Apple ကနေ အသစ်ထွက်ရှိလာတော့မယ့် iPad အမျိုးအစားသစ် ၂ မျိုး

မတ်လ ၁၈ ရက်နေ့မှာတော့ Apple ကနေ အသစ်ထွက်ရှိလာတော့မယ့် iPad Air နဲ့ iPad mini ၂ မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

iPad Air ရဲ့ မျက်နှာပြင်အကျယ်က ၁၀.၅ လက်မရှိပြီး iPad mini ရဲ့ မျက်နှာပြင်ကတော့ ၇.၉ လက်မရှိပါတယ်။ ၂ မျိုးလုံးကို Apple Pencil တွေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပြီး ယခင်က iPad မော်ဒယ်ဟောင်းတွေထက် ၃ ဆ မြန်တဲ့ processor နဲ့ ထုတ်လုပ်ထားပါတယ်။

The Verge

iPad mini ကတော့ entertainment အတွက် သုံးဖို့ ပိုသင့်တော်ပြီး ကျောင်းသားတွေ၊ ဆယ်ကျော်သက်တွေ အသုံးပြုဖို့ ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်ပါတယ်။ ပေါ့ပါးတဲ့ ကိုယ်ထည်နဲ့ iPad Air ကတော့ iPad Pro ကို အစားထိုးသုံးချင်သူတွေအတွက် ဖြစ်ပါတယ်။

READ
ပိုမိုကြီးမားတဲ့မျက်နှာပြင်အရွယ်အစားနဲ့ စက်တင်ဘာလမှာ ထွက်ရှိတော့မယ့် iPhone XL
The Verge

ယခင်က iPad Pro တစ်မျိုးတည်းမှာ အသုံးပြုနိုင်ခဲ့တဲ့ Smart Keyboard နဲ့ Apple Pencil တွေကို ယခုမော်ဒယ်အသစ်တွေမှာ သုံးလို့ရအောင် လုပ်ပေးထားတာက ဒီ device ၂ ခုရဲ့ အားသာချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့ iPad Air ကို $499 စရောင်းမှာ ဖြစ်ပြီး iPad mini ကို $399 ကနေ စရောင်းမှာ ဖြစ်ပါတယ်။

The Verge

Ref: CNN , The Verge

SHARE