အာနိုးနဲ့ စတားလုံးကို အကပြိုင်ဖို့ Challenge ခေါ်ခဲ့တဲ့ မင်းသားကြီး အန်ထော်နီ ဟော့ပ်ကင်း

[email protected]

COVID 19 ကပ်ရောဂါဖြစ်နေတဲ့ ဒီလိုအချိန်မှာတော့ သာမန်လူတွေသာမက အနုပညာရှင်သရုပ်ဆောင် တော်တော်များများလည်း အိမ်မှာပဲ နေနေကြရပါတယ်။ အနုပညာရှင်တွေဟာလည်း သူတို့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် ဆိုရှယ်မီဒီယာအကောင့်တွေကနေ Live လွှင့်တာတို့၊ ပရိသတ်တွေနဲ့ Video Call ပြောတာတို့၊ နီးစပ်ရာအနုပညာရှင်အသိုင်းအဝိုင်းအချင်းချင်း Challenge လုပ်တာတို့ အစရှိတာတွေကို လုပ်နေကြပါတယ်။

အခုလည်း တစ်ချိန်တုန်းက နာမည်ကျော် မင်းသားကြီး အန်ထော်နီ ဟော့ပ်ကင်း(Anthony Hopkins)ကလည်း Tiktok မှာ အကဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ အဲဒီအကဗီဒီယိုကတော့ Drake ရဲ့ Tootsie Slide သီချင်းဗီဒီယိုထဲက အကပုံစံ ဖြစ်ပါတယ်။ အသက် (၈၂) နှစ်ရှိပြီဖြစ်တဲ့ ဟော့ပ်ကင်း ဟာ အဆိုပါ အကဗီဒီယိုထဲမှာ လုံးဝလူငယ်လေးတစ်ယောက်ပုံစံအတိုင်း ကသွားခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လာရောက် ကျင်းပမယ့် BNK48 ရဲ့ 3rd Generation Audition

 

@anthonyhopkins##Drake I’m late to the party… but better late than never. @oficialstallone @arnoldschnitzel ##toosieslidechallenge♬ original sound – officialanthonyhopkins

မင်းသားကြီး  ဟော့ပ်ကင်း ရဲ့ အကဗီဒီယိုဟာ ကြည့်ရှု့သူ ၁ သန်းကျော်ရှိခဲ့ပြီး တော်တော်များများကတော့ ဟော့ပ်ကင်း ဟာ အသက်ကြီးပေမယ့် မပျက်ဆီးသေးကြောင်း၊အခုအချိန်အထိကို လူငယ်လေးတစ်ယောက်လို တက်ကြွဖျတ်လတ်နေသေးကြောင်း အစရှိသဖြင့် မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ ဒီလို Drake ရဲ့ Tootsie Slide အကကို ကခဲ့တဲ့ Hopkins ဟာ သူ့လို လိုက်ကဖို့ မင်းသားကြီး အာနိုး(Arnold)နဲ့ စတားလုံး(Stallone)တို့ကိုပါ Challenge ခေါ်ခဲ့ပါသေးတယ်။

READ
ပုံအလန်းလေးတွေ တင်လိုက်တဲ့ လရိပ်ပြာ
[email protected]

“ ဒီလိုအချိန်မျိုးမှာ လူတိုင်းတက်ကြွနေဖို့ လိုပါတယ်။ လူတွေဟာ နေ့တိုင်းနေ့တိုင်း အိမ်ထဲမှာပဲ နေနေရတော့ ပျင်းရိငြီးငွေ့နေကြမှာ အမှန်ပါပဲ။ အဓိကကတော့ အိမ်ထဲမှာပဲ နေနေရလို့ဆိုပြီး စိတ်မညစ်နေကြပါနဲ့။ ကိုယ်တစ်ယောက်တည်းဒီလို နေေ,နရတာမဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီလိုအချိန်မှာ ဒီလိုမျိုး နေေ,နရတာပါ။ အခု ကျွန်တော်ကထားတဲ့ Drake ရဲ့ Tootsie Slide ကိုကဖို့ အာနိုးနဲ့ စတားလုံးကို Challenge ခေါ်ချင်ပါတယ်။ သူတို့ ကနိုင်မှာလား ဆိုတာကို ကျွန်တော်စောင့်ကြည့်နေပါတယ်” လို့ Hopkins က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE