်အတွင်း ၄ နှစ်ကျော် တွဲလာခဲ့တဲ့ သူမရဲ့ ချစ်သူနဲ့ ပြတ်ခဲ့ရတဲ့အကြောင်းကို ဖွင့်ပြောလာခဲ့ကြောင်း Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အသက် (၄၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Anna ဟာ စစ်တပ်က Major Mark Jaworski လို့ အမည်ရတဲ့ ဗိုလ်ချုပ်တစ်ဦးနဲ့ ချစ်ကြိုက်နေတာ တော်တော်ကြာခဲ့ပါပြီ။ သူတို့နှစ်ဦးဟာ Windsor မြို့မှာ ပြုလုပ်တဲ့ charity ညစာစားပွဲတစ်ခုမှာ တွေ့ခဲ့တာဖြစ်ပြီး နှစ်ယောက်သား တွဲလာခဲ့တာ အခုဆိုရင် ၄ နှစ်တောင် ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ Lockdown စကျတဲ့အချိန် ၂ ပတ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် သိပ်မတွေ့ဖြစ်သလို အဆက်အသွယ်လည်း သိပ်မလုပ်ဖြစ်ခဲ့တာကြောင့် အခုလို ပြတ်စဲသွားခဲ့ကြတာ ဖြစ်ပါတယ်။
View this post on Instagram
“COVID 19 ကပ်ရောဂါကြောင့် Lockdwon ၂ ပတ်ချပြီး အိမ်မှာပဲ နေကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီနောက် ကျွန်မလည်း ကျွန်မအိမ်မှာ ကျွန်မသမီးလေးနဲ့ အတူတူနေပြီး လုပ်စရာရှိတဲ့ ကိစ္စတွေကို အိမ်ကနေပဲ လုပ်ဖြစ်ခဲ့ပါတယ်။ သူလည်း သူ့အလုပ်တွေနဲ့သူ ရှုပ်နေမှာပါပဲ။ ဒီလိုနဲ့ Lockdown ကျပြီး ၂ ပတ်အကြာမှာ ကျွန်မတို့ လမ်းခွဲခဲ့ကြပါတယ်။ အဓိကကတော့ Lockdown ကျနေတဲ့ အချိန်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မလုပ်ဖြစ်သလို တွေ့လဲမတွေ့ရတော့ နည်းနည်းလေးကြာလာတာနဲ့ သွေးအေးသွားတာပါပဲ။ ကျွန်မလိုပဲ တစ်ခြားအတွဲတွေလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးက အိမ်မှာနေနေရတဲ့ အချိန်မှာဆို ပိုပြီး အထီးကျန်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ချစ်သူတွေက တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးရင် ပြတ်သွားကြတာ များပါတယ်”လို့ Anna က You magazine သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw