(၁၂-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

The Week UK

ဝက်စ်ဘရွန်း – ဝက်စ်ဘရွန်းအသင်းဟာ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူ Nick Hammond ကို ရုတ်ချည်း အလုပ်ကနေ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိတော့ ကာယကံရှင်ကိုယ်တိုင်နဲ့ ဝက်စ်ဘရွန်းအသင်းက မည်သည့် ထုတ်ပြန်မှုမျှ မပြုလုပ်သေးပါဘူး။

Sky

ရီးယဲလ်ရဲ့နိုင်ပွဲ – ရီးယဲလ်အသင်းရဲ့ နိုင်ပွဲကို သတင်းစာတော်တော်များများက “ဓားပြတိုက်ပြီး လုယူသွားတဲ့ နိုင်ပွဲ”ဆိုပြီး ဖော်ပြနေကြကြောင်း သိရပါတယ်။ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပွဲစဉ်မှာ ဂျူဗင်အသင်းကို (၃-၁)နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် (၄-၃)နဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေဟာ အငြင်းပွားစရာဖြစ်ခဲ့သလို၊ ရီးယဲလ်ရဲ့ ကစားပုံကလည်း အများဝေဖန်စရာ ဖြစ်ခဲ့တယ်လို့ သတင်းစာတွေက ထောက်ပြခဲ့ပါတယ်။

အယ်လီဂရီ – ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက ရီးယဲလ်မက်ဒရစ်ကို မကျော်ဖြတ်နိုင်ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရခြင်းဟာ သူ့ဘဝမှာ အခါးသီးဆုံးအရှုံးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂျူဗင်အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့အထိ အခွင့်ရေးရခဲ့ပေမယ့် ပွဲပြီးဖို့နာကျင်အချိန်ပိုမှာ ပင်နယ်တီခွင့်ပြုခဲ့ပြီး၊ ရလဒ်က ပြောင်းလဲသွားခဲ့တာပါ။

READ
PFA အကောင်းဆုံးဆုရခဲ့တဲ့ မိုဆာလက်ကို ဆော်ဒီမြို့တော် မက္ကာတွင် မြေတစ်ကွက်ချီးမြင့်ဖို့ရှိ
Daily Star

ချိန်ဘာလိန် – လီဗာပူးအသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ချိန်ဘာလိန်က မိမိတို့အသင်းဟာ လက်ရှိကျန်ရှိနေတဲ့ ပြိုင်ဘက် မည်သည့်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိကြောင့် ဘယ်အသင်းကိုမှလည်း ရှိန်နေလိမ့်မှာမဟုတ်ကြောင်း ထုတ်ဖော် ဝင့်ကြွားခဲ့ပါတယ်။

ဒိုလေး – ရီးယဲလ်နဲ့ ဂျူဗပ်အသင်းကို ကိုင်တွယ်တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာရဲ့ နောက်ကျ ပင်နယ်တီဆုံးဖြတ်မှုဟာ မှန်ကန်မျှတမှုအပြည့်အဝရှိကြောင်း ရီးယဲတိုက်စစ်မှူး ဒိုလေးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက အဆိုပါ ပြစ်ဒဏ်ဟာ ရှင်းရှင်းလင်းလင်း ပင်နယ်တီသတ်မှတ်ပေးရမယ့် ပြစ်ဒဏ်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Irish Mirror

အာဆင်နယ် – မနက်ဖြန် မနက်ပိုင်း (၁.၃၅)နာရီမှာ ကစားမယ့် CSKA အသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်ကို အာရုံစိုက်မှုအပြည့်အဝထားကြောင်း အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဖလားမျှော်လင့်ချက်ဟာ ယူရိုပါလိဂ်ဖလားတစ်ခုသာလျှင်ဖြစ်လို့ မိမိတို့ အစွမ်းကုန် ကြိုးစားမှာဖြစ်ကြောင်း ဆိုပါတယ်။

READ
အူဘာမီယန်းကို ပေါင်သန်း(၈၀)ဖြင့် အာဆင်နယ်ရဲ့ကမ်းလှမ်းခဲ့မှုကို ဒေါ့မွန်အသင်းငြင်းပယ်ခဲ့

မနက်ဖြန်မနက်ပိုင်း ကစားမည့် ယူရိုပါလိဂ်ပွဲစဉ်များ-

နတ်စည်တော် (Shwemom)

Ref : skysports.com
Ref : thesun.co.uk

SHARE