ဘောလိဝုဒ်မှာ အားလုံးကို တန်းတူအခွင့်အရေး ပေးချင်တယ်ဆိုတဲ့ Anushka Sharma

Image:IG/Anushka Sharma

Anushka Sharma က တော့ ဘောလိဝုဒ် အနုပညာလောကရဲ့ နာမည်ကြီးတစ်ယောက်ပါ။မင်းသမီးဘ၀ က နေ မှ ထုတ်လုပ်သူ တစ်ယောက် အဖြစ်ပါ ရပ်တည်နေသူပါ။အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ သူမက တော့ အနုပညာ လော ကထဲမှာ နေရာ တစ်နေရာ ရဖို့ သူ မ ဘယ်လိုတွေ ကြိုးစားခဲ့လဲ ဆိုတာကိုပါ ထုတ် ပြော ခဲ့ပါတယ်။ဘောလိဝုဒ် လောက မှာဆိုရင် ဆွေမျိုးဝါဒ ကြီးစိုးနေတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ် နေပါတယ်။ သူတို့ အနုပညာရှင် အချင်း ချင်း ရဲ့ ဆွေမျိုးတွေ က ပဲ ဒီလောကကို လက်ဝါးကြီး အုပ်ချင်ပြီး အပြင်လူ ဆိုရင် ဖိနှိပ်ဖယ်ကျဉ် တယ်ဆိုတဲ့  စွပ်စွဲ ဝေဖန်သံ တွေ ထွက်ပေါ် နေပါတယ်။ Anushka Sharma  က တော့ ဒီလောကထဲမှာ ရပ်တည်ရှင်သန်နိုင်ဖို့ ဘယ် လောက် ထိ ရုန်းကန်ရလဲ ဆိုတာကို အပြင်လူတွေ သာ နားလည် နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ storypick မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

💫

A post shared by AnushkaSharma1588 (@anushkasharma) on

ရုပ်ရှင်မင်းသမီးလည်းဖြစ် ထုတ်လုပ်သူ Producer လည်း ဖြစ်တဲ့ သူမက တော့ ဘောလိဝုဒ် လောကမှာ အရည် အချင်း ရှိတဲ့ လူတိုင်းကို တန်းတူအခွင့်အ ရေး ပေးချင် ပါတယ် လို့ သူမရဲ့ သဘောထားကို ထုတ် ပြော ခဲ့ပါတယ်။သူ မကိုယ်တိုင်လည်း နာမည်ကြီး တစ်ယောက် မဖြစ် ခင်က အရမ်း ရုန်းကန် ခဲ့ရတာပါ။ ” ကျမ အသက် ၂၅ နှစ် မှာ Producer ဖြစ်ေ တာ့ အရည်အချင်းရှိတဲ့သူတွေကို အခွင့်အ ရေးပြန် ပေးမယ်၊ပင်ကိုယ်အရည်အချင်းရှိတဲ့ အခုမှ အနုပညာ လောကထဲ ခြေလှမ်းစ မယ့် လူတွေ ကို အခွင့်အ ရေး ပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်..” လို့ ပြော ခဲ့ပါ တယ်။

 

View this post on Instagram

 

Bloom – a beautiful process of becoming 🌼 @graziaindia

A post shared by AnushkaSharma1588 (@anushkasharma) on

သူမရဲ့ အစ်ကိုဖြစ်တဲ့ Karnesh Sharma ကလည်း ထုတ်လုပ်ရေးရဲ့Co-Founder တစ်ယောက်ပါ။ သူကလည်း Clean Slate Films ကို စတင် ထူထောင်ခဲ့ပြီး၊လူသစ် တွေနဲ့ပဲ လက်တွဲ လုပ်ဖို့ ဆန္ဒရှိခဲ့ တယ်လို့ ပြောခဲ့ပါတယ်။ သရုပ်ဆောင်သစ်၊ဒါရိုက်တာသစ်၊နည်းပညာဘက်မှာလည်း အသစ်တွေနဲ့ပဲ လက်တွဲ ချင် တယ်လို့ ပြော ခဲ့ပါတယ်။အပ် ကြောင်းထပ် နေတဲ့ ပုံစံ ဟောင်းတွေကို ခွဲ ထွက်နိုင်ဖို့ အတွက် စိတ်ကူးသစ်တွေ နဲ့ အရည်အချင်းသစ်တွေ လို တယ်လို့ လည်း ပြော ခဲ့ပါတယ်။

Anushka  ကတော့ ဘောလိဝုဒ် အနုပညာ လောက က နေ အများကြီး သင်ယူ ခဲ့ ရ ကြောင်း၊။နာမည်ကြီး အရည် အချင်းရှိတဲ့ ဒါရိုက်တာ တွေနဲ့ လက်တွဲ ခွင့် ရဖို့ အများကြီး ကြိုးစား ခဲ့ရတယ်လို့ ပြော ခဲ့ပါတယ်။ဘောလိဝုဒ် လောက မှာ အားလုံးကို  တန်းတူ အခွင့်အ ရေး  ပေးချင်တယ်လို့ ပြော ခဲ့ပါတယ်။ Anushka Sharma  တို့ လို နာမည်ကြီး တွေ က အစ တကယ်အရည်အချင်းရှိတဲ့ အပြင် လောက က အနုပညာ မျိုးဆက်တွေကိုလည်း အသိ အမှတ်ပြုဖို့နဲ့ နေရာပေးသင့်တဲ့ အကြောင်းကို သွယ်ဝိုက်တိုက် တွန်းခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by AnushkaSharma1588 (@anushkasharma) on

#SHWEMOM

 

SHARE