Surface လက်ပ်တော့ကြော်ငြာထဲမှာ Apple ကို တိုက်ခိုက်လိုက်တဲ့ Microsoft

Microsoft Surface/Youtube

အနောက်နိုင်ငံမှာတော့ brand တွေဟာ ပြိုင်ဘက်အချင်းချင်း နှိုင်းယှဉ်ပြီး ဖော်ပြတဲ့ ကြော်ငြာမျိုးတွေ ရိုက်ကူးလေ့ရှိကြပါတယ်။ လက်ပ်တော့နဲ့ desktop ကွန်ပြူတာ လောကမှာလည်း အပြိုင်အဆိုင် brand တွေ ရှိတဲ့အနက် Microsoft နဲ့ Apple ဆိုလည်း ကွန်ပြူတာတွေမှာ ပုခုံးချင်း ယှဉ်လေ့ရှိကြပါတယ်။ အခုဆိုရင်တော့ Microsoft ကနေ အသစ်ထွက်တဲ့ Surface laptop ကြော်ငြာထဲမှာ Apple ရဲ့ MacBook ကွန်ပြူတာတွေကို ဟာသရှုထောင့်ကနေ သရော်ထားပါတယ်။

Microsoft Surface/Youtube

Microsoft က ဒီကြော်ငြာကို ရိုက်ဖို့ Mac Book ဆိုတဲ့ လူကို ငှားခဲ့ပါတယ်။ Mackenzie Book ဖြစ်ပြီး အတိုခေါ်ရင် တကယ် Mac Book လို့ ဖြစ်သွားတဲ့ အမျိုးသားပါ။ ကြော်ငြာထဲမှာတော့ နောက်ခံစကားပြောလူက ထို Mac Book ကို Microsoft နဲ့ Apple ရဲ့ ကွန်ပြူတာတွေကို နှိုင်းယှဉ်ပြီး မေးနေခဲ့ပါတယ်။ ဘယ်လက်ပ်တော့က ပိုမြန်လဲ၊ ဘယ်လက်ပ်တော့က ပိုခံလဲ၊ ဘယ်လက်ပ်တော့က touchscreen ပိုကောင်းလဲ စသဖြင့်ပါ။ အဖြေတွေကတော့ မျှော်လင့်ထားတဲ့အတိုင်း Mac Book ကနေ Surface ပိုကောင်းတယ်ပဲ ဖြေခဲ့ပါတယ်။ MacBook တွေမှာက Surface လို touchscreen မရှိကြပါဘူး။

READ
အားသွင်းထားတဲ့ လက်ပ်တော့ ရုတ်တရက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့
Microsoft Surface/Youtube

ကြော်ငြာအဆုံးမှာတော့ “စိတ်ချပါ ကျွန်တော် Mac Book ပြောတာပါ။ Surface ကိုပဲ ဝယ်သင့်ပါတယ်” ဆိုပြီး အဆုံးသတ်သွားပါတယ်။ သူတို့ရဲ့ ကြော်ငြာတွေကတော့ တကယ်ကို ပွင့်လင်းမြင်သာလွန်းပြီး ထူးဆန်းတာကို တွေ့မြင်ရမှာပါ။ အောက်မှာ ဗီဒီယိုပါ ထည့်ပေးထားတယ်နော်။

Ref: Insider

SHARE