ပိုးကူးမှုကို ကာကွယ်ပေးမယ့်လည်စွဲ တီထွင်နေပြီဆိုတဲ့ အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာန

Pexels-Daria Shevtsova

The Jakarta Post ရဲ့ဖော်ပြချက်အရ အင်ဒိုနီးရှားရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကနေပြီး COVID-19 ပိုးကို လူလူချင်းကူးစက်မှုမှ ကာကွယ်ပေးနိုင်တဲ့ လည်စွဲတစ်မျိုးကို တီထွင်တော့မယ်ဆိုပြီး ဖတ်လိုက်ရပါတယ်။

ဒီကိစ္စကိုအဓိကတာဝန်ယူမှာကတော့ Indonesian Young Academy of Science (ALMI) က တာဝန်ယူသွားဖြစ်ပါတယ်တဲ့။ COVID-19 တင်မဟုတ်ဘဲ SARS-CoV-2 စတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကိုပါ လူ့ခန္ဓာကိုယ်နားရောက်တာနဲ့ အသက်ရှူလမ်းကြောင်းထဲဝင်ဖို့ မနီးစပ်ခင်မှာပဲ သေစေနိုင်မှာပါတဲ့။

Freepik- stockvault

လည်စွဲကိုတော့ Eucalyptus အပင်မှ သစ်ရွက်ထဲက Eucalyptol 1.8-cineole ဆိုတဲ့ ဓာတ်ကနေတစ်ဆင့် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီဓာတ်ဟာ microbial တွေကိုလည်း နှိမ်နင်းနိုင်စွမ်းရှိနေပါသေးတယ်။  နောက် eucalyptus အပင်မှလည်း ပရုတ်ဆီတွေဘာတွေထုတ်လာမျိုးလည်းရှိနေသေးပြန်ပါသေးတယ်။

အခုလက်ရှိမှာတော့ လည်စွဲကို စမ်းသပ်ထုတ်လုပ်နေပြီဖြစ်ပြီး နိုင်ငံတကာထိဖြန့်ချီဖို့ မျှော်ထမ်းထာကြောင်း သိရပါတယ်။

READ
သမုဒ္ဒရာရေထု ညစ်ညမ်းမှုကို ဝမ်းနည်းဖွယ်ဖော်ပြနေတဲ့ ဓာတ်ပုံများ
Freepik- freepik

Penny

SHARE