ပေ ၂၀၀၀ အမြင့်ရှိတောင်ကိုတက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့တဲ့မိန်းမငယ်

Matt Pycroft Coldhouse Collective & Berghaus

အသက်(၂၁)နှစ်သာရှိသေးတဲ့ Briton သူ Anna Taylor ဟာ Guyana မိုးသစ်တောမှာရှိတဲ့ ကြောက်စရာကောင်းပြီး မတ်စောက်တဲ့ Mount Roraima တောင်နံရံကြီးကို အောင်မြင်စွာတက်နိုင်တဲ့ ပထမဆုံးအမျိုးသမီးငယ်တစ်ဦးဖြစ်လာခဲ့ပါတယ်လို့ Daily Mail မှာ ဖော်ပြခြင်းခံလာခဲ့ရပါတယ်။။ ဒါဟာသူမအတွက် ကမ္ဘာ့ အခက်အခဲအကြမ်းတမ်းဆုံးတောင်တက်တဲ့စိန်ခေါ်မှုတစ်ခုကို ပြီးမြောက်ခဲ့တာလည်းဖြစ်ပါတယ်တဲ့။

Taylor တို့တောင်တက်အဖွဲ့မှာ အဖွဲ့ဝင်(၆)ဦးပါဝင်ပါတယ်။ သူတို့ဟာ တောင်နေရာကိုရောက်ရှိဖို့ ခက်ခဲကြမ်းတမ်းပြီး လမ်းစမရှိတဲ့ တောနက်ကြီးရဲ့မိုင်ပေါင်း(၃၃)မိုင်လောက်ကို အရင် ဖြတ်သန်းလာခဲ့ရတာပါ။

Matt Pycroft Coldhouse Collective & Berghaus

အဖွဲ့ခေါင်းဆောင်ကတော့ အသက်(၃၉)နှစ်အရွယ် Leo Houlding ဖြစ်ပြီး၊ Taylorကတော့ အဖွဲ့ထဲ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။  သူတို့ဟာ တစ်လနီးပါးကြာတဲ့ဒီခရီးစဉ်အတွင်း အန္တရာယ်အခက်အခဲမျိုးစုံကို ရင်ဆိုင်တွေ့ကြုံခဲ့ကြရပြီး၊ အဆိပ်ပြင်းတဲ့ ပင့်ကူတွေ၊ မြွေတွေ၊ ကင်းမြီးကောက်တွေနဲ့ကင်းခြေများ စတဲ့အကောင်တွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

အခုလို တောင်နံရံကြီးရဲ့ အမြင့်ပေ(၂၀၀၀)ထိပ်ဦးကို ရောက်ရှိဖို့ (၂)ပတ်ကျော်အချိန်ကြာမြင့်ခဲ့ပြီး၊ ဒေါင်လိုက်မျက်နှာပြင်ဖြစ်နေတဲ့တောင်နံရံကြီးကို ကြိုးတွေနဲ့အချိန်ကြာတွယ်တက်ခဲ့ကြတဲ့ သူတို့ရဲ့အတွေ့အကြုံတွေဟာ ဘ၀မှာ တန်ဖိုးဖြတ်မရတဲ့အရာတွေပဲလို့ Taylorကပြောပါတယ်။

Matt Pycroft Coldhouse Collective & Berghaus

“ဘယ်လောက်တောင် ခက်ခဲလဲဆိုရင် တောင်နံရံကြီးက အရမ်းကိုမတ်စောက်တယ်။ အလွန်ခက်ခဲတဲ့စိန်ခေါ်မှုတွေပါပဲ။ တောင်စွန်းဘေးနားတွေမှာ portaledges’ တွဲလောင်ချရွက်ဖျင်တဲတွေနဲ့ချည်ပြီး အိပ်ခဲ့ရတယ်။ အောက်ကိုကြည့်လိုက်ရင် အသဲထိတ်စရာ ချောက်ကမ်းပါးကြီးလေ။ တစ်ချိန်လုံးကြိုးတွေနဲ့တွယ်တက်ခဲ့ရပြီးတော့၊ ထိုင်ရုံသာရတဲ့ သုံးပေလောက်အကျယ်ရှိတဲ့ တောင်စွန်းပေါ်မှာ စခန်းချနားကြရတာလို့ဆိုပါတယ်။ အဲ့ဒီရက်အတောတွင်းက ရာသီဥတုအခြေအနေကလည်း နဲနဲစိုးရိမ်လာရပြီး၊ တောင်ထိပ်ကိုရောက်မှရောက်ပါ့မလားလို့စိတ်ပူခဲ့ကြသေးတယ်။ ဒါပေမယ့် တောင်ထိပ်ကိုရောက်သွားချိန်မှာတော့ အတိုင်းမသိပျော်ရွှင်ခဲ့ရတယ်” လို့ လက်ရှိမှာ အိမ်ပြန်ရောက်နေပြီဖြစ်တဲ့ Taylorကဆိုပါတယ်။

READ
မင်္ဂလာဓာတ်ပုံရိုက်နေစဉ်၊ ရေနစ်နေတဲ့ကလေးမလေးကို ကယ်ဆယ်နိုင်ခဲ့တဲ့စုံတွဲ
Matt Pycroft Coldhouse Collective & Berghaus
Matt Pycroft Coldhouse Collective & Berghaus

Miss Taylor ဟာ ဒီတောင်တက်အဖွဲ့ဝင်တွေထဲ  တစ်ယောက်ထဲသောမိန်းကလေးဖြစ်ပြီးတော့ ၊ တောင်ထိပ်ကို အောင်မြင်စွာရောက်ရှိတဲ့ မိန်းကလေးတစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့မိဘတွေကလည်း တောင်တက်ခြင်းကို ၀ါသနာပါသူတွေဖြစ် တဲ့အတွက်လည်း အင်အားတွေများစွာရခဲ့တယ်လို့ဆိုပါတယ်။

ဆယ်နှစ်သမီးကတည်းက တောင်တက်ခရီးကြမ်းတွေကို Taylor တစ်ယောက် စတင်ခရီးနှင်နေခဲ့ပါပြီ။

ဒီMount Roraima တောင်ကြီးအကြောင်းကိုတော့ (၁၅၉၅)ခုနှစ်က စာရေးဆရာ Sir Walter Raleighက ပထဆုံးရေးသားဖော်ပြခဲ့တာလို့သိရပါတယ်။

Khaing

 

SHARE