Canada မှာ နှစ်စဉ်ဆင်နွှဲနေကျဖြစ်တဲ့ နိုင်ငံကတကာရေခဲဆံပင်ပြိုင်ပွဲကြီး

ကနေဒါနိုင်ငံသားတွေဟာ နှစ်စဉ်ဒီလိုအချိန်ဆို အမြဲတမ်း ဆံပင်ခဲနေတဲ့ ဓာတ်ပုံတွေ တင်လေ့ရှိကြပါတယ်။

9GAG

International Hair Freezing Contest ဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ မှာ စတင်လုပ်ခဲ့တာဖ်ြပြီး အရင်ကတည်းကပြုလုပ်ခဲ့တဲ့ Yukon Sourdough Rendezvous ပွဲကို တမူဆန်းသစ်အောင်ပြောင်းလဲထားတာပါ။

ဆောင်းရာသီကာလကြီးမှာ သဘာဝအလျာက်ဖြစ်တဲ့ ရေပူစမ်းတွေ Takhini မှာ အများကြီးရှိပါတယ်။ အဲဒီရေပူစမ်းတွေမှာ စိမ်နေရင်တော့ အအေးဓာတ်တွေကို ခံစားမိမှာမဟုတ်ပေမယ့် ရေနဲ့တိတဲ့ဆံပင်တွေကတော့ ဆောင်းရာသီရဲ့အအေးဓာတ်ကြောင့် ရေခဲသွားတတ်ကြပါတယ်။

ဆံပင်တွေတင်မဟုတ်ပဲ မျက်နှာပေါ်ကရှိသမျှအမွှေးအမျှင်တွေအကုန်လုံး ရေခဲသွားတတ်တာမို့ ရယ်စရာပုံစံတွေဖြစ်သွားတဲ့ ပုံရိပ်တွေကို ဓာတ်ပုံရိုက်ကူးကာ ဒီပွဲမှာ ပါဝင်ဆင်နွှဲတတ်ကြတာပါ။ မတ်လမှာတော့ အနိုင်ရရှိသူကို ကြေငြာတတ်ပြီး ဆုအနေနဲ့ကတော့ Best Male Photo, Best Female Photo, Best Creative Photo နဲ့ Best Group Photo တို့ဖြစ်ပြီး ဆုတစ်ခုချင်းဆီကို ဒေါ်လာ (၇၅၀) နဲ့ ရေပူစမ်းမှပေးတဲ့ အကြိမ် (၃၀) free ရေစိမ်ခွင့်ကို ရရှိဦးမှပါ။

READ
စိတ်မချမ်းမြေ့ဖွယ်ဓာတ်ပုံတွေကို ဟာသမြောက်ဖွယ်ဓာတ်ပုံတွေအဖြစ်ပြောင်းလဲခဲ့သူ

ပြိုင်ပွဲဝင်ပုံလေးတွေကို ကြည့်လိုက်ကြပါဦးနော်။

9GAG

အန်တီကမိုက်တယ်။

9GAG

မာမီခဲ သမီးခဲ

9GAG

ဂျိုလေးတစ်ဖက်နဲ့

9GAG

အထာကျချက်

9GAG

ဆံပင်ကလည်း ဦးထုပ်အတိုင်းပဲ

9GAG

ဟာ.. ဘဲကြီး..

9GAG

အရမ်းတွေကြွေလွင့်နေပါပြီ

9GAG

ရေခဲဘုရင်မလေးလား

9GAG

Source: 9GAG

Penny

SHARE