ခရီးသွားစရိတ်အပြင် နေထိုင်စရိတ်ပါ သက်သာစေမယ့် Anthénea လေး

Anthénea

ခရီးသွားဝါသနာပါသူတွေဖို့ ယာဉ်အသစ်အဆန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Anthénea ဆိုတဲ့ floating pod လေးတစ်ခုပါ။

ကျွန်တော်တို့ခရီးသွားတဲ့အခါ လေကြောင်းလမ်းကပဲသွားသွား၊ ကုန်ကြောင်း ဒါမှမဟုတ် ရေကြောင်းကနေပဲသွားသွား ခရီးသွားတဲ့ စရိတ်စကတော့ ရှိမှာပဲ။ နောက် နေထိုင်စရိတ်ပေါ့။ အခုဖော်ပြပေးမယ့် Anthénea ကတော့ ခရီးသွားစရိတ်အပြင် နေထိုင်စရိတ်ပါ သက်သာစေမှာပဲဖြစ်ပါတယ်။

Anthénea
Anthénea

Insider ရဲ့ဖော်ပြချက်အရ ဒီ Anthénea ရဲ့ ဒီဇိုင်းကိုတော့ ဗိသုကာပညာရှင် Jean Michel Ducancelle က ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသွားရတာကို သက်တောင့်သက်သာနဲ့ luxury ဆန်ဆန်သွားချင်တဲ့လူတွေအတွက် ရည်ရွယ်ခဲ့တာပါတဲ့။

စတုရန်းပေ ၅၄၀ ရှိနေပြီး ပုံစံလေးကတော့ ပန်းကန်ပြားပျံနဲ့တောင် တူနေပါသေးတယ်။ တကယ်တော့ ဒီပုံစံဟာ James Bond ရုပ်ရှင် “The Spy Who Loved Me” ထဲက ပုံစံကို ယူထားတာပါတဲ့။

 

Anthénea

အထဲကဆိုရင် ပတ်ပတ်လည်ကို ရှုခင်းကြည့်နိုင်ဖို့ မှန်တွေနဲ့ တည်ဆောက်ပေးထားပြီးတော့ လူ ၁၂ ယောင်တောင် ကောင်းကောင်းဝင်ဆန့်ဖို့အတွက် သေချာစီမံထားပါတယ်။ အပေါ်ပိုင်းတွေတင်မကသေးဘဲ အောက်ကြမ်းကပြင်မှာလည်း fiberglass တွေထည့်သွင်းထားတဲ့အတွက်ကြောင့် ရေအောက်ကြမ်းပြင်ကိုလည်း တိုးလျိုပေါက်မြင်ရမှာပါ။

READ
တစ်ညကို မြန်မာငွေ (၁,၈၀၀) လောက်သာကျသင့်မယ့် ဂျပန်က ဈေးအချိုဆုံးဟိုတယ်

အထဲမှာတော့ အိပ်ခန်းတွေ၊ ဧည့်ခန်း၊ နားနေခန်းတွေကို တကယ့်အကောင်းစား luxury type ဆန်ဆန် ဒီဇိုင်းမျိုးတွေဖြစ်ပြီး ရေချိုးကန်တွေကိုပါ ထည့်သွင်းပေးထားပါသေးတယ်။

Anthénea
Anthénea

အထူးခြားဆုံးကတော့ Anthénea ကို သမုဒ္ဒရာထဲ ရွက်လွှင့်သွားဖို့အတွက်ပါ အထူးဖန်တီးထားတာပါပဲ။ ရွက်လွှင့်ပြီး ကမ္ဘာပတ်တဲ့ ခရီးသွားအကြောင်းတွေ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျိုး ခရီးသွားဝါသနာပါတဲ့လူတွေအတွက် Anthénea ဟာ အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။ ဈေးနှုန်းကတော့ floating pod တစ်ခုကို အပိုင်ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၅၃၅,၀၀၀ ကျသင့်မှာဖြစ်ပြီး တစ်ညတာအတွက်ပဲ ငှားရမ်းမယ်ဆိုရင်တော့ ဒေါ်လာ ၃၃၆ သာကျသင့်မှာပါ။

Anthénea

အခုအချိန်မှာတော့ ဒီ floating pod တွေကို ပြင်သစ်နိုင်ငံက Pink Granite ကမ်းရိုးတမ်းမှာ စမ်းသပ်နေထိုင်လို့ရအောင် ချပေးထားပါတယ်။

Anthénea

penny

SHARE