ကိုယ့်ကုမ္ပဏီပစ္စည်းအစား Apple ပစ္စည်းတွေကို အသုံးပြုနေဟန်တူတဲ့ Huawei CEO

နာမည်ကြီးစီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး Huawei ဖုန်းကုမ္ပဏီ တည်ထောင်သူ Ren Zhengfei ရဲ့သမီး Meng Wanzhou ဟာ တရုတ်ရဲ့ထိပ်တန်းနာမည်ကြီး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ရဲ့ tech executive နဲ့ အဓိကဘဏ္ဍာရေးမှူ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။

Huawei/Website

ဒီလိုထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကို အမေရိကန်ဘက်မှ သူတို့ရဲ့ လျှို့ဝှက်နည်းပညာသတင်းအချက်အလက်တွေကို အီရန်နိုင်ငံသို့ တရားမဝင် ခိုးရောင်းခဲ့တယ်ဆိုတယ်ဆိုတဲ့အချက်နဲ့ ၂၀၁၈ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက  ကနေဒါနိုင်ငံမှာ အဖမ်းခံခဲ့ရပါတယ်။ ကြားနာမှုတွေပြုလုပ်လို့ မပြီးသေးဘဲ မတ်လ ၂၂ ရက်နေ့မှာရဲ့ ရုံးချိန်းတစ်ခုမှာ Meng Wanzhou အဖမ်းခံရစဉ် သူမနဲ့အတူရှိနေတဲ့ပစ္စည်းတွေကို တရားရုံးမှာ တင်သွင်းပြသခဲ့ပါတယ်။

Apple

ပစ္စည်းတွေအထဲ ဖုန်း ၂ လုံးနဲ့ laptop တစ်ခု၊ tablet တစ်လုံး ပါပေမယ့် အဲ့ဒီပစ္စည်း(၄)ခုထဲက (၃)ခုဟာ သူမပိုင် ကုမ္ပဏီမှထုတ်တဲ့ ပစ္စည်းတွေမဟုတ်ဘဲ Apple ကထုတ်တဲ့ product တွေဖြစ်နေပါတယ်။ iPhone 7 Plus နဲ့ MacBook Air အပြင် iPad Pro ပါ ပါနေခဲ့တာပါ။ Huawei product အနေနဲ့ကတော့ Mate 20 Rs တစ်လုံးကို ရှာတွေ့ခဲ့ပါတယ်။ ဒီအပြင် ScanDisk က flash drive တစ်လုံးနဲ့ SIM Card ပေါင်းများစွာကိုလည်း သူမအိတ်ထဲက ရှာတွေ့ခဲ့ပါသေးတယ်။

READ
မကျန်းမာတဲ့ ခင်ပွန်းသည်က၊ နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့ ဇနီးသည်အကြောင်း ဖော်ထုတ်ခဲ့
Apple
Apple

Huawei ဟာ အခုအချိန်မှာတော့ 5G ကွန်ယက်အသုံးပြုနိုင်ပြီဖြစ်တဲ့ စက်ပစ္စည်းတွေ တီထွင်ထုတ်လုပ်စမ်းသပ်အသုံးပြုနေပြီဖြစ်ပေမယ့် သူတို့ထုတ်ကုန်တွေကို အသုံးပြုမှန်သမျှရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖမ်းယူစောင့်ကြည့်ဖို့အတွက် ဘေကျင်းမှာစင်တာတစ်ခုထောင်ထားတယ်ဆိုပြီး အမေရိကန်တွေကယုံကြည်နေကြပါတယ်။ အထူးသဖြင့်နိုင်ငံ့အရေးနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ အသုံးပြုမိပါက အတွင်းရေးသတင်းအချက်အလက်တွေ အပေါက်ကြားသွားမှာစိုးတဲ့အတွက် အဲဒီကစက်ပစ္စည်းတွေကို အသုံးမပြုဖို့ အရေးကြီးပုဂ္ဂိုလ်တွေကို သတိပေးခဲ့ကြပါတယ်။ ဒီသတင်းထွက်ပြီးနောက်ပိုင်း နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ အမေရိကန်ပြည်သူတွေကပါ Huawei ထုတ်ကုန်တွေကို အသုံးမပြုကြတော့ဘဲ ရှုံ့ချနေကြပါတယ်။ နောက်ပိုင်း အမေရိကန်မှ Europe ဘက်ကိုလည်း အသုံးမပြုကြဖို့ အကြံပေးခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။

Huawei ဘက်ကတော့ အမေရိကန်နို်င်ငံအတွင်း ကုမ္ပဏီနဲ့မသက်ဆိုင်ဘဲ နိုင်ငံအရေးအနွယ် သူလျှိုလွှတ်တာတွေ၊ စက်ပစ္စည်းတွေကနေတစ်ဆင့် အချက်အလက်ခိုးယူတာ၊ တစ်ဖက်နိုင်ငံကို ရောင်းချတာတွေရဲ့ စွတ်စွဲချက်အပေါ် အခိုင်အမာငြင်းဆိုခဲ့ပါတယ်။ မကြာသေးခင်နှစ်ကမှ Apple ကုမ္ပဏီရဲ့ အတွင်းအရေးအချက်အလက်တွေကို ဝယ်ယူမိတဲ့အတွက် အမှုရင်ဆိုင်ခဲ့ရပြီး ကုမ္ပဏီဘက်မှာလည်း Apple ရဲ့ product တွေအသုံးမပြုဖို့ ဝန်ထမ်းတွေကို တင်းကြပ်ပြင်းထန်စွာ သတိပေးစည်းကမ်းချက်ထုတ်ထားသေးတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

READ
အတတ်ဆန်းမိလို့ အသက်အန္တရာယ်နဲ့ သီသီလေးလွဲခဲ့ရတဲ့ ဆယ်ကျော်သက်
Huawei/Facebook

Product ၂ ခုယှဉ်ရင် Apple က အရည်အသွေးပိုနိမ့်တယ်ဆိုပြီး Meng က အစောပိုင်း တရားရင်ဆိုင်နေတုန်း ပြောခဲ့ပေမယ့် တည်ထောင်သူရဲ့ သမီးတစ်ယောက်အနေနဲ့ ပြိုင်ဘက်ကုမ္ပဏီက ပစ္စည်းတွေကို ဘာကြောင့် အခုလို လုပ်ငန်းသုံးအနေနဲ့ ကိုင်တွယ်ထားသလဲဆိုတာ လူတွေကစိတ်ဝင်စားနေကြပါတယ်။ အသုံးပြုဖို့မဟုတ်ဘဲ လေ့လာဖို့သက်သက်ကြောင့်လား၊ ဒါမှမဟုတ် သူမကုမ္ပဏီရဲ့ product တွေက တကယ်ပဲ ထောက်လှမ်းရေးစနစ်ပါနေတဲ့အတွက် သူမဘာတွေလုပ်နေလဲဆိုတာ ဝန်ထမ်းတွေပြန်မသိဖို့အတွက် ပိုလုံခြုံတဲ့ ပြိုင်ဘက်ကုမ္ပဏီကစက်ပစ္စည်းတွေကို အသုံးပြုတာလားဆိုတာ Meng Wanzhou ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ အခုအချိန်မှာတော့ တရားရုံးဘက်က ဒီစက်ပစ္စည်းတွေထဲက အချက်အလက်တွေကို သိရဖို့အတွက် လုပ်ဆောင်နေပါတယ်။

Source: Mashable, Lad Bible

Penny

SHARE