ဒီဇိုင်းပုံစံဆန်းနဲ့ Face mask ကို ၀န်ထမ်းတွေအတွက် ထုတ်လုပ်ခဲ့တဲ့ Apple ကုမ္ပဏီ

Youtube-Unboxing the Apple Mask

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် Face mask ဟာ လူတိုင်းအတွက် အရေးပါတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အပြင်ထွက်ပြီဆိုတာနဲ့ Face mask တွေကို မဖြစ်မနေတပ်ဆင်ထားကြရမှာဖြစ်ပြီး လူထူထပ်တဲ့ နေရာတွေကို တက်နိုင်သမျှဝေးအောင် နေနေကြရမှာ ဖြစ်ပါတယ်။ အခုလည်း ကမ္ဘာကျော် ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ကနေပြီးတော့ သူတို့ဝန်ထမ်းတွေအတွက် သီးသန့်တပ်ဆင်နိုင်မယ့် Face mask တွေ ကို ထုတ်လုပ်ခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Unboxing the Apple Mask

အဆိပါ Apple အမှတ်တံဆိပ် Face mask တွေကို သြဂုတ်လ လကုန်ခါနီးလောက်မှာ အပြီးသတ်ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလ အစောပိုင်းလောက်မှာတင် ကမ္ဘာ့အနှံ့မှာရှိတဲ့ Apple ကုမ္ပဏီတွေနဲ့ စက်ရုံတွေကို ပို့ဆောင်ခဲ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဒီ Apple အမှတ်တံဆိပ် Face mask တွေဟာ Apple ကုမ္ပဏီမှာ လုပ်ကိုင်တဲ့သူတွေသာ သီးသန့်ဝတ်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ Face mask တွေကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်တာကတော့ Apple ကုမ္ပဏီရှိ iPhone နဲ့ iPad တွေကို ဒီဇိုင်းဆွဲတဲ့ အဖွဲ့အစည်းကဖြစ်ကြောင်း သိရပါတယ်။

READ
အပျိုစင်ဘဝကို ဒေါ်လာ (၃)သန်းနဲ့ ရောင်းချနိုင်ခဲ့သည့် ကျောင်းသူမလေး

ထုတ်ပိုးမှုပုံစံနဲ့ ဒီဇိုင်းလေးကတော့ တော်တော်လေးကို အထာကျပြီး ဆန်းသစ်တယ်လို့ ခံစားရပါတယ်။ box တစ်ခုဆီတိုင်းမှာ Face mask ၅ ခုပါရှိပြီး three layers ဒီဇိုင်းနဲ့ပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သာမန် Face mask တွေနဲ့ မတူတာကတော့ Apple Face mask ရဲ့ အထက်နဲ့အောက်မှာ အတောင်ပံပုံစံလေးတွေပါရှိပြီး တစ်ကယ့်ကို အလုံပိတ် mask ပုံစံဒီဇိင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Apple Face mask တပ်ထားရင် အရမ်းကြီးတင်းမနေအောင် လိုအပ်သလိုညှိလို့ရတဲ့ clip လေးတစ်ခုကို ခေါင်းအနောက်ဖက်မှာပါ ချိတ်ထားပေးပါသေးတယ်။ အဆိုပါ Apple Face mask တွေဟာ တစ်ခုကို အနည်းဆုံး ၅ ကြိမ်တိုင်တိုင် လျှော်ဖွတ်ပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း သိရပါတယ်။

READ
ဒေါ်လာ300နဲ့iPhoneပါတဲ့အိတ်ပြန်ပေးလို့ ဒေါ်လာ3000ဆုကြေးရရှိခဲ့တဲ့အိမ်ခြေရာမဲ့အမျိုးသား
Youtube-Unboxing the Apple Mask

Pyi Hein Kyaw

SHARE