အပြောင်းအရွှေ့သတင်းတွေကိုငြင်းပြီး မန်ယူမှာဆက်ရှိမယ်လို့အခိုင်အမာဆိုတဲ့မာရှယ်လ်

မန်ယူအသင်းရဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်လ်က အသင်းပြောင်းရွှေ့ဖို့ စိတ်ကူးမရှိဘဲ အသင်းနဲ့အတူ နောက်အား
ကစားရာသီမှာ ဆက်လက်တိုက်ပွဲဝင်သွားလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ မာရှယ်လ်ကို ပြင်သစ်ထိပ်သီးကလပ် PSG အ
ခေါ်ယူလိုနေပြီး ကမ်းလှမ်းမှုတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မာရှယ်ဟာ ပြင်သစ်ကလပ် မိုနာကိုအသင်း
မှ ပြောင်းရွှေ့ကြေး ပေါင် 36 သန်းနဲ့ မန်ယူအသင်းကို ပြီးခဲ့တဲ့နှစ်က ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ လော
ရင့်ဘလန့်စ် ကိုင်တွယ်နေတဲ့ PSG အသင်းကလည်း လာမည့်ရာသီမှ အသင်းက ထွက်ခွာဖို့ရှိနေတဲ့ အီဗရာမိုဘစ်ခ်ျ
နေရာမှာ ၎င်းကို အစားထိုးဖို့ အသည်းအသန် အလိုရှိနေပါတယ်။

ဒါပေမယ့် ပြင်သစ်တိုက်စစ်မှူး မာရှယ်လ်ဟာ သူ့ရဲ့ကစားသမားဘ၀က မန်ယူအသင်းနဲ့သာ ပိုပြီး တိုးတက်နိုင်ချေအ
အလားအလာ ပိုရှိတယ်လို့ ခံယူထားပြီး လီဂူး(၁)ဆီကို ခြေဦးပြန်မလှည့်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပြင်သစ်ကို ပြန်
လည်ပြောင်းရွှေ့မလား-ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မာရှယ်က ” မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ထိပ်ဆုံးတွေထဲက ထိပ်ဆုံးအသင်း မဟုတ်သေးပါဘူး … ဒါပေမယ့် နောက်ရာသီမှာ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိလိမ့်မယ်လို့
ယုံပါတယ် … ကျွန်တော့်အနေနဲ့လည်း လာမည့်ရာသီမှာ ဒီထက် ပိုခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေပြီး ဒီအတွက် အ
ခွင့်အရေးတစ်ချို့လည်း လက်လွှတ်ကောင်း လက်လွှတ်နိုင်ပါတယ် … အစပိုင်းပိုင်းမှာ ပရီးမီယားလိဂ်ရဲ့ ကျော်စောမှု
ကြောင့် ကျွန်တော် ရှိန်နေခဲ့ပေမယ့် … အခု နေသားကျနေပါပြီ … ” လို့ ဖွင့်ဟခဲ့ပါတယ်။

READ
(၁၂.၆.၂၀၁၉) အတွက် နံနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မာရှယ်ဟာ ယခုအချိန်မှာ အသက် (၂၀) အရွယ်သာ ရှိသေးပြီး အလားအလာကောင်းတဲ့ ကစားသမားတစ်ယောက်အ
ုဖြစ် နည်းပြတွေရဲ့ မှတ်ယူခြင်း ခံနေရသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် 24 ပွဲကစားကာ
7 ဂိုးသွင်းယူထားနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

shwemom post photo (1)

source : metro.co.uk

SHARE