မသင်ပေးထားဘဲ Jenga ဆော့နည်းကို အလိုအလျာက်နားလည်တဲ့ ခွေးလိမ္မာလေး

youtube/Metro Newspaper UK

German Shepherd အမျိုးအစား ခွေးမလေး Anya ဟာ သူမရဲ့သခင်နဲ့အတူတူ Jenga ကစားနည်းဆော့ပြီး အချိန်ကုန်ဆုံးရတာကို နှစ်သက်ပါတယ်။ Anya က အသက် ၄နှစ်ရှိပါပြီ။ သူမဟာ သူမရဲ့သခင် Lori Knoble နဲ့အတူ Jenga ကိုနှစ်သက်စွာကစားလေ့ရှိပါတယ်။

youtube/Metro Newspaper UK

Lori က အသက် ၅၅နှစ်ရှိပြီဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်က ဖြစ်ပါတယ်။ “Anya ဟာ ကျွန်မတို့ကို အံ့သြရအောင်လုပ်နိုင်တယ်။ ကျွန်မက Jenga ဂိမ်းကိုစဆော့တော့ သူ့ကို training တွေဘာတွေလည်း မပေးရသေးဘူး။ ဒါပေမဲ့ သူနားလည်တယ်။ ဘာလုပ်ရမလဲဆိုတာ သူသိတယ်။” လို့ Lori က ဆိုပါတယ်။

ဗီဒီယိုလေးထဲမှာတော့ Anya က ဘလော့တုံးတွေထဲက လျော့တိလျော့ရဲဖြစ်နေတဲ့ အတုံးလေးတစ်လုံးကို သူ့သွားနဲ့ကိုက်ပြီး ဆွဲထုတ်ခဲ့တာပါ။ ပြီးတော့ ဘလော့တုံးလေးကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး သူ့ပြိုင်ဘက်ရဲ့အလှည့်ကို စောင့်နေခဲ့တာဖြစ်ပါတယ်။ Lori နဲ့ သူမရဲ့အမျိုးသား John Knoble ဟာ Anya ကို ခွေးသားဖောက်ရောင်းတဲ့လူတစ်ယောက်ဆီက ဝယ်ယူမွေးခဲ့တာပါ။ Lori တို့အိမ်ကိုရောက်တော့ Anya က ရက်သတ္တပတ်၁၂ပတ်သားပဲ ရှိပါသေးတယ်။

READ
ဂျပန်နိုင်ငံက အွန်လိုင်းအသုံးပြုသူတွေကြားမှာ ဆယ်လီဖြစ်နေတဲ့ ပုစွန်တန်ပူရာကြော်
youtube/Metro Newspaper UK

Lori က Anya နဲ့ပတ်သက်ပြီး “စစချင်းမွေးကတည်းက Anya က ဉာဏ်ကောင်းတယ်။ ကျွန်မတို့ကိုလည်း ကူညီပေးတယ်။ အဝတ်အခြောက်ခံစက်ထဲက အဝတ်တွေယူလာပေးတာ၊ တီဗီရီမုတ်ယူလာပေးတာ စသဖြင့် အားလုံးလုပ်ပေးတယ်။ တစ်နေ့တော့ ကျွန်မအိမ်ထဲမှာနေတုန်း ပျင်းတာနဲ့ Jenga ဆော့ဖို့လုပ်တာ။ Anya လည်းရှိနေတယ်လေ။ သူကပါ ဝင်ပါလာပြီး ကစားတာ။”

“သူ ကျွန်မဆော့နေတာ မြင်တယ်။ ဒါနဲ့ သူလည်း ဘလော့တုံးတစ်ခုကို ကိုက်ဖယ်ပစ်လိုက်တာပဲ။ ဒါပေမဲ့ ဆောက်ထားတဲ့တာဝါတိုင်တော့ မလဲကျရဘူးပေါ့။ Anya က ဒါကို ပေါ့ပေါ့ပါးပါးလေးပဲလုပ်သွားတာပါ။ သူက ကျွန်မတို့အတွက် တကယ်ပဲ ကောင်းချီးတစ်ခုပါ။ သူ့အကြောင်းတွေကို အားလုံးနဲ့မျှဝေရလို့ ကျေနပ်မိပါတယ်။” လို့လည်း ပြောသွားခဲ့ကြောင်း metro သတင်းအရ သိရပါတယ်။

READ
ချစ်စရာကောင်းတဲ့ ကြောင်မျက်နှာလေးတွေကို အခြားအရာဝတ္ထုတွေထဲ ထည့်ကြည့်တဲ့အခါ…

ShweMom

SHARE