ရင်သွေးလေး မွေးဖွားသွားပြီဖြစ်တဲ့ Anushka Sharma

Image:IG/Anushka Sharma

ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးချော Anushka Sharma က တော့ ရင်သွေးလေး အောင်မြင်စွာ မွေး ဖွား သွားပါပြီ။အိန္ဒိယ ရဲ့ နာမည်ကြီး ခရက်ကက် ကစားသမား Virat Kohli ကတော့ ရင်သွေးလေး မွေးဖွား တဲ့ အ ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာ ပေါ် က တစ်ဆင့် အသိပေး ကြေညာ ခဲ့ပါတယ်။သမီးလေးကိုတော့ ဇန်န၀ါရီ ၁၁ ရက်နေ့ နေ့လယ် ပိုင်းက မွေးဖွားလိုက်တာ ဖြစ်ပြီး ၊ဆုတောင်းပေးသူတွေ၊ချစ်ခင် ပေးကြတဲ့ သူတွေ ကို ကျေးဇူး တင်ပါတယ်လို့ တင်ထားပါတယ်။ဒီအကြောင်းကိုတော့ CNN နဲ့ indianexpress တို့ မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Virat Kohli (@virat.kohli)

Virat Kohli က တော့ မိခင်ရော ရင်သွေးလေးပါ ကျန်းမာကြောင်း၊သူတို့နှစ်ယောက်အတွက် ဘ၀ စာမျက်နှာ သစ် စတင်ပြီ၊သူတို့ရဲ့ Privicy ကို လေးစားပေးဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ခရက် ကက် အကျော် အမော် တစ်ယောက် ဖြစ်တဲ့ Virat Kohli က တော့ သြစတြေးလျ မှာ အိန္ဒိယ ခရက် ကက် Team နဲ့ အတူ Tour ထွက် နေခဲ့တာပါ။ဒါပေမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ အိန္ဒိယခရက်ကက် အုပ်ချုပ်မှု အဖွဲ့ရဲ့ ခွင့်ပြု ချက် နဲ့ မွေးခါနီး ဇနီးဖြစ်သူရဲ့ အနားကို ပြန်လာ ခွင့် ရခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Virat Kohli (@virat.kohli)

Virushka က တော့ ၂၀၂၀ သြဂုတ် တုန်းက ရင်သွေးလေးရနေတဲ့အ ကြောင်း အသိပေးကြေညာခဲ့တာပါ။”အခုတော့ သုံးယောက် ဖြစ်သွားပြီ ၂၀၂၁ ဇန်န၀ါရီ ကျရင် ရောက်လာ တော့မယ်..” ဆိုပြီး ကြေညာခဲ့တာပါ။ Anushka Sharma က တော့ ဗိုက်ကြီးနဲ့ ပုံကို တင်ပြီး သူမရဲ့ မိခင် ဘ၀ အကြောင်းတွေကို ဝေမျှ ပေးခဲ့ဖူးပါတယ်။ Vogue နဲ့ အင်တာဗျူး မှာတော့ ကိုယ်ဝန် ရခါ စမှာ ပထမ သုံးလမှာ ပေါင်မုန့်ကင် နဲ့ ခရက်ကာ မုန့်ကြွပ် လေး တွေကိုပဲ စားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

View this post on Instagram

 

A post shared by AnushkaSharma1588 (@anushkasharma)

 

View this post on Instagram

 

A post shared by AnushkaSharma1588 (@anushkasharma)

သူမရော ခင်ပွန်းဖြစ်သူက ပါ ကလေးကို ဆိုရှယ်မီဒီယာ ပေါ်တင်ပြီး မိတ်ဆက် ပေးတာ မျိုးတွေ၊လူ တွေရဲ့ မြင်ကွင်းပေါ် မှာ ပြုစု ပျိုးထောင်ရတာ မျိုး မဖြစ် စေချင်ဘူး လို့ လည်း Anushka Sharma က ပြောခဲ့ပါတယ်။Anushka နဲ့ Virat  တို့ကတော့ ၂၀၁၇ ဒီဇင်ဘာ ၁၁ တုန်းက အီတလီမှာ လက်ထပ် ခဲ့တာပါ။သူတို့မင်္ဂလာ ပွဲကိုတော့ မိသားစုဝင်တွေ နဲ့ အရင်းနှီးဆုံး မိတ်ဆွေ တွေ လောက်ကိုပဲ ဖိတ်ကြားခဲ့ပါတယ်။အိန္ဒိယ က ဒေလီနဲ့ မွန်ဘိုင်း မြို့ တွေ မှာလည်း ပွဲနှစ်ပွဲ လုပ်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by AnushkaSharma1588 (@anushkasharma)

#SHWEMOM

SHARE