၂၀၁၆ ခုနှစ်နောက်ပိုင်း Apple က ထုတ်တဲ့ ဖုန်းမော်ဒယ်တစ်ချို့မှာ ပြဿနာလေးတွေရှိနေခဲ့ပါတယ်။ အဲဒါကတော့ ဘတ်ထရီပြဿနာတွေပါ။ ဘက်ထရီကြောင့် တစ်ချို့သော ဖုန်းမော်ဒယ်တွေမှာ ဖုန်းတွေ ပိတ်သွားတာမျိုး ဒါမှမဟုတ် စက်လေးသွားတာမျိုးတွေ ဖြစ်လာခဲ့တယ်ဆိုပြီး user complain တွေဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် အရင်တုန်းက မော်ဒယ်အဟောင်းတွေမှာပေါ့။

ပြဿနာကတော့ အမြဲတမ်း ios system update ထွက်နေတဲ့ Apple အနေနဲ့ မော်ဒယ်အဟောင်းဖုန်းတွေကို အတင်း system update တင်ခိုင်းမယ်၊ တင်လိုက်တဲ့အခါ ios system နဲ့ မော်ဒယ်အဟောင်းတွေဟာ ကိုက်ညီမှုမရှိတာမျိုးတွေဖြစ်ပြီးတော့ ဖုန်းသုံးလို့မရတာမျိုးတွေ ဖြစ်လာခဲ့တာပါ။ ဒါဟာ လူတွေကို တစ်နှစ်တစ်ခါထွက်နေကျဖြစ်တဲ့ ဖုန်းမော်ဒယ်အသစ်တွေကို ဝယ်စေဖို့အတွက် တစ်ဖက်လှည့်နဲ့ တိုက်တွန်းနေခဲ့တာဖြစ်တယ်ဆိုပြီးတော့ သတင်းတွေထွက်လာနေခဲ့ပါတယ်။
ဖုန်းရဲ့ ဘက်ထရီသက်တမ်းဟာ ခဏလေးနဲ့ ကုန်သွားသလို တစ်ခါတစ်ရံမှာ အလိုလိုနေရင်း ဖုန်းဟာ ပိတ်သွားလေ့ရှိပါတယ်။ Apple ဘက်က ဒီပြဿနာတွေနဲ့ ပတ်သတ်လို့ သုံးစွဲသူတွေ စိတ်ကျေနပ်အောင် ဖြေရှင်းမှု တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိခဲ့ပဲ (၂၀၁၆) ဒီဇင်ဘာလမှာတော့ မော်ဒယ်လ်အဟောင်းဖုန်းတွေကို ဘက်ထရီပြဿနာ ဖြေရှင်းဖို့ update တင်ခိုင်းခဲ့ပါတယ်။
CNN ရဲ့ဖော်ပြချက်အရ ဒီပြဿနာကို အမေရိကန်နိုင်ငံမှာရှိတဲ့ ကယ်လီဖိုးနီယားပြည်နယ်နဲ့ အရီဇိုးနာပြည်နယ်တွေမှာ အဖွဲ့အစည်းတစ်ချို့က စုံစမ်းစစ်ဆေးနေခဲ့ပြီး အခုအချိန်မှာတော့ ဒါတွေအကုန်လုံးဟာ Apple ဖက်က ဖုန်းမော်ဒယ်အသစ်တွေ ရောင်းရဖို့ လုပ်နေခဲ့တာဆိုတာကို အတည်ပြုလာခဲ့ပါတယ်။ ဒီအတွက် Apple ဟာ လျော်ကြေးပေးရတော့မှာဖြစ်ပါတယ်တဲ့။

(၂၀၁၇)ခုနှစ် ဒီဇင်ဘာလမှာတော့ Apple ကုမ္ပဏီဘက်က ဖုန်းအဟောင်းတွေကို သုံးစွဲရ အဆင်မပြေဖြစ်အောင်၊ ဘက်ထရီသက်တမ်း ကြာရှည်မခံအောင် update တင်ခိုင်းခဲ့တယ်ဆိုတာ ၀န်ခံခဲ့ပြီး တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ေ လျာ်ကြေး ပေးဆောင်ရမယ့် ပမာဏအတွက် နှစ်နဲ့ချီပြီးကြာအောင် အကြေအလည် ညှိုနှိုင်းခဲ့ရပြီး အဆုံးသတ်မှာတော့ သဘောတူညီမှု ရခဲ့ပါတယ်။ သဘောတူညီချက်အရ Apple ကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ်ပေါင်း(၃၄)ခုက iPhone user တွေအတွက် လျောကြေးအဖြစ် ပြည်နယ်တစ်ခုချင်းစီကို အမေရိကန်ဒေါ်လာ(၁၁၃)သန်းစီ ပေးချေသွားမှာ ဖြစ်ပါတယ်။
penny