The Witches ရုပ်ရှင်ဇာတ်ကားမှာ စုန်းမအဖြစ် သရုပ်ဆောင်မယ့် Anne Hanthaway

The Witches (2020)

အောက်တိုဘာလကတော့ ဒီလိုသဘာဝလွန်ဖြစ်ရပ်တွေအတွက် ထူးထူးခြားခြားလတစ်လပါပဲ။ Halloween ရှိနေတဲ့အတွက်ကြောင့် ဟောလိဝုဒ်အပါအဝင် ကမ္ဘာတစ်လွှားလုံးက ရုပ်ရှင်လောကမှာ သရဲကားတွေ၊ ထူးထူးခြားခြား ပရလောကတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေထွက်လာနေကျပါ။

အခုလည်း ဟောလိဝုဒ်မှာ  ပြောစမှတ်တွင်လောက်မယ့် ရုပ်ရှင်တစ်ကားဒီလထဲမှာ ထွက်လာတော့မှာပါ။ ဒီထဲမှာ နာမည်ကြီး မင်းသမီးတွေလည်း အများကြီး  ပါဝင်လို့နေပါတယ်။ သူမကတော့ Anne Hathaway ပါ။

The Witches (2020)

အားလုံးသိကြတဲ့အတိုင်း Anne Hathaway ဆိုတာဟာ ရိုက်လိုက်တဲ့ ဇာတ်ကောင်တိုင်းဟာ တမူထူးခြားပြီး လုံးဝပေါက်ခဲ့တဲ့ ဇာတ်ကောင်တွေချည်းပါပဲ။ အခုလည်း ဒီ ဇာတ်ကားသစ်ရဲ့ နာမည် “The Witches” ဆိုတဲ့အတိုင်း Anne Hathaway ဟာ စုန်းစအဖြစ်သရုပ်ဆောင်ထားပါတယ်။ စုန်းမတောင်မှပဲ စုန်းမခေါင်းဆောင်သဘောမျိုးပေါ့။

The Witches (2020)

ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ စုန်းမတွေဆိုတာ ကလေးတွေကို မုန်းကြသတဲ့။ ဒါကြောင့် ကမ္ဘာအနှံ့က စုန်းမအဖွဲ့အစည်း Grand High Witch ကနေပြီး မြို့လေးတစ်မြို့ကို ရောက်လာခဲ့ကြပြီး လောကမှာရှိသမျှ ကလေးတွေအကုန်လုံးကို ကြွက်တွေအဖြစ်ပြောင်းပစ်ဖို့ပါပဲ။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်လေးကိုတော့ လာမယ့် အောက်တိုဘာလ ၂ ရက်န့မှာပဲ ထုတ်လွှင့်ပြသသွားမှာပါတဲ့။

READ
လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ သီချင်းနဲ့ ချစ်စရာကောင်းနေတဲ့ သွန်းဆက်ရဲ့ ဗီဒီယိုဖိုင်
The Witches (2020)
The Witches (2020)

ကဲ.. ဒါကတော့ trailer လေးပါ။ ကြည့်လိုက်ကြပါဦး။ The Witches ဟာ ၁၉၉၀ ခုနှစ်တုန်းကလည်း မူရင်းရုပ်ရှင်တစ်ကား ထွက်ခဲ့ဖူးပါသေးတယ်။ အဲဒီအချိန်တုန်းကလည်း ကလေးတွေအတွက် အိပ်မက်ဆိုး၊ ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။

penny

SHARE