အင်္ဂလိပ်စာကို ဟယ်ရီပေါ်တာစာအုပ်ဖတ်ပြီး လေ့လာခဲ့တယ်ဆိုတဲ့ Anya Taylor-Joy

instagram/anyataylorjoy

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ Anya Taylor-Joy ကို အမေရိကန်နိုင်ငံ မီယာမီမြို့မှာမွေးဖွားခဲ့တာပါ။ သူမဟာ အာဂျင်တီးနားနိုင်ငံမှာ ကြီးပြင်းခဲ့ပြီး နောက်ကျတော့ လန်ဒန်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ Taylor-Joy က သူမငယ်ငယ်တုန်းက အင်္ဂလိပ်စကားပြောတတ်ဖို့ လေ့ကျင့်ခဲ့ရတဲ့အကြောင်း Popcorn with Peter Travers ကို အခုလို ပြောပြပါတယ်။

“ကျွန်မအရမ်းအထီးကျန်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာသင်ခဲ့တယ်။ ကျွန်မအတွက် သူငယ်ချင်းတွေလိုတယ်လေ။ ဒါကြောင့် ကျွန်မ ဟယ်ရီပေါ်တာစာအုပ်တွေဖတ်ပြီး အင်္ဂလိပ်စာလေ့လာခဲ့တယ်။”

 

View this post on Instagram

 

A post shared by Anya Taylor-Joy (@anyataylorjoy)

သူမဟာ ကလေးတွေသရုပ်ဆောင်တာကိုကြည့်ရင်းနဲ့ ကိုယ်တိုင်က သရုပ်ဆောင်ဖြစ်ချင်ခဲ့တာပါလို့ ဆိုပါတယ်။ အခုဆိုရင်တော့ သူမဟာ Jane Austen ရဲ့ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတဲ့ Emma အမည်ရတဲ့ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ Austen ရဲ့ ဇာတ်ညွှန်းအတိုင်း ၁၈၁၅ ခုနှစ်ကာလကို အခြေခံထားတာဖြစ်ပါတယ်။ ဒါပေမဲ့ Taylor-Joy ကတော့ ရုပ်ရှင်ချစ်သူတွေအနေနဲ့ Emma ထဲမှာ ယနေ့ခေတ်နဲ့လိုက်ညီတာတွေလည်း တွေ့နိုင်တဲ့အကြောင်း ဆိုပါတယ်။

READ
လိင်တူ ချစ်သူတွေဘက်ကနေ ရပ်တည်ပြောဆိုလိုက်တဲ့ ဧငြိမ်းဖြူ

“ကျွန်မအထင်တော့ Jane Austen က ပြောင်မြောက်တဲ့သရော်စာရေးသူတစ်ယောက်ပဲ။ ပြီးတော့ သူက ဒီမြို့သေးသေးလေးထဲက အကြောင်းကို ခွဲခြမ်းစိတ်ဖြာပြီး ဖန်တီးထားတယ်။ ကျွန်မအနှစ်သက်ဆုံးကတော့ လူတွေဟာ လူတွေပဲဖြစ်တယ်ဆိုတဲ့အကြောင်းပဲ။ ရှင် ဘယ်ပဲသွားသွား၊ ဘယ်ရာစုနှစ်ပဲရောက်နေနေပါ။ လူတွေက လူတွေပဲ။ ခေတ်တွေသာပြောင်းသွားမယ်။ လူသားတွေရဲ့နှလုံးသားတွေနဲ့ စိတ်ခံစားချက်တွေက အတူတူပါပဲ။ Emma ထဲမှာတော့ တစ်ချိန်လုံး ပြဿနာအရှုပ်အထွေးတွေနဲ့ပြည့်နေတဲ့ လူသားတွေရဲ့သဘာဝကို ပရိသတ်တွေဆီ ဖော်ပြချင်တာပါ။”လို့လည်း Taylor-Joy က ပြောပြခဲ့ပါတယ်။


ShweMom

SHARE