Customer တွေပေးထားတဲ့ Rating နဲ့ Review အားလုံးကို Apple Store မှ Apple ဖြုတ်ချ

www.apple.com

နိုဝင်လာ ၁၇ ရက်မှာ Apple ကုမ္ပဏီဟာ Website မှာ တင်ထားတဲ့ သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေအောက်မှာ ရှိတဲ့ အသုံးပြုသူတွေ ပေးထားတဲ့ မှတ်ချက်တွေနဲ့ Review နေရာတွေကို ဖြုတ်ချခဲ့ကြောင်း appleinsider.com က ဖော်ပြခဲ့ပါတယ်။ ဘာကြောင့် ဒီလို Rating နဲ့ Reviewတွေကို ဖြုတ်ချခဲ့တယ်ဆိုတာ သေသေချာချာ မပြောကြားပါဘူး။ ဒါပေမယ့် ဒီလို လုပ်ရပ်ကြောင့်Apple ကုမ္ပဏီအပေါ်ကို တော်တော်လေး အံ့သြမိတယ်လို့ Apple ရဲ့ အခိုင်အမာပရိတ်သတ်တွေက ဆိုလာပါတယ်။ ဒီသတင်းကို အခြားနာမည်ကြီး နည်းပညာဆိုက်ဒ်တစ်ခုဖြစ်တဲ့ TheVerge ကလည်း အတည်ပြုပေးခဲ့ပါတယ်။

Website မှာ Apple ထုတ်ကုန်တွေရဲ့ အောက်မှာ အသုံးပြုသူတွေရဲ့ Rating တွေ၊ Review တွေကို ကြည့်ပြီး ဈေးဝယ်တဲ့လူတွေလည်း ရှိတာကြောင့် Apple ကုမ္ပဏီဘက်က မမှားသင့်တဲ့ အမှားတစ်ခုကို ကျုးလွန်လိုက်သလိုပါပဲ။ ဒီ Rating နဲ့ Review မှာ Appleရဲ့ ထုတ်ကုန်ွေကို အမှန်တကယ် အသုံးပြုနေတဲ့လူတွေရဲ့ အသံဖြစ်တာကြောင့် ပွင့်လင်းမြင်သာမှုရှိပြီး သမာသမတ်လည်းကျတာပါ။ယခုနောက်ထွက် Apple ရဲ့ Product တွေရဲ့ အောက်မှာ အဆိုးဘက်က ရေးသားထားတဲ့ Review တွေဟာ များပြားလာခဲ့ပါတယ်။ 

www.apple.com

ဒီလို  Rating နဲ့ Review စာမျက်နှာကို ဖြုတ်ချခဲ့တဲ့အထဲမှာ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ သြစတေးလျနိုင်ငံတို့ပါဝင်ပါတယ်။ အဲဒီ သုံး နိုင်ငံဟာ Apple ထုတ်ကုန်ပစ္စည်းတွေကို အဓိကထား ဝယ်ယူကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။

နိုဝင်လာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှာ ရိုက်ထားတဲ့ Screenshot တွေကို ကြည့်မယ်ဆိုရင် နိုဝင်လာ ၁၇ ရက်နေ့မှာ Rating နဲ့ Reviews နေရာ ပျောက်ဆုံးသွားတာကို မြင်တွေ့ရမှာပါ။

www.apple.com

နိုဝင်လာ ၁၆ ရက်နေ့မှာ YouTube ဗီဒီယိုဖိုင်တစ်ခုတက်လာခဲ့ပါတယ်။ Apple Fanboysလေးတွေရေ၊ မင်းတို့ ဘုရားအခု ဘယ်မှာလဲ လို့ ခေါင်းစဉ်တပ်ထားတဲ့ အဆိုပါ ဗီဒီယိုဖိုင်မှာ အသစ်ထွက် MacBook ရဲ့ Negative Reviewတွေကို ဖတ်ပြခဲ့ပါတာပါ။ အဆိုပါ ဗီဒီယိုဖိုင်တက်လာပြီးနောက်တစ်နေ့မှာ Rating နဲ့ Review တွေကို Apple  ဖြုတ်ချခဲ့တာပါ။

 

READ
(၂၀၂၀)ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖွယ် ရှိနေတဲ့ စွမ်းရည်မြင့် 5G network အကြောင်း

YYK

SHARE