သေချာပေါက်ကြည့်သင့်တဲ့ Anushka Sharma ရဲ့ ဇာတ်ကား( ၅) ကား

ဘောလိဝုဒ်ရဲ့ အချောအလှလေးဖြစ်တဲ့ မင်းသမီးချောလေး Anushka Sharma ကတော့ မြန်မာပရိသတ်တြွေ ကား မှာ PK မင်းသမီးလေး ဆိုပြီး နာမည်ကြီးပါတယ်။သူမရဲ့ဇာတ်ကားကောင်းလေး တွေအများကြီးထဲကမှ တစ်ချို့ကို  Shwemom ပရိသတ်တွေ အတွက် ရွေးချယ်ဖော်ပြပေးချင်ပါတယ်။Anushka Sharma ကတော့ (၁၉၈၈)ခုနှစ် မေလ(၁)ရက်နေ့မှာ မွေးဖွားခဲ့သူပါ။Anushka Sharma  ကတော့ ဘောလိဝုဒ်ရဲ့ ၀င်ငွေ အကောင်းဆုံး မင်းသမီး တွေထဲက တစ်ယောက်ပါ။သူမရဲ့ ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ ပရိသတ်တွေ မလွတ်စတမ်း သေချာ ပေါက် ကြည့်သင့်တဲ့ ဇာတ်ကားတွေကတော့….

(1)Pari 

Pari ကတေယ့ သူမရဲ့ ဇာတ်ကားကောင်းတွေ အများကြီးထဲက တစ်ကားပါ။ဒီဇာတ်ကားကတော့ လျှို့ဝှက်သည်းဖို ဒရမ်မာဇာတ်ကားပါ။Anushka Sharma ၊Parambrata Chatterjee ၊Rajat Kapoor ..တို့ လည်း ပါဝင် ထားပါတယ်။မင်းသမီးလည်း အရမ်းကို ချောပြီး ဇာတ်အိမ်ကလည်း တကယ်ကို ကောင်းတဲ့ ဇာတ်ကား လေးမို့ မကြည့် ရသေးဖူးဆိုရင်တော့ သေချာပေါက် ကြည့်ကြည့်ပါ။

READ
(၂၀၁၉)Grammy Awards ဆုပေးပွဲရဲ့ ဆုရရှိသူစာရင်း

(2)Jab Tak Hai Jaan

နောက်ထပ်ရွေးပေးချင်တဲ့ ဇာတ်ကားလေးကတော့ Jab Tak Hai Jaan ပါ။(၂၀၁၂)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေးပါ။အချစ်ရိုမန်တစ်ဇာတ်ကားလေးပါ။မင်းသမီးချော Anushka Sharma နဲ့ အတူ  ဘော လိဝုဒ်ရဲ့ ထိပ်တန်းမင်းသား Shah Rukh Khan က အတူတွဲ သရုပ်ဆောင်ထားပါတယ်။

(3)Sultan

နောက်ထပ်ရွေးပေးချင်တဲ့ ဇာတ်ကားကတော့ middle-aged နပန်းချန်ပီယံ (Salman Khan)  က အိုလံပစ် ပြိုင် ပွဲမှာ အိန္ဒိယကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားတဲ့ ဇာတ်ကားလေးပါ။မင်းသားဦးစားပေးဇာတ်ဆိုပေမယ့် Salman Khan နဲ့ Anushka Sharma တို့ အတူတွဲ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။

(4)Ae Dil Hai Mushkil

ရိုမန်တစ်ဆန်ဆန်အချစ်ကားလေးကို ကြိုက်တယ်ဆိုရင်တော့ Anushka Sharma  ရဲ့ Ae Dil Hai Mushkil ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ကြည့်ပါ။ဒီဇာတ်ကားမှာတော့ မင်းသား Ranbir Kapoor နဲ့ အတူ တွဲ သရုပ်ဆောင် ထားတာပါ။နာမည်ကြီး အချစ်ဇာတ်ကားလေးပါ။

READ
ရွှေအိုရောင်ဝတ်စုံလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားလိုက်တဲ့ ပန်းရောင်ခြယ်

(5)Zero 

ဒီဇာတ်ကားလေးကတော့ ဝေဖန်သံတွေ အမျိုးမျိုးထွက်ပေါ်ခဲ့တဲ့ ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ရိုမန်တစ်အချစ်ဇာတ်ကားလေးပါ။Shahrukh Khan၊ Anushka Sharma  နဲ့ Katrina Kaif တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။အသက်ကြီးပု Shahrukh Khan နဲ့ Anushka Sharma တို့ ကြားက အချစ်ဇာတ်လမ်းလေးအကြောင်းပါ။ရုံတင်ပြသတဲ့ ပထမသီတင်းပတ်မှာတင်ပဲ ၀င်ငွေ ( ₹90.39 crore )  ရခဲ့ပါတယ်။ဒါပေမယ့် ဘတ်ဂျက် (₹200 crore) အကုန်အကျခံရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကနေ ပြန်ရတဲ့ ၀င်ငွေ  (₹186 crore) ပဲရှိခဲ့ပါတယ်။ကုန်ခဲ့တဲ့ ဘတ်ဂျက်ကို ပြန်မကာမိခဲ့ပါဘူး။ဒါပေမယ့် Anushka Sharma ရဲ့ ပရိသတ် တွေ အတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ။

#Shwwemom

SHARE