မေးခွန်း(၅)ခုကို ဖြေရုံနဲ့ သင့်စိတ်ကို ဖတ်ပြမယ့် (Psycho test)

Image:.freepik

Psycho test တွေကို နှစ်သက် သ ဘောကျတဲ့ SHWEMOM စာ ဖတ်သူ တွေ အ တွက် သင့်အ  ကြောင်းကို ပြောပြ ပေးမယ့် အ ပျင်း ပြေ Psycho test လေး တစ်ခု ကို ပြန်လည် ဝေ မျှ ပေး ချင်ပါတယ်။ ပေးထား တဲ့ေ မးခွန်းလေး (၈) ခုကို ဖြေ ပေးရမှာပါ။အ ဖြေမှာက ရွေးချယ်စရာ လေးတွေ အများကြီးပါတာမို့ ရော မ သွေား အောင် ဘော ပင် လေးနဲ့ စာရွက်လေးကို ယူပြီး ချ ရေးထားပါ။ပြီးရင်တော့ စိတ်ထဲမှာ ပုံဖော် ပြီး  ရွေးလိုက် ရုံပါပဲ။ စိတ် က အေး ဆေး လေး ရှိနေတဲ့ အချိန်မှာ စိတ်ထဲမှာ ပုံဖော်ပြီး ဖြေတာ မျိုးက ပို မှန် ကန် ထိ ရောက်ပါတယ်။

မေးခွန်း (၁)

Image:.freepik

သင်အခုေ ကြာက်စရာ သတ္တ၀ါဆိုးကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။သူတို့ဘာ အ ကြောင်း ကြောင့် သင့် ကို ဒီ လောက် ရန်လို နေတာလဲ..?

(a)ဆာ နေလို့

(b)အချစ်ငတ် နေလို့

(c)ပင်ကိုယ်စရိုက်ကိုက အဲ့လို မျိုးဖြစ်နေလို့

(d)လောကကြီးကို စိတ်ကုန် နေလို့

မေးခွန်း (၂)

Image:.freepik

သင်အခု အနုပညာလက်ရာ ပြခန်းတစ်ခုကို ရောက် နေပါတယ်။လျှောက်ကြည့် နေရင်း နဲ့ ပုံတစ်ပုံ ရဲ့ ရှေ့ ကို ရောက် တော့ သင် ရပ်လိုက်ပြီး အကြာကြီး ရပ်နေတယ်။သင်ရပ် ကြည့်နေတဲ့ ပုံက ဘာပုံလဲ..?

(a)ပုံတူပန်းချီ

(b)ရုပ်ပြောင်ပုံ

(c)စိတ္တဇ ပန်းချီပုံ

(d)ရှုခင်းပုံ

မေးခွန်းနံပါတ် (၃)

Image:.freepik

သင့်မှာ မှော်ခဲဖျက် တစ်ခု ရှိ နေပါတယ်။အရာအားလုံးကို ဖျောက် ဖျက်ပစ်နိုင်တဲ့ အစွမ်းရှိပါတယ်။သင်ဘာကို ဖျက် မလဲ..?

(a)သင့်ကိုယ်သင် ဖျောက်ဖျက်မယ်

(b)သင်ချစ်ရတဲ့ သူကို ဖျောက်ဖျက်မယ်

(c)တတိယလူကို ဖျောက်ဖျက် မယ်

မေးခွန်း နံပါတ် (၄)

Image:.freepik

မေးခွန်း(၂)လိုပဲ သင်အခု အနုပညာလက်ရာ ပြခန်းတစ်ခုကို ရောက် နေပါတယ်။အဲ့ အချိန် သင့် ဘေး နားကို လူ တစ်ယောက် ရောက်လာပြီးတော့ သင့်ကို စကားပြော လိုက်ပါတယ်။သူပြောတဲ့ စကားက..

READ
မွေးရက်အလိုက် ကိုယ်စားပြုတဲ့ တိရိစ္ဆာန်သင်္ကေတများနှင့် အဓိပ္ပါယ်

(a)ပန်းချီကား လေးက လှတယ် မို့လား

(b)ဒီပုံကို သ ဘောကျလို့လား

(c)တဆိတ်လောက် ။ဘယ်နှစ်နာရီ ထိုးပြီလဲ

(d)မင်းသိလား.အဲ့ပုံက ငါဆွဲထားတာ………………………။

မေးခွန်း နံပါတ် (၅)

Image:.freepik

ကြယ်ငါးပွင့်ဟိုတယ်ကြီးထဲကို သင်ရောက် နေပါတယ်။အဲ့ဒီမှာ တော့ အခန်းထဲက နေ အပြာ ရောင် ကောင်း ကင်ကြီး ကို လှမ်းမြင် နေရတယ်။သင် တ ရေးနိုးပြီး ပြန် နိုးလာချိန် ပြူတင်းပေါက် က နေ သင်မြင်ရတဲ့ အရာက

(a) နေ ရောင်အလင်းတန်းတွေ ပင်လယ်ပြင်မှာ ဖြာ ကျ

(b)ကြယ်တွေ က ပင်လယ်ပြင်ကြီးကို ဖြာကျ

(c)ပင်လယ်ပြင်ကြီးမှာ မြူခိုးတွေ အုံ့ဆိုင်း

(d)နေ၀င် ချိန် ပင်လယ်ပြင်အလှ

အားလုံး ဖြေပြီး ရင် တော့ သင် ရွေး တဲ့ အ ဖြေ လေး တွေရဲ့ နောက်ကွယ်က အဓိပ္ပါယ် တွေက ဘာလဲဆိုတာ ကြည့်လိုက်ရ အောင်..။

Image:.freepik

မေးခွန်းနံပါတ် (၁) က တော့ လက်ရှိ သင်ခံစားနေရတဲ့ သင် စိတ်ဖိစီး၊စိတ် က သိ က အောက် ဖြစ် နေရ တဲ့ အရာ ကို ဖော်ညွှန်းတာပါ။(a) ကို ရွေးရင် သင် အခု diet လုပ် နေရလို့ ဒါမှမဟုတ် အစား အ သောက် ကြောင့် စိတ် ဖိစီး နေရပါတယ်။နံပါတ် (b)ဆိုရင် တော့ အချစ် ကြောင့် စိတ်ဖိစီး ၊နံပါတ် (c) ဆိုရင် တော့ သင့်ရဲ့ ရုပ်ရည် အတွက် စိတ် ဖိစီး၊နံပါတ် (d) ဆိုရင်တော့ သင်က အဆိုးမြင်ဝါဒ တွေ ကြီးစိုးနေပါတယ်။

မေးခွန်း(၂) က တော့ သင့်ရဲ့ ကောင်းတဲ့ စွဲဆောင်မှု နဲ့ သင့်ရဲ့ ကောင်းတဲ့ personality ကို ဖော်ညွှန်း တာပါ။(a) ဆို ရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့လူ ၊(b) က ပေါင်းသင်းဆက်ဆံ ရေး ကောင်း ဟာသဥာဏ် ရှိသူ ၊ (c) ဖန်တီးနိုင်စွမ်း ကောင်းတဲ့လူ၊(d) က တော့ နူးညံ့ သိမ် မွေ့ လိမ္မာ ပါးနပ်တဲ့ လူမျိုးပါ။

READ
Taurus (ပြိဿရာသီဖွား)တွေရဲ့ မေလ ကံကြမ္မာဟောစတမ်း

မေးခွန်းနံပါတ် (၃) က တော့ အချစ်ရေး ပြဿနာနဲ့ ကြုံရင် ဘယ်လို ဖြေရှင်းလဲ ဆိုတာကို ဖော်ညွှန်းတာပါ။(a) ဆိုရင်တော့ သင်က ပြဿနာ ကို ရင်ဆိုင် ဖြေ ရှင်းရမယ့် အစား ရှောင် ပြေး တတ်တဲ့လူမျိုးပါ။(b) ဆိုရင်တော့ သင်က အချစ်ကို လေးစားတတ်တဲ့ လူမျိုး၊သင့် အတွက် အချစ်ဆိုတာ စွန့်စား ခန်းတစ်ခု လို့ လက်ခံထား သူပါ။ (c) ဆိုရင် တော့ ဘယ်လို အချစ်ရေး ပြဿနာ ကို မဆို ခုချက်ချင်း ဖြေရှင်းတတ်တဲ့ လူမျိုးပါ။

Image:.freepik

မေးခွန်းနံပါတ် (၄) က တော့ တစိမ်းတစ်ယောက်နဲ့ စဆုံရင် သင်တုံ့ပြန်တတ်တဲ့ ပုံစံပါ။(a) ဆိုရင် တော့  ရင်းရင်းနှီး နှီး တုံ့ပြန်တတ်ပြီး မိတ် ဆွေ သစ်ဖွဲ့ရတာ သ ဘောကျတဲ့ လူမျိုး၊ (b)  က တော့ သင်က ရှေးရိုးဆန်တတ်တဲ့ လူမျိုး ၊ (c)သင် က လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း နေတတ်သူ၊(d) က တော့ သင်က အ ပေါင်းအသင်း နည်း တဲ့ လူမျိုး ဖြစ်ပြီး မိတ် ဆွေ သစ်တွေ နဲ့ မိတ် ဖွဲ့ ရရင် စိတ်ထဲမှာ က သိ က အောက် မ နေတတ် မထိုင် တတ် ဖြစ် တတ် ပြီး၊first impression ကောင်း ဖို့ အရမ်း ဂရုစိုက်တတ်တဲ့ လူမျိုးပါ။

နံပါတ် (၅) က တော့ အချစ်နဲ့ ပတ်သက်ပြီး သင့် မျှော်လင့်ချက်ပါ။(a) ဆိုရင် တော့ အရူး အမူး အရမ်း ချစ်တာ မျိုး ကို မျှော်လင့်၊(b) ဆိုရင်တော့ အချစ်မှာ ရိုးသားမှုက အဓိက လို့ ယုံကြည်ပြီး ရိုးသားမှုကို မျှော်လင့်၊ (c) ဆိုရင် တော့ ချစ်သူက သင့်အတွက်သူငယ်ချင်းကောင်းဖြစ် ပေးဖို့ ပါ မျှော်လင့်၊ (d) ဆိုရင် တော့ ပြီးပြည့်စုံ တဲ့ ရိုမန် တစ် ဆန် တဲ့ အချစ်မျိုးကို သင် မျှော်လင့်နေတာပါ။

#SHWEMOM

SHARE