ဆယ်ကျော်သက်ဘဝမှာဒုက္ခိတမိခင်ကိုပြုစုရင်း အောင်မြင်ချမ်းသာတဲ့ CEO ဖြစ်လာခဲ့သူ

Annastasia Seebohm ဟာ အသက် ၃၂ နှစ်တည်းနဲ့ လုပ်ငန်းကြီးတစ်ခုမှာ CEO နေရာမှ ဦးဆောင်တာဝန်ယူလုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အသက်အငယ်ဆုံး CEO များစာရင်းထဲလည်း ပါဝင်နေပါတယ်။ အခုလိုမျိုး အများတကာရုန်းကန်နေရတဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုမှာ လုပ်ငန်းလောကထဲထိပ်ဆုံးရာထူးကို ပိုင်ဆိုင်ရရှိကာ အောင်မြင်ဖို့ဆိုတာဟာ ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကြောင့်လည်း အများကြီးပါဝင်နေတယ်လို့ ပြောသွားခဲ့ပါတယ်။

Instagram

ဂရိသူလေး Annastasia Seebohm ဟာ သူမရဲ့မိဘတွေ အသက် ၁၂ နှစ်မှာ ကွာရှင်းပြီးတဲ့အချိန်မှာတော့ မိခင်ဖြစ်သူနဲ့ နှစ်ယောက်တည်း UK ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အမေတစ်ခုသမီးတစ်ခုဘဝမို့လို့ တစ်ယောက်နဲ့တစ်ယောက် အရင်ကထက်ပိုပြီး သံယောဇဉ်အမြစ်တွယ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ Annastasia ရဲ့ မိခင်ရဲ့ဦးနှောက်မှာ ပြဿနာတစ်ခုဖြစ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မလှုပ်ရှားနိုင်တော့ဘဲ ဒုက္ခတိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။

Instagram

အဲဒီအချိန်မှာ Annastasia ဟာ ဆယ်ကျော်သက်အရွယ်သာရှိပါသေးတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ပေးကာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ မိခင်ကိုယ်တိုင် ပြိုလဲသွားတဲ့အခါမှာတော့ သူမအနေနဲ့ အလုပ်ထွက်လုပ်ကာ တခြားကလေးတွေထက် ပိုပြီးရင့်ကျက်တဲ့အတွေးအခေါ်တွေဝင်သွားခဲ့ပုံပါပဲ။

READ
နို့ချိုမတိုက်ကျွေးနိုင်တဲ့ ဇနီးသည်ကိုယ်စား မွေးကင်းစ ရင်သွေးလေးကို နို့တိုက်ကျွေးခဲ့တဲ့ ဖခင်

လုပ်ငန်းခွင်ထဲ စစဝင်တဲ့အခါမှာတော့ executive assistant အနေနဲ့ စလုပ်ခဲ့တာပါ။ အစည်းအဝေးတွေမှာ ဌာနတိုင်းကတင်ပြတဲ့စကားတွေအပေါ် သူမနဲ့မသက်ဆိုင်ဘဲလည်း သူမအမြင်တွေကို ထုတ်ပြောပြခဲ့တဲ့အတွက် အထက်အရာရှိတွေနဲ့ ပိုင်ရှင်တွေက သူမကို အာရုံထားမိခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူမရဲ့အရည်အချင်းတွေကို သတိထားမိကာ တဖြည်းဖြည်းရာထူးတက်လာပြိး အခုအချိန်မှာတော့ Global ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ယူနေရပြီဖြစ်ပါတယ်။

Instagram

UK မှာ နေနေခဲ့ပေမယ့်လို့ အခုအချိန်မှာတော့ US ဘက်က စီးပွားရေးကို ဦးစားပေးကိုင်နေရပြီ့း လက်အောက်မှာလည်း ဌာနပေါင်း ၆၀ ကျော်မှ ခေါင်းဆောင်အသီးသီးကို အုပ်ချုပ်နေရပါတယ်။

အမျိုးသမီးလည်းဖြစ်၊ အသက်ကလည်း CEO တစ်ယောက်ဖြစ်ဖို့အတွက် ငယ်လွန်းသေးတာကြောင့် Annastasia အနေနဲ့ အလုပ်ခွင်မှာ အခက်အခဲတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေအပြင် ပညာစမ်းတာတွေအထိပါ ကြုံတွေ့ဖူးခဲ့ပါတယ်။

Instagram

Source: The Sun

Penny

SHARE