“365 Days” ရိုက်ဖို့ ဇာတ်လမ်းဖတ်ပြီး ငြင်းဖို့ထိလုပ်ခဲ့တယ်ဆိုတဲ့ Anna-Maria Sieklucka

celebrities' Instagram

Netflix ရဲ့ အီတလီရိုမန့်တစ်ဒရာမာကားတစ်ကားဖြစ်တဲ့ “365 Days” ကို ကြည့်ပြီးပြီလား။ တကယ့်ကြမ်းလှရမ်းလှတယ်ဆိုတဲ့ ဇာတ်ကွက်တွေကြောင့် ပရိတ်သတ်တွေကြားထဲ လက်ရှိအချိန်ထိ ရေပန်းစားကျော်ကြားနေခဲ့တာပါ။

အဲဒီအထဲက Laura အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Anna-Maria Sieklucka ကတော့ ဇာတ်ညွှန်းကိုဖတ်ဖတ်ပြီးချင်းမှာပဲ ဒီကားကို လုံးဝလက်မခံဘဲ ငြင်းခဲ့ပါတယ်ဆိုပြီး The Oprah Magazine မှာ ဖော်ပြထားခဲ့ပါတယ်တဲ့။ သူမဟာ ပိုလန်မှ မင်းသမီးတစ်ဦးဖြစ်ပြီး ပိုလန်မှာလည်း တချို့သော မထင်မရှားဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေမှာသာ ပါဝင်ဖူးခဲ့တာပါ။ အခုလိုမျိုး Netflix ကနေ လာရောက်ကမ်းလှမ်းတဲ့အပေါ်မှာလည်း ဝမ်းသာပေမယ့် စစချင်းမှာတော့ သူမလုပ်ရမယ့် ဇာတ်ကွက်တွေကြောင့် ငြင်းခဲ့တာပါတဲ့လေ။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ရိုက်ကူးဖြစ်သွားတယ်ပေါ့။

READ
ချောင်းသာမှာ ကားရိုက်ရင်း မိသားစုကို လွမ်းနေတဲ့ သက်မွန်မြင့်

https://www.instagram.com/p/Bqs16ZnlPxD/

Anna-Maria Sieklucka ရဲ့အကြောင်းလေးကို နည်းနည်းဖော်ပြပေးချင်ပါတယ်။ Anna-Maria Sieklucka ဟာ ပိုလန်နိုင်ငံ၊ Lublin မှာ မွေးဖွားခဲ့တာပါ။ ၁၉၉၂ ခုနှစ်ဖွားမလို့ လက်ရှိအချိန်မှာ အသက် ၂၈ နှစ်သာရှိပါသေးတယ်။ ဖခင်ဟာ နာမည်ကြီးရှေ့နေတစ်ဦးဖြစ်ပေမယ့်လည်း သမီးဖြစ်သူရဲ့ အနုပညာပိုးကို ဂုဏ်ယူစွာ ထောက်ခံပေးသူလည်းဖြစ်ပါတယ်။

365 ထဲကမင်းသားနဲ့ လိုက်ဖက်လွန်းတယ်ဆိုပေမယ့်လို့ တကယ့်လက်တွေ့မှာတော့ Anna-Maria Sieklucka ဟာ Łukasz Witt-Michałowski ဆိုတဲ့ ရုပ်ရှင်မင်းသားဒါရိုက်တာတစ်ဦးနဲ့ ပေါ်ပေါ်တင်တင်ပဲ တွဲနေခဲ့တာ ကြာနေပါပြီတဲ့။

လက်ရှိအချိန်မှာတော့ သူမအနေနဲ့ 365 Days ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ရိုက်ကူးနေခဲ့ပြီး မင်းသား Michele နဲ့လည်း စုံတွဲသီချင်းဆိုမလားတောင် မသိဘူးလို့လည်း အရိပ်အမြွက်ပြောလာခဲ့ပါသေတယ်။

READ
"ကိုယ့်အကြည့်တွေအောက်မှာ ကျရှုံးပါ.." လို့ ပြောလာတဲ့ ခင်အင်ကြင်းကျော်

 

penny

SHARE