ကိုဗစ်ကာလအတွင်း ဇာတ်ကားရိုက်ရတာ စိတ်ညစ်ဖို့ကောင်းကြောင်း ပြောလာတဲ့ Anthony Mackie

[email protected] anthonymackie

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကာလကြီး ဖြစ်တာကြောင့် အစစအရာရာ သတိတော်တော်လေး ထားနေရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ COVID 19 ကပ်ရောဂါ ကာကွယ်ဆေးဆိုတာကလည်း လက်ရှိအချိန်အထိ မထွက်ရှိသေးတာကြောင့် အပြင်ထွက်တိုင်း Mask တပ်တာတို့၊ အပြင်ကပြန်လာတိုင်းလက်ဆေးတာတို့ကို အချိန်အတိုင်းအတာတစ်ခုအထိ လုပ်နေရအုံးမှာ ဖြစ်ပါတယ်။ COVID 19 ကပ်ရောဂါကြောင့် ပဲ ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးရေးပိုင်းတွေမှာလည်း တော်တော်လေးကို ထိခိုက်ရပါတယ်။ အခုလည်း Marvel ရဲ့ စူပါဟီးရိုးတစ်ဦးဖြစ်သူ Falcon နေရာမှာ သရုပ်ဆောင်တဲ့ Anthony Mackie က ကိုဗစ်ကာလအတွင်း ဇာတ်ကားရိုက်နေရတာဟာ တော်တော်လေး ကသိကအောက်နိုင်ပြီး စိတ်ညစ်ဖို့ကောင်းကြောင်း ဖွင့်ပြောခဲ့တယ်လို့ syfy.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Anthony ဟာ လက်ရှိအချိန်မှာတော့ Marvel က ထုတ်လုပ်ရိုက်ကူးတဲ့ The Falcon and the Winter Soldier စီးရီးဇာတ်ကားကို Winter Soldier သရုပ်ဆောင် Sebastian Stan နဲ့အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ Falcon အဖြစ် သရုပ်ဆောင်တဲ့ Anthony ကို End Game နောက်ပိုင်း ဇာတ်ကားတော်တော်များများမှာလည်း Captain America အဖြစ် တွေ့မြင်နိုင်မလားဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလွန်းနေသလို Marvel ရဲ့ ပရိသတ်တော်တော်များများကလည်း Falcon တစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ Captain America ဖြစ်လာမလဲဆိုတာ မျှော်လင့်စောင့်စေားနေကြပါတယ်။ COVID 19 ကပ်ရောဂါ အချိန်ဖြစ်တာကြောင့် ရိုက်ကူးနေတဲ့ အချိန်မှာလည်း တော်တော်လေး စိတ်ကသိကအောက်နိုင်လွန်းလှပုံရပါတယ်။ ဒီအကြောင်းကို Anthony တစ်ယောက်ကတော့ Entertainment Tonight အစီအစဉ်ရဲ့ Talk show တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

READ
ပရိသတ်တွေကြွေသွားလောက်တဲ့ ဓါတ်ပုံလှလှလေးတွေတင်လိုက်တဲ့ ရွှေမှုံရတီ

“ရိုက်ကွင်းမှာ စားရတဲ့ အစားအသောက်တွေက အစ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ COVID 19 ကာလအချိန်ဖြစ်တာကြောင့် ကိုယ်စားချင်တာကိုတောင် မစားရပဲ တာဝန်ရှိသူတွေ မှာပေးတာပဲ စားရပါတယ်။ ပြီးတော့ ရိုက်ကွင်းက အရင်လို ပျော်ဖို့မကောင်းပဲနဲ့ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ကြောက်နေကြပါတယ်။ အနားကပ်မိတာနဲ့ မသိမသာနောက်ဆုတ်သွားတဲ့ ပုံစံတွေ၊ စကားပြောရင်လည်း ပြောချင်သလိုလို မပြောချင်သလိုလို ပုံစံတွေ တော်တော်လေး တွေ့လာရပါတယ်။ အဆိုးဆုံးကတော့ ရိုက်ကွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာမှာ မရှိပဲ အရမ်းနီးနေရင် တာဝန်ရှိသူတစ်ယောက်ယောက်က ရောက်လာပြီး ခပ်ခွာခွာ နေခိုင်းတာပါပဲ”လို့ Anthony က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE