body အမိုက်အစားအတွက် သေချာဂရုစိုက် ထိန်းသိမ်းလေ့ကျင့်လေ့ရှိတဲ့ AOA’s Seolhyun

ig/@sh_9513

AOA အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Seolhyun ဟာ Female Kpop တွေထဲမှာ အမိုက်စား body  ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလို body မျိုးရလာဖို့အတွက်လည်း သူမအနေနဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်ကြိုးစားလုပ်ခဲ့ရပြီးတော့ အစားအသောက်ပုံစံတွေကအစ စည်းစနစ်ကျစွာ စားသောက်ခဲ့ရပါတယ်။

 

 

View this post on Instagram

 

행ㅋ복ㅋ

A post shared by 김설현 (@sh_9513) on

မေလ(၄) ရက်နေ့က Swolhyun ဟာ သူမရဲ့ instagram ပေါ်မှာ “Today” ဆိုတဲ့ caption လေးနဲ့ ပုံလေးတစ်ပုံ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ့ပုံထဲမှာတော့ သူမရဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်တဲ့ ပုံစံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကော်ဖီအေးတစ်ခွက်ရယ်၊ cherry သီးတစ်ချို့နဲ့ ကြက်ဥပြုတ် နှစ်လုံးက သူမအတွက်တော့ ပြီးပြည့်စုံတဲ့ နေ့လည်စာပါပဲနော်။ ဒါက သူမရဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပုံကို တွေ့မြင်နိုင်ပြီးတော့ သူမ body အတွက် ဘယ်လိုဂရုစိုက်လဲဆိုတာကို ဖော်ပြနေပါတယ်။

READ
ကောက်ကြောင်းအလှနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်တဲ့ ဘေဘီမောင်

 

 

View this post on Instagram

 

#빙글뱅글 #막방 모두모두 수고하셨습니다❤️

A post shared by 김설현 (@sh_9513) on

သူမ မကြာသေးခင်က sandwich ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။ ပေါင်မုန့်မီးကင်လေးကို ဆလတ်ရွက် ခရမ်းချည်သီးတွေများများပါတဲ့ sandwich တစ်ချပ်က တစ်ခြားလူတွေအနေနဲ့တော့ ကြိုက်နှစ်သက်မယ်လို့ မထင်မိပါဘူးနော်။ သူမကတော့ ဆိုင်အပြင်ဘက် နေရောင်အောက်လေးမှာ အဲဒီ့ sandwich လေးကို မြိန်ယှက်စွာ စားနေတဲ့ ပုံလေးကို တင်ထားပါတယ်။ Fan တွေကလည်း သူမရဲ့ ပိုစ့်အောက်မှာ သူမကို ချစ်တဲ့အကြောင်းလေးတွေ ရေးသားထားကြပါသေးတယ်။

 

View this post on Instagram

 

A post shared by 김설현 (@sh_9513) on

Seolhyun က သူမရဲ့ body အတွက် ဘယ်လိုမျိုး workout တွေလုပ်လေ့ရှိတယ်ဆိုတာကိုလည်း youtube မှာဝေမျှထားပါသေးတယ်။ ဒီလို ထိန်းသိမ်းမှုတွေကြောင့်ပဲ Seolhyun ဟာ အမျိုးသမီး Kpop တွေထဲမှာ အမိုက်စား body ရှိသူအဖြစ် တစ်ယောက်အပါအဝင် ဖြစ်နေခဲ့တာပါနော်။

READ
နည်းနည်းဆိုးခွင့်ပေးပါလို့ တောင်းဆိုလာတဲ့ အေးမြတ်သူ

Khin

SHARE